မိုင်းဖြတ်မြို့နယ် ငါးဟေကျေးရွာ မီးဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် အသုံးအဆောင် ပစ္စည်းများ စုပေါင်းပေးအပ် လှူဒါန်း

မိုင်းဖြတ်မြို့နယ် ငါးဟေကျေးရွာ မီးဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် အသုံးအဆောင် ပစ္စည်းများ စုပေါင်းပေးအပ် လှူဒါန်း
ဧပြီ 11, 2014
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ နမ့်ပန်ကျေးရွာအုပ်စု၊ ငါးဟေကျေးရွာတွင် ဧပြီလ(၉)ရက်က
လူနေအိမ်ခြေများ မီးလောင်ကျွမ်းခဲ့မှုကြောင့်မီးဘေးသင့်ကျေးရွာနေပြည်သူများအား ထောက်ပံ့ငွေ၊ အသုံးအဆောင်ပစ္စည်းများနှင့်  စားသောက်ဖွယ်ရာများ  ပေးအပ်ပွဲကို ဧပြီ (၁၀)ရက်၊ မွန်းလွဲ (၂)နာရီက  အဆိုပါကျေးရွာရှိ အ.မ.က ကျောင်းဝင်း၌ ကျင်းပရာ  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ဗိုလ်ချုပ်သန်းထွန်းဦး တက်ရောက်၍ မီးဘေးသင့် ပြည်သူများကို  အားပေးစကားပြောကြားသည်။

ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဇော်က မီးလောင်ကျွမ်းခံရခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးထားမှု အခြေအနေများကိုလည်းကောင်း၊                   ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ဒေသနှင့်သင့်လျော်သည့် မျိုးစပါးများ ထောက်ပံ့ပေးမည့် အစီအစဉ်များ၊ အခြားလိုအပ်ချက်များကို လည်းကောင်း  အသီးသီး  အားပေးစကားပြောကြားသည်။

ထို့နောက်  မီးဘေးသင့်ပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် ထောက်ပံ့ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့်  ငွေကျပ်  (၃၄) သိန်းကို ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား          ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက လည်းကောင်း၊ စားသောက်ဖွယ်ရာများကို       ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက လည်းကောင်း၊ ကျိုင်းတုံမြို့ ၀စီပိတ်ဆရာတော်နှင့်  တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး တို့က  ထောက်ပံ့ငွေကျပ် (၇)သိန်းကို တိုင်းမှူးက လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် နှင့် မိုင်းဖြတ်တပ်နယ်တို့မှ ငွေကျပ်( ၃၀၁၈၄၀၀)တန်ဖိုးရှိ  အ၀တ်အထည် ၊ စားသောက်ဖွယ်ရာပစ္စည်းနှင့် ဆိုလာ မီး တစ်စုံတို့ကို လည်းကောင်း၊ တာချီလိတ်ခရိုင်
ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ငွေကျပ်( ၆၉၀၀၀၀၀) ကိုလည်းကောင်း၊ နမ့်ယွန်းပြည်သူ့စစ် ခေါင်းဆောင် ဦးကျစိုးဘိုမှ ထောက်ပံ့ငွေကျပ် ( ၆၀၃၀၀၀၀) နှင့် ဆန် (၇၇)အိတ်ကိုလည်းကောင်း အသီးသီး လှူဒါန်းကြသည်။

 တဆက်တည်းမှာပင် မိုင်းဖြတ်ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ငွေကျပ် ( ၈)သိန်းတန်ဖိုးရှိ  အသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကျိုင်းတုံမြို့  ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ငွေကျပ်(၁၀၂၁၆၇၀)တန်ဖိုးရှိပစ္စည်း(၉)မျိုးပါ  (၆၅)ဖာကို လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ ပြည်နယ်လွှတ်တော်ကိုယ်
စားလှယ်များဖြစ်သည့်  ဦးစိုင်းညွှန့်ဝင်းနှင့် ဦးမောရှည်၊  ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ်  (၇၅၀၀၀၀)တန်ဖိုးရှိ အသုံးအဆောင်နှင့် စားသောက်ဖွယ်ရာပစ္စည်း(၈)မျိုးကိုလည်းကောင်း၊ မိုင်းဖြတ် လားဟူအသင်းတော်မှ ငွေကျပ်(၇)သိန်း၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(မိုင်းဖြတ်)မှ  ငွေကျပ် (၂၅၀၀၀၀)တန်ဖိုးရှိ  အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊              စေတနာရှင်ပြည်သူများမှ  ငွေကျပ် (၆၃၅၁၅၀၀) တန်ဖိုးရှိ ပစ္စည်းနှင့် စားသောက်ဖွယ်ရာများ လည်းကောင်း၊  မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်)မှ  ကျား/မ ရွယ်စုံအ၀တ်အထည်
(၈၆၀)စုံကိုလည်းကောင်း အလှူရှင်းများက အသီးသီး ထောက်ပံ့ပေးအပ်ရာ ပြည်သူတစ်ဦးက  ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


အဆိုပါ ထောက်ပံ့လှူဒါန်းမှုသည် ဧပြီ  ၁၀ ရက်နေ့အထိ  ထောက်ပံ့ပေးနိုင်မှု စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်(၂၆,၇၇၃,၅၇၀) ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ/သတင်း။     ။ ဝေယံလင်း(iprd) 
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~