လဲခ်ားၿမိဳ႕ ၿမိဳ႕မေစ်းတြင္ မီးၿငိမ္းသတ္မထားသည့္ ေၾကးမီးပူမွ မီးစတင္ေလာင္ကၽြမ္း

လဲခ်ားၿမိဳ႕ ၿမိဳ႕မေစ်းတြင္ မီးၿငိမ္းသတ္မထားသည့္ ေၾကးမီးပူမွ မီးစတင္ေလာင္ကၽြမ္း
မတ် 8, 2016
By Tachileik News Agency

လဲခ်ား၊ မတ္လ (၆) ရက္ ။   ။ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လဲခ်ားၿမိဳ႕၊ ၿမိဳ႕မေစ်းတြင္းရွိ အပ္ခ်ဳပ္ဆိုင္ခန္း တစ္ခန္းတြင္ ေၾကးမီးပူအား အသံုးျပဳၿပီး မီးၿငိမ္းသတ္ျခင္းမျပဳခဲ့သည့္အတြက္ မတ္လ(၆)ရက္ေန႔ နံနက္ပိုင္းက မီးေလာင္ကၽြမ္းမႈျဖစ္ပြားေၾကာင္း လဲခ်ားၿမိဳ႕မရဲစခန္းမွ သိရသည္။

အပ္ခ်ဳပ္ဆိုင္ပိုင္ရွင္က မီးေသြးျဖင့္ အသံုးျပဳသည့္ ေၾကးမီးပူအား မီးၿငိမ္းသတ္ျခင္းမျပဳဘဲ ဆိုင္ပိတ္၍ ေနအိမ္ျပန္သြားရာ မီးပူတင္ထားသည့္စားပြဲခံုအား စတင္ေလာင္ကၽြမ္းခဲ့ၿပီးေနာက္ နံေဘးရွိ အပ္ခ်ဳပ္စက္အား ဆက္လက္ေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ေၾကာင္း ရဲစခန္း၏ စစ္ေဆးခ်က္မွတ္တမ္းမ်ားအရသိရသည္။

မီးေလာင္ကၽြမ္းမႈအား ၿငိမ္းသတ္ရန္ မီးသတ္ယာဥ္(၂)စီးအသံုးျပဳခဲ့ၿပီး မီးသတ္တပ္ဖြဲ႕၀င္မ်ားႏွင့္ ေစ်းသူေစ်းသားမ်ား ပူးေပါင္း၍ ၿငိမ္းသတ္ႏိုင္ခဲ့ကာ မီးေလာင္ကၽြမ္းမႈေၾကာင့္ ဆံုးရွံဳးမႈတန္ဖိုး က်ပ္(၅၀,၀၀၀)ခန္႔ရွိေၾကာင္း သိရသည္။

မီးေလာင္ကၽြမ္းမႈႏွင့္ ပတ္သက္၍ အပ္ခ်ဳပ္ဆိုင္ပိုင္ရွင္ မနန္းခင္ဦးအား လဲခ်ားၿမိဳ႕မရဲစခန္းတြင္ (ပ)၆/၂၀၁၆၊ ျပစ္မႈပုဒ္မ ၂၈၅ ျဖင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

သတင္း။  ။ ဟံႏိုင္
...............................

( unicode )

လဲချား၊ မတ်လ (၆) ရက်။ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့၊ မြို့မဈေးတွင်းရှိ အပ်ချုပ်ဆိုင်ခန်း တစ်ခန်းတွင် ကြေးမီးပူအား အသုံးပြုပြီး မီးငြိမ်းသတ်ခြင်းမပြုခဲ့သည့်အတွက် မတ်လ(၆)ရက်နေ့ နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း လဲချားမြို့မရဲစခန်းမှ သိရသည်။

အပ်ချုပ်ဆိုင်ပိုင်ရှင်က မီးသွေးဖြင့် အသုံးပြုသည့် ကြေးမီးပူအား မီးငြိမ်းသတ်ခြင်းမပြုဘဲ ဆိုင်ပိတ်၍ နေအိမ်ပြန်သွားရာ မီးပူတင်ထားသည့်စားပွဲခုံအား စတင်လောင်ကျွမ်းခဲ့ပြီးနောက် နံဘေးရှိ အပ်ချုပ်စက်အား ဆက်လက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း၏ စစ်ဆေးချက်မှတ်တမ်းများအရသိရသည်။

မီးလောင်ကျွမ်းမှုအား ငြိမ်းသတ်ရန် မီးသတ်ယာဉ်(၂)စီးအသုံးပြုခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများ ပူးပေါင်း၍ ငြိမ်းသတ်နိုင်ခဲ့ကာ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်(၅၀,ဝဝဝ)ခန့်ရှိကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အပ်ချုပ်ဆိုင်ပိုင်ရှင် မနန်းခင်ဦးအား လဲချားမြို့မရဲစခန်းတွင် (ပ)၆/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။

သတင်း။ ဟံနိုင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~