သုတေသနသမား ဆယ်ကျော်သက် လူငယ်များရဲ့ ဒုံးပျံပြိုင်ပွဲ

သုတေသနသမား ဆယ်ကျော်သက် လူငယ်များရဲ့ ဒုံးပျံပြိုင်ပွဲ
မေ 24, 2016
By Tachileik News Agency

ဘာသာပြန်၊ မေလ(၂၄)



ဘာသာပြန်။  ။ ဇာနှင်းထိုက်
Ref; ဘန်ကောက်ပို့စ်
..............

ဘာသာပြန်၊ မေလ(၂၄)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ အနီးအနားက ကောလိပ်နဲ့ကျောင်းပေါင်း (၁၈)ခုက ဆယ်ကျော်သက် ကျောင်းသား ပေါင်း (၉၀)ဟာ ကာကွယ်ရေးနည်းပညာအဖွဲ့အစည်းက ကြီးမှူးကျင်းပတဲ့ ဒုံးပျံလွှတ်တဲ့ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ကြပါတယ်။

ဒီပြိုင်ပွဲမှာ အသင်းတစ်ခုစီကနေ အနည်းဆုံး မီတာ (၂၀၀)ကို ပျံသန်းပြီး အချက်အလက်တွေ လွှဲပို့ပေးနိုင်တဲ့ ဒုံးပျံ ဒီဇိုင်းတစ်ခုစီနဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြတာပါ။

ကာကွယ်ရေးနည်းပညာအဖွဲ့အစည်း(အရပ်အဖွဲ့)ဟာ ၂၀၁၂ ခုနှစ်ကတည်းက လော့ပ်ဘူရီမှာ ဒုံးပျံစခန်းကို ဖွဲ့စည်းထားပြီး လူငယ်တွေ သိပ္ပံပညာရပ် လေ့လာသင်ယူနိုင်ရန်နဲ့ သုတေသနသမားတွေ ဖြစ်လာဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဘာသာပြန်။ ဇာနှင်းထိုက်
Ref; ဘန်ကောက်ပို့စ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~