က်ဳိင္းတံု - တာခ်ီလိတ္ အေ၀းေျပးလမ္းေပၚ ယာဥ္တိုက္မႈ ျဖစ္ပြား

က်ဳိင္းတံု - တာခ်ီလိတ္ အေ၀းေျပးလမ္းေပၚ ယာဥ္တိုက္မႈ ျဖစ္ပြား
မေ 18, 2016
By Tachileik News Agency

က်ဳိင္းတံု၊ ေမလ(၁၈)
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံု - တာခ်ီလိတ္လမ္း စြတ္ယြဲရြာအနီးတြင္ ေမာ္ေတာ္ကားအခ်င္းခ်င္း တိုက္မႈျဖစ္ပြားၿပီး အမ်ဳိးသမီးတစ္ဦးမွာ ေပါင္႐ိုးက်ဳိးသြားေၾကာင္း သိရသည္။

က်ိဳင္းတံု - တာခ်ီလိတ္လမ္း၊ စြပ္ယြဲရြာအနီး မိုင္တိုင္အမွတ္(၆၇၈)ႏွင့္ မို္င္တိုင္အမွတ္(၆၇၉) အၾကားတြင္ Probox ႏွင့္ (၈)ဘီးကားတို႔ ယေန႔ ေမလ(၁၈)ရက္ေန႔ ေန႔လယ္(၁)နာရီ၀န္းက်င္က ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ျဖစ္စဥ္မွာ တာခ်ီလိတ္မွ က်ိဳင္းတံုသို႔ ေမာင္းႏွင္လာေသာ မိုင္းေယာင္းၿမိဳ ႔တြင္ ေနထိုင္ၿပီး အလွျပင္လုပ္ငန္း လုပ္ကိုင္သူ ယာဥ္ေမာင္း နန္းအင္းသည္ Probox အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ကို ေမာင္းႏွင္လာစဥ္ အခင္းျဖစ္ပြားရာ ေနရာအေရာက္တြင္ ကုန္းဆင္းအေကြ ႔၌ အရိွန္လြန္ကာ တစ္ဖတ္ယာဥ္ေၾကာသို႔ ေရာက္ရွိၿပီး မ်က္ႏွာခ်င္းဆိုင္ က်ိဳင္းတံုဘက္မွ တာခ်ီလိတ္ဘက္သို႔ ယာဉ္ေမာင္း စိုင္းယီေက်ာက္ ေမာင္းနွင္ၿပီး စိုင္းခမ္း လိုက္ပါလာေသာ Nissan Condor အမ်ိဳးအစား (၈)ဘီးကား အျဖဴေရာင္ ကုန္တင္ယာဥ္အား မ်က္နွာခ်င္းဆိုင္ ဝင္ေရာက္တိုက္မိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ယာဥ္မေတာ္တဆ တိုက္မိမႈေၾကာင့္ ယာဉ္ေမာင္း မနန္းအင္းသည္ ယာဘက္ေပါင္႐ိုးက်ိဳးသြားၿပီး ယာဘက္ဒူးေပါက္ျပဲ(မစိုးရိမ္ရ) ဒဏ္ရာရရိွခဲ့ရာ က်ိဳင္းတံုျပည္သူ႔ေဆးရုံတြင္ အတြင္းလူနာအျဖစ္ ကုသမႈ ခံယူေနေၾကာင္း သိရသည္။

