ေတာင္ႀကီးၿမိဳ႕တြင္း လမ္း(၅)လမ္း အဆင့္ျမႇင့္တင္ေရးလုပ္ငန္းအား ျပည္နယ္စည္ပင္ႏွင့္ ၿမိဳ႕နယ္စည္ပင္ဌာနမ်ား ပူးေပါင္းေဆာင္ရြက္

ေတာင္ႀကီးၿမိဳ႕တြင္း လမ္း(၅)လမ္း အဆင့္ျမႇင့္တင္ေရးလုပ္ငန္းအား ျပည္နယ္စည္ပင္ႏွင့္ ၿမိဳ႕နယ္စည္ပင္ဌာနမ်ား ပူးေပါင္းေဆာင္ရြက္
မတ် 2, 2016
By Tachileik News Agency

ေတာင္ႀကီး၊ မတ္လ(၂) ။     ။ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕တြင္းလမ္း(၅)လမ္းအား အဆင့္ျမႇင့္တင္ျခင္းကို ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန သံုးခုက စုေပါင္းေဆာင္ရြက္ေနေၾကာင္း သိရသည္။

အဆိုပါလမ္းမ်ားကို အဆင့္ျမွင့္တင္ျခင္းအား စုစုေပါင္း ကုန္က်ေငြ က်ပ္သိန္းေပါင္း(၂၅,၁၀၅) ေက်ာ္ျဖင့္ ေဆာင္ရြက္ရန္ ျပည္နယ္အစိုးရအဖြဲ႕၏ ဆံုးျဖတ္မႈျဖင့္ စည္ပင္သာယာေရးဌာနမ်ားက အပိုင္း(၄)ပိုင္း ခြဲ၍ ၂၀၁၆ခုႏွစ္ ဇန္နဝါရီလ (၁၇)ရက္ေန႔က စတင္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕ အေရွ႕ၿမိဳ႕ပတ္လမ္း (နန္းသီတာလမ္းမွ ျမကန္သာလမ္းအထိ) ေရေျမာင္းႏွင့္ ေရေျမာင္းဖံုးပလက္ေဖာင္း ေဆာင္ရြက္ျခင္း အျပင္ ကေလးေဆး႐ံုလမ္းအား ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ လည္းေကာင္း၊ အေရွ႕ၿမိဳ႕ပတ္လမ္း(နန္းသီတာလမ္းမွ ျမကန္သာလမ္းအထိ) ေရေျမာင္းႏွင့္ ေရေျမာင္းဖံုး ပလက္ေဖာင္း ေဆာင္ရြက္ျခင္းအား လား႐ိႈးၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ လည္းေကာင္း၊ အေရွ႕ၿမိဳ႕ပတ္လမ္း(ဗိုလ္ခ်ဳပ္လမ္းမွ နန္းသီတာလမ္းအထိ)ေရေျမာင္းႏွင့္ ေရေျမာင္းဖံုး ပလက္ေဖာင္း ေဆာင္ရြက္ျခင္းအား တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ လည္းေကာင္း၊ နန္းသီတာလမ္း (ဗိုလ္ခ်ဳပ္လမ္းမွ ကေမၻာဇလမ္းအထိ) ေရေျမာင္းႏွင့္ ေရေျမာင္းဖံုး ပလက္ေဖာင္း ေဆာင္ရြက္ျခင္းအား ရွမ္းျပည္နယ္စည္ပင္သာယာေရးဌာနမွ လည္းေကာင္း အပိုင္းလိုက္တာ၀န္ အသီးသီးယူကာ ေဆာင္ရြက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕တြင္းလမ္းမ်ားအဆင့္ျမႇင့္တင္ျခင္းအေနျဖင့္ လမ္းသားခ်ဲ႕ျခင္း၊ ေရစီးေရလာေကာင္းမြန္ရန္ လုပ္ေဆာင္ျခင္း၊ အမ်ားျပည္သူ အပန္းေျဖ က်န္းမာေရးေလ့က်င့္ခန္းလမ္းေလွ်ာက္ရန္အတြက္ ပလက္ေဖာင္း၊ လူသြားစႀကၤန္မ်ား ေဆာင္ရြက္ရန္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ ျပည္နယ္၀န္ႀကီးခ်ဳပ္  ဦးစ၀္ေအာင္ျမတ္မွ လမ္းညႊန္ထားၿပီး အဆိုပါ လုပ္ငန္းမ်ားအား စက္ယႏၱရား ( ၂၃)စီး၊ လုပ္သားအင္အား (၆၆၄)ဦးျဖင့္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ လုပ္ငန္းေဆာင္ရြက္ေနမႈ အေျခအေနမ်ားအား ရွမ္းျပည္နယ္အစိုးရအဖြဲ႔၊ ျပည္နယ္စည္ပင္ သာယာေရး ၀န္ႀကီး ဦးစိုင္းလွ၀င္း ႏွင့္  ျပည္နယ္စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမွဴး ဦးစိုင္းထြန္းထြန္း အပါအ၀င္ တာ၀န္ရွိသူမ်ားမွ ေဖေဖာ္၀ါရီလ(၂၀)ရက္ေန႔က ကြင္းဆင္း စစ္ေဆးၾကည့္ရႈခဲ့ၿပီး ပလက္ေဖာင္း အက်ယ္(၆)ေပရရွိေအာင္ ေဆာင္ရြက္ရန္ လမ္းညႊန္ မွာၾကားခဲ့ၿပီးေနာက္ စည္ပင္သာယာေရးဌာနမွ ပလက္ေဖာင္း အက်ယ္(၆)ေပရရွိေရးအတြက္ စီစဥ္ေဆာင္ရြက္ၿပီး က်န္ရွိသည့္ လုပ္ငန္းစဥ္မ်ားအား ဆက္လက္ေဆာင္ရြက္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

