စစ်ဗျူဟာအဖွဲ့အခြေချ (တာချီလိတ်)၏ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကြိုးတံတားကျေးရွာ၌ တိုင်းရင်းသား (၁၄၀)ဦးအား အခမဲ့ ဆေးကုသပေး

စစ်ဗျူဟာအဖွဲ့အခြေချ (တာချီလိတ်)၏ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကြိုးတံတားကျေးရွာ၌ တိုင်းရင်းသား (၁၄၀)ဦးအား အခမဲ့ ဆေးကုသပေး
ဖေဖော်ဝါရီ 25, 2015
By Tachileik News Agency

ထိုင်း - မြန်မာနယ်စပ်ဒေသ ဖြစ်သည့် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်ရှိ လွယ်တော်ခမ်း ကျေးရွာအုပ်စုတွင် စစ်ဗျူဟာအဖွဲ့အခြေချ (တာချီလိတ်)၏ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့တို့မှ တိုင်းရင်းသားများအား ဆေးဝါးအခမဲ့ ကုသပေးခြင်းနှင့် ဆေးဝါးအခမဲ့ထောက်ပံ့ပေးခြင်းအဖြစ် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ဗျူဟာအဖွဲ့အခြေချ (တာချီလိတ်)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့တို့မှ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကြိုးတံတားကျေးရွာ နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားများကို ဆေးဝါးအခမဲ့ ကုသပေးခြင်းနှင့် ဆေးဝါးအခမဲ့ ထောက်ပံ့ပေးခြင်းအဖြစ် ဆောင်ရွက်ရာမှာ အမျိုးသား(၃၀)ဦး နှင့် အမျိုးသမီး(၇၀) အပါအ၀င် ကလေးသူငယ်(၄၀)ဦး စုစုပေါင်း (၁၄၀)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း စစ်ဗျူဟာအဖွဲ့အခြေချ (တာချီလိတ်)မှ သိရသည်။

လာမည့် အပတ်တွင်လည်း ယခုကဲ့သို့ ကျန်းမာရေး အခမဲ့ စောင့်ရှောက်မှုအဖြစ် အခြားကျေးရွာများသို့ သွားရောက်၍ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့တို့မှ သွားရောက်၍ ဆောင်ရွက်မှာဖြစ်ပြီး ယခုလို ဆောင်ရွက်မှုမျိုးသည့် ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ တွင် အပါအ၀င်ဖြစ်ပြီး အပတ်စဉ် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~