"Proboxက ကုန္းတက္ႀကီးမွာ တစ္ဖက္ယာဥ္ေၾကာကေန ဆင္းလာတဲ့ (၈)ဘီးကားကို သြားျပီးတုိက္တာပါ။ Proboxကား ေမာင္းလာတဲ့ အမ်ိဳးသမီးကေတာ႔ ေျခေထာက္က်ိဳးသြားတယ္။ ၿပီးေတာ့ ကားထဲမွာ ညႇပ္ေနတဲ့အတြက္ ဆြဲထုတ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ အသင္းအေနနဲ႔ ေဆးရုံကို ပုိ႔ေဆာင္ေပးခဲ့ပါတယ္။"ဟု ယာဥ္တိုက္မႈတြင္ သြားေရာက္ကူညီေပးခဲ႔သူ က်ဳိင္းတံုၿမိဳ႕ နွလုံးလွပိုင္ရွင္မ်ား(အခမဲ႔) လူမႈေရးကူညီမႈအသင္းမွ ကိုသန္းဝင္းေအာင္က ေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈနွင့္ပတ္သတ္၍ လမ္းစည္းကမ္း မွားယြင္းသူ မနန္းအင္းအား ဥပေဒအရ အေရးယူနိုင္ရန္ စီစဥ္ေဆာင္ရြက္ေနေၾကာင္း က်ိဳင္းတုံျမိဳ ႔နယ္ ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ သိရသည္။

သတင္း။  ။ ဇြဲျမတ္
ဓာတ္ပံု။  ။ ႏွလံုးလွပိုင္ရွင္မ်ား (အခမ့ဲ) လူမႈကူညီေရး အသင္း
..............

ကျိုင်းတုံ၊ မေလ(၁၈)
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ - တာချီလိတ်လမ်း စွတ်ယွဲရွာအနီးတွင် မော်တော်ကားအချင်းချင်း တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦးမှာ ပေါင်ရိုးကျိုးသွားကြောင်း သိရသည်။

ကျိုင်းတုံ - တာချီလိတ်လမ်း၊ စွပ်ယွဲရွာအနီး မိုင်တိုင်အမှတ်(၆၇၈)နှင့် မို်င်တိုင်အမှတ်(၆၇၉) အကြားတွင် Probox နှင့် (၈)ဘီးကားတို့ ယနေ့ မေလ(၁၈)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ တာချီလိတ်မှ ကျိုင်းတုံသို့ မောင်းနှင်လာသော မိုင်းယောင်းမြို့တွင် နေထိုင်ပြီး အလှပြင်လုပ်ငန်း လုပ်ကိုင်သူ ယာဉ်မောင်း နန်းအင်းသည် Probox အမျိုးအစား မော်တော်ယာဉ်ကို မောင်းနှင်လာစဉ် အခင်းဖြစ်ပွားရာ နေရာအရောက်တွင် ကုန်းဆင်းအကွေ့၌ အရှိန်လွန်ကာ တစ်ဖတ်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း စိုင်းယီကျောက် မောင်းနှင်ပြီး စိုင်းခမ်း လိုက်ပါလာသော Nissan Condor အမျိုးအစား (၈)ဘီးကား အဖြူရောင် ကုန်တင်ယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆ တိုက်မိမှုကြောင့် ယာဉ်မောင်း မနန်းအင်းသည် ယာဘက်ပေါင်ရိုးကျိုးသွားပြီး ယာဘက်ဒူးပေါက်ပြဲ(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ရာ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေကြောင်း သိရသည်။

"Proboxက ကုန်းတက်ကြီးမှာ တစ်ဖက်ယာဉ်ကြောကနေ ဆင်းလာတဲ့ (၈)ဘီးကားကို သွားပြီးတိုက်တာပါ။ Proboxကား မောင်းလာတဲ့ အမျိုးသမီးကတော့ ခြေထောက်ကျိုးသွားတယ်။ ပြီးတော့ ကားထဲမှာ ညှပ်နေတဲ့အတွက် ဆွဲထုတ်ပြီးတော့ ကျွန်တော်တို့ အသင်းအနေနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။"ဟု ယာဉ်တိုက်မှုတွင် သွားရောက်ကူညီပေးခဲ့သူ ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များ(အခမဲ့) လူမှုရေးကူညီမှုအသင်းမှ ကိုသန်းဝင်းအောင်က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သတ်၍ လမ်းစည်းကမ်း မှားယွင်းသူ မနန်းအင်းအား ဥပဒေအရ အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ကျိုင်းတုံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

သတင်း။ ဇွဲမြတ်
ဓာတ်ပုံ။ နှလုံးလှပိုင်ရှင်များ (အခမဲ့) လူမှုကူညီရေး အသင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~