အေမြေတာင္းတာမရ၍ ေနအိမ္အား ဓာတ္ဆီေလာင္း မီးရႈိ႕ရာမွ တာခ်ီလိတ္၌ အိမ္ေျခ(၂၉)လံုး မီးေလာင္ျပာက်

အေမြေတာင္းတာမရ၍ ေနအိမ္အား ဓာတ္ဆီေလာင္း မီးရႈိ႕ရာမွ တာခ်ီလိတ္၌ အိမ္ေျခ(၂၉)လံုး မီးေလာင္ျပာက်
ဧပြီ 10, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီ(၁၀)

အေမြေတာင္းခံရာ မရသျဖင့္ ေနအိမ္အား ဓာတ္ဆီေလာင္းမီးရႈိ႕ရာမွ တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္း ရပ္ကြက္၊ ရွမ္းစုရြာရွိ အိမ္ေျခ(၂၉)လံုး ေမလ(၉)ရက္ေန႔ ညပိုင္းတြင္ မီးေလာင္သြားခဲ့ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္းေနထိုင္သူ စိုင္းေအာင္သန္းဆိုသူမွာ ေသဆံုးသြားသည့္ မိန္းမ၏ အေမြအား အစ္မျဖစ္သူထံေတာင္းဆိုရာ မရသျဖင့္ ေနအိမ္အား ဓာတ္ဆီေလာင္းမီးရွိဳ႕ရာမွ ေက်းရြာ အတြင္းရွိ ေနအိမ္မ်ား မီးေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏ စစ္ေဆးေပၚေပါက္ခ်က္အရ သိရသည္။

"မီးကေတာ္ေတာ္ႀကီးတာ အခ်ိန္ခဏေလးမွာ တစ္အိမ္ၿပီးတစ္အိမ္ကူးစက္သြားတာ တာခ်ီလိတ္က မီးသတ္ယာဥ္ေတြနဲ႔ မလံုေလာက္လို႔ ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕က မီးသတ္ကားေတြလဲ လာကူညီေပးရတယ္၊"ဟု မီးေလာင္ကၽြမ္းမႈအား သြားေရာက္ၾကည့္ရွဳသူ ကိုျမတ္ေမာင္က ေျပာသည္။

မီးေလာင္ကၽြမ္္းမႈအား မီးသတ္ယာဥ္ေပါင္း(၁၉)စီးျဖင့္ ၿငွိမ္္းသတ္ခဲ့ၿပီး တာခ်ီလိတ္ခရိုင္အတြင္းမွ မီးသတ္ယာဥ္ေပါင္း(၁၀)စီး၊ ထိုင္းႏိုင္ငံမွ (၉)စီးတို႔ပါ၀င္ေၾကာင္း၊ မီးေလာင္ကၽြမ္းမႈအား တပ္နယ္မွ တပ္မေတာ္သားမ်ား ေဒသခံျပည္သူမ်ား ၀ိုင္း၀န္းၿငိွမ္းသတ္ႏိုင္ခဲ့သျဖင့္ မီးေလာင္ကၽြမ္းမႈ(၂)နာရီခန္႔ၾကာျမင့္ၿပီးေနာက္ မီးညြန္႔က်ိဳးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

မီးစတင္ေလာင္ကၽြမ္းသည့္ ေဒၚနန္းလတ္၏ေနအိမ္ သြပ္မိုး၊ ထရံကာပ်ဥ္ခင္းအိမ္မွ မီးကူးစက္ ေလာင္ကြ်မ္းမႈေၾကာင့္ ရွမ္းစုရြာအတြင္းရွိ ၀ါးထရံအိမ္(၉)လံုး၊ ပ်ဥ္ေထာင္အိမ္ (၁၅)လံုး ႏွင့္ အုတ္ညႇပ္အိမ္ (၅)လံုး စုစုေပါင္း အိမ္ေျခ (၂၉)လံုး ျပာက်သြားခဲ့ရၿပီး က်ား(၇၆)ဦး ႏွင့္ မ (၈၉)ဦး စုစုေပါင္း (၁၆၅)ဦး အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားရာသို႔ တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးၿငွိမ္းသတ္ယာဥ္(၄)စီး၊ မီးသတ္ေရသယ္ယာဥ္(၁)စီး၊ မီးသတ္စက္ယာဥ္(၁)စီး၊ တာေလႏွင့္မိုင္းျဖတ္မွ မီးၿငွိမ္းသတ္ယာဥ္(၃)စီး၊ စည္ပင္သာယာေရး ေရယာဥ္(၁)စီးတို႔ အျပင္ ထိုင္းႏိုင္ငံ မယ္ဆုိင္ၿမိဳ႕နယ္မီးသတ္စခန္းမွ မီးၿငွိမ္းသတ္ယာဥ္ (၂)စီး ကြပ္ကဲမႈယာဥ္(၁)စီး၊ မီးသတ္ေရယာဥ္(၅)စီး၊ ရွာေဖြကယ္ဆယ္ေရးယာဥ္(၁)စီး တို႔ျဖင့္ စုေပါင္းၿငွႇိမ္းသတ္ခဲ့ရၿပီး တာခ်ီလိတ္တပ္နယ္မွ တပ္မေတာ္သားမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ ျပည္သူမ်ားျဖင့္ ၿငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

