ဇနီးျဖစ္သူႏွင့္ စကားမ်ားၿပီး အက္စစ္ေသာက္လိုက္သည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ေသဆံုး

ဇနီးျဖစ္သူႏွင့္ စကားမ်ားၿပီး အက္စစ္ေသာက္လိုက္သည့္ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ေသဆံုး
ဧပြီ 10, 2016
By Tachileik News Agency

ဝမ္းတြင္း၊ ဧၿပီ (၁၀) ရက္
မႏၱေလးတိုင္းေဒသႀကီး မိတၲီလာခရိုင္ ဝမ္းတြင္းၿမိဳ႕နယ္ ေရႊေတာင္တိုက္နယ္ သနပ္ခါးေတာေက်းရြာအုပ္စု ကၽြတ္ကန္ေက်းရြာမွ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး အသက္ (၄၁)ႏွစ္အရြယ္ ဦးေက်ာ္ေဆြသည္ ဇနီးျဖစ္သူႏွင့္ စကားမ်ားၿပီး အက္စစ္ေသာက္လုိက္သျဖင့္ ေဆးရံုတင္ပို႔ထားရာမွ ေသဆံုးသြားေၾကာင္း သိရသည္။

ေရႊေတာင္တုိက္နယ္ရဲစခန္းမွ ဒု-ရဲအုပ္ ခင္ေမာင္တင့္သည္ ဧၿပီလ(၉)ရက္ေန႔ ညေန (၅)နာရီ (၃၀)မိနစ္ခန္႔တြင္ သတင္းရရွိသျဖင့္ သြားေရာက္စုံစမ္းရာ ဦးေက်ာ္ေဆြသည္ ဇနီးျဖစ္သူႏွင့္ စကားမ်ားၿပီးေနာက္ အိမ္တြင္ ဘက္ထရီအိုးထည့္ရန္ထားသည့္ အက္စစ္ကို ယူေသာက္လိုက္ျခင္း ျဖစ္ေၾကာင္းႏွင့္ ၎အား ေက်ာက္ဆည္ေဆးရံုသို႔ ခ်က္ခ်င္းပို႔ေဆာင္ကုသေသာ္လည္း ည (၈)နာရီ ၄၂ မိနစ္တြင္ ေသဆံုးသြားေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရႊေတာင္တိုက္နယ္ရဲစခန္းတြင္ ေသမွဳေသခင္းအမွတ္စဥ္ (၁/၂၀၁၆)ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း။  ။ ကိုလင္း(၀မ္းတြင္း)
............

ဝမ်းတွင်း၊ ဧပြီ (၁၀) ရက်
မန္တလေးတိုင်းဒေသကြီး မိတ္တီလာခရိုင် ဝမ်းတွင်းမြို့နယ် ရွှေတောင်တိုက်နယ် သနပ်ခါးတောကျေးရွာအုပ်စု ကျွတ်ကန်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး အသက် (၄၁)နှစ်အရွယ် ဦးကျော်ဆွေသည် ဇနီးဖြစ်သူနှင့် စကားများပြီး အက်စစ်သောက်လိုက်သဖြင့် ဆေးရုံတင်ပို့ထားရာမှ သေဆုံးသွားကြောင်း သိရသည်။

ရွှေတောင်တိုက်နယ်ရဲစခန်းမှ ဒု-ရဲအုပ် ခင်မောင်တင့်သည် ဧပြီလ(၉)ရက်နေ့ ညနေ (၅)နာရီ (၃၀)မိနစ်ခန့်တွင် သတင်းရရှိသဖြင့် သွားရောက်စုံစမ်းရာ ဦးကျော်ဆွေသည် ဇနီးဖြစ်သူနှင့် စကားများပြီးနောက် အိမ်တွင် ဘက်ထရီအိုးထည့်ရန်ထားသည့် အက်စစ်ကို ယူသောက်လိုက်ခြင်း ဖြစ်ကြောင်းနှင့်၎င်းအား ကျောက်ဆည်ဆေးရုံသို့ ချက်ချင်းပို့ဆောင်ကုသသော်လည်း ည (၈)နာရီ ၄၂ မိနစ်တွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေတောင်တိုက်နယ်ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁/၂၀၁၆)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း။ ကိုလင်း(ဝမ်းတွင်း)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~