ဆီထြက္သီးႏွံမ်ား ျပည္ပတင္ပို႔မႈ ေပၚလစီတစ္ရပ္ ေရးဆြဲရန္ အႀကံျပဳ

ဆီထြက္သီးႏွံမ်ား ျပည္ပတင္ပို႔မႈ ေပၚလစီတစ္ရပ္ ေရးဆြဲရန္ အႀကံျပဳ
မေ 19, 2016
By Tachileik News Agency

မေကြး၊ ေမလ (၁၉) ရက္
ဆီထြက္သီးႏွံမ်ား ျပည္ပသို႔တင္ပို႔ေရာင္းခ်မႈႏွင့္ပတ္သက္၍ ႏိုင္ငံျခားပို႔ကုန္ေပၚလစီတစ္ရပ္ကို ခ်မွတ္ေရးဆဲြရန္ လိုအပ္ေနသည္ဟု တိုင္းေဒသႀကီး အစားအေသာက္ႏွင္႔ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ ေထာက္ျပလိုက္သည္။

 “ကၽြန္ေတာ္တို႔ႏိုင္ငံက အရည္အေသြးမီ ဆီထြက္သီးႏွံေတြကို ျပည္ပကိုတင္ပို႔ေရာင္းခ်တဲ႔အခါမွာ ျပည္တြင္း လိုအပ္ခ်က္အေပၚခ်ိန္ညိွၿပီးမွ ေရာင္းခ်သင္႔တယ္။ အဲဒီလိုမဟုတ္ဘဲ အက်ိဳးအျမတ္ပိုရတယ္ဆိုၿပီး
ေရာင္းခ်ေနမယ္ဆိုရင္ ကိုယ္ရတဲ႔အက်ိဳးအျမတ္နဲ႔ ကိုယ္ေပးလိုက္ရတာ မတန္ဘူးျဖစ္ေနတယ္”ဟု တိုင္းေဒသႀကီး အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန တိုင္းေဒသႀကီးတာ၀န္ခံ ေဒါက္တာျပည္႔ထူးက ဆိုသည္။

ျပည္တြင္း ဆီစားသံုးမႈလိုအပ္ခ်က္ကိုျဖည္႔ဆည္းရန္ ျပည္ပမွစားအုန္းဆီမ်ားကို တင္သြင္းျဖန္႔ျဖဴးရ၍ က်န္းမာေရး ဆိုးက်ိဳးမ်ားရရိွေစသည့္အျပင္ ပဲဖတ္၊ ႏွမ္းဖတ္က့ဲသ႔ို ေဘးထြက္ကုန္ၾကမ္းပစၥည္းမ်ား မရရိွေတာ႔သည္႔အ တြက္လည္း တိရစာၦန္အစာအတြက္ လိုအပ္ခ်က္ျမင့္မားလာေၾကာင္း ၎ကေထာက္ျပသည္။

 “စားအုန္းဆီမွမဟုတ္ဘဲ ပဲဆီ၊ ႏွမ္းဆီေတြမွာလည္း ထုတ္လုပ္မႈအရည္အေသြးစံခ်ိန္မမီရင္ အသည္း ကင္ဆာျဖစ္ေစႏိုင္တဲ႔ Aflatoxin ပါဝင္ေနမွာျဖစ္လို႔ ျပင္ရမယ္ဆိုရင္ေတာ႔ ကုန္ၾကမ္း သီးႏွံထုတ္လုပ္မႈကစၿပီး ျပင္ရမွာပါ။ Aflatoxin ကင္းစင္ဖို႔အတြက္ ဆီစက္က်မွပဲ လုပ္မယ္ဆိုရင္ လံုေလာက္မႈမရိွပါဘူး။ သီးႏွံရိတ္သိမ္း ေျခြေလွ႔ကတည္းက စိုထိုင္းဆကို ထိန္းႏိုင္တဲ႔နည္းစနစ္နဲ႔ လုပ္ေဆာင္မယ္။ ဆီစက္ေရာက္တဲ႔အခါမွာလည္း အစားအေသာက္နဲ႔ေဆးဝါးကြပ္ကဲေရးဌာနက လမ္းညႊန္ခ်က္အတိုင္း သီးႏွံနဲ႔ၾကမ္းျပင္အၾကားမွာ စိုထိုင္းဆမရိွေစတဲ႔ တာေပၚလင္စလိုမ်ိဳးနဲ႔ ခင္းၿပီးမွ ေနလွမ္းဖို႔လိုပါမယ္”ဟု ဆီစက္လုပ္ငန္းရွင္