မီးေလာင္ကၽြမ္းမႈႏွင့္ပတ္သတ္၍ ေဒၚနန္းလတ္ေနအိမ္အား ဓာတ္ဆီေလာင္းၿပီး မီးရႈိ႕ခဲ႔၍ ထြက္ေျပးတိမ္းေရွာင္သြားသူ ေအာင္ေအာင္သန္း(ခ)စိုင္းေအာင္သန္း(ခ)အိုက္တြန္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ (ပ)၈၄/၂၀၁၆ ပုဒ္မ(၄၃၆)ျဖင့္ အမႈဖြင့္အေရးယူထားၿပီး ဖမ္းဆီးရမိေရးအတြက္ စံုစမ္းေဖာ္ထုတ္ေနလွ်က္ရွိေၾကာင္း သိရသည္။

သတင္း ။  ။ ကိုဇက္
...............

အမွေတောင်းခံရာ မရသဖြင့် နေအိမ်အား ဓာတ်ဆီလောင်းမီးရှို့ရာမှ တာချီလိတ်မြို့၊ မကာဟိုခမ်း ရပ်ကွက်၊ ရှမ်းစုရွာရှိ အိမ်ခြေ(၂၉)လုံး မေလ(၉)ရက်နေ့ ညပိုင်းတွင် မီးလောင်သွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်းနေထိုင်သူ စိုင်းအောင်သန်းဆိုသူမှာ သေဆုံးသွားသည့် မိန်းမ၏ အမွေအား အစ်မဖြစ်သူထံတောင်းဆိုရာ မရသဖြင့် နေအိမ်အား ဓာတ်ဆီလောင်းမီးရှို့ရာမှ ကျေးရွာ အတွင်းရှိ နေအိမ်များ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ သိရသည်။

"မီးကတော်တော်ကြီးတာ အချိန်ခဏလေးမှာ တစ်အိမ်ပြီးတစ်အိမ်ကူးစက်သွားတာ တာချီလိတ်က မီးသတ်ယာဉ်တွေနဲ့ မလုံလောက်လို့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က မီးသတ်ကားတွေလဲ လာကူညီပေးရတယ်၊"ဟု မီးလောင်ကျွမ်းမှုအား သွားရောက်ကြည့်ရှုသူ ကိုမြတ်မောင်က ပြောသည်။

မီးလောင်ကျွမ်းမှုအား မီးသတ်ယာဉ်ပေါင်း(၁၉)စီးဖြင့် ငြှိမ်းသတ်ခဲ့ပြီး တာချီလိတ်ခရိုင်အတွင်းမှ မီးသတ်ယာဉ်ပေါင်း(၁၀)စီး၊ ထိုင်းနိုင်ငံမှ (၉)စီးတို့ပါဝင်ကြောင်း၊ မီးလောင်ကျွမ်းမှုအား တပ်နယ်မှ တပ်မတော်သားများ ဒေသခံပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့သဖြင့် မီးလောင်ကျွမ်းမှု(၂)နာရီခန့်ကြာမြင့်ပြီးနောက် မီးညွန့်ကျိုးသွားခြင်းဖြစ်ကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းသည့် ဒေါ်နန်းလတ်၏နေအိမ် သွပ်မိုး၊ ထရံကာပျဉ်ခင်းအိမ်မှ မီးကူးစက် လောင်ကျွမ်းမှုကြောင့် ရှမ်းစုရွာအတွင်းရှိ ဝါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ တာလေနှင့်မိုင်းဖြတ်မှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ စည်ပင်သာယာရေး ရေယာဉ်(၁)စီးတို့ အပြင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး ကွပ်ကဲမှုယာဉ်(၁)စီး၊ မီးသတ်ရေယာဉ်(၅)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး တို့ဖြင့် စုပေါင်းငြှိမ်းသတ်ခဲ့ရပြီး တာချီလိတ်တပ်နယ်မှ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့်ပတ်သတ်၍ ဒေါ်နန်းလတ်နေအိမ်အား ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့၍ ထွက်ပြေးတိမ်းရှောင်သွားသူ အောင်အောင်သန်း(ခ)စိုင်းအောင်သန်း(ခ)အိုက်တွန်အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၈၄/၂၀၁၆ ပုဒ်မ(၄၃၆)ဖြင့် အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်နေလျှက်ရှိကြောင်း သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~