ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော်
မတ် 15, 2016
By Tachileik News Agency
( unicode )
၂၀၁၆ ခုနှစ် မတ်လ (၁၅)ရက် ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတရွေးချယ်ပွဲတွင် ပြည်ထောင်စုလွှတ်တော် တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် (၆၅၇)ဦး ရှိရာ၊ ခွင့် (၅)ဦး ယူထားပြီး၊ တက်ရောက်သူ (၆၅၂) ဦးတို့မှ သမ္မတလောင်း(၃)ဦးအား မဲစနစ်ဖြင့် ရွေးချယ်ကြရာ ဦးထင်ကျော်က မဲအရေအတွက် (၃၆၀)မဲဖြင့် နိုင်ငံတော် သမ္မတအဖြစ် လည်းကောင်း၊ ဦးမြင့်ဆွေက မဲအရေအတွက် (၂၁၃)မဲဖြင့် ဒုတိယသမ္မတ (၁)အဖြစ် လည်းကောင်း၊ ဦးဟင်နရီဗန်ထီးယူက မဲအရေအတွက် ( ၇၉)မဲဖြင့် ဒုတိယသမ္မတ (၂)အဖြစ်လည်းကောင်း အသီးသီး ရွေးချယ်တင်မြောက်ခံရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net