*******************

( unicode )

တောင်ကြီး၊ မတ်လ(၂) ။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မြို့တွင်းလမ်း(၅)လမ်းအား အဆင့်မြှင့်တင်ခြင်းကို မြို့နယ်စည်ပင်သာယာရေးဌာန သုံးခုက စုပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါလမ်းများကို အဆင့်မြှင့်တင်ခြင်းအား စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်းပေါင်း(၂၅ယ၁၀၅) ကျော်ဖြင့် ဆောင်ရွက်ရန် ပြည်နယ်အစိုးရအဖွဲ့၏ ဆုံးဖြတ်မှုဖြင့် စည်ပင်သာယာရေးဌာနများက အပိုင်း(၄)ပိုင်း ခွဲ၍ ၂၀၁၆ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့က စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း (နန်းသီတာလမ်းမှ မြကန်သာလမ်းအထိ) ရေမြောင်းနှင့် ရေမြောင်းဖုံးပလက်ဖောင်း ဆောင်ရွက်ခြင်း အပြင် ကလေးဆေးရုံလမ်းအား တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ လည်းကောင်း၊ အရှေ့မြို့ပတ်လမ်း(နန်းသီတာလမ်းမှ မြကန်သာလမ်းအထိ) ရေမြောင်းနှင့် ရေမြောင်းဖုံး ပလက်ဖောင်း ဆောင်ရွက်ခြင်းအား လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ လည်းကောင်း၊ အရှေ့မြို့ပတ်လမ်း(ဗိုလ်ချုပ်လမ်းမှ နန်းသီတာလမ်းအထိ)ရေမြောင်းနှင့် ရေမြောင်းဖုံး ပလက်ဖောင်း ဆောင်ရွက်ခြင်းအား တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ လည်းကောင်း၊ နန်းသီတာလမ်း (ဗိုလ်ချုပ်လမ်းမှ ကမ္ဘောဇလမ်းအထိ) ရေမြောင်းနှင့် ရေမြောင်းဖုံး ပလက်ဖောင်း ဆောင်ရွက်ခြင်းအား ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနမှ လည်းကောင်း အပိုင်းလိုက်တာဝန် အသီးသီးယူကာ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

မြို့တွင်းလမ်းများအဆင့်မြှင့်တင်ခြင်းအနဖြေင့် လမ်းသားချဲ့ခြင်း၊ ရေစီးရေလာကောင်းမွန်ရန် လုပ်ဆောင်ခြင်း၊ အများပြည်သူ အပန်းဖြေ ကျန်းမာရေးလေ့ကျင့်ခန်းလမ်းလျှောက်ရန်အတွက် ပလက်ဖောင်း၊ လူသွားစင်္ကြန်များ ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ လမ်းညွှန်ထားပြီး အဆိုပါ လုပ်ငန်းများအား စက်ယန္တရား ( ၂၃)စီး၊ လုပ်သားအင်အား (၆၆၄)ဦးဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင် သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်း နှင့် ပြည်နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးစိုင်းထွန်းထွန်း အပါအဝင် တာဝန်ရှိသူများမှ ဖေဖော်ဝါရီလ(၂၀)ရက်နေ့က ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ပြီး ပလက်ဖောင်း အကျယ်(၆)ပေရရှိအောင် ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ပြီးနောက် စည်ပင်သာယာရေးဌာနမှ ပလက်ဖောင်း အကျယ်(၆)ပေရရှိရေးအတွက် စီစဉ်ဆောင်ရွက်ပြီး ကျန်ရှိသည့် လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်နေလျှက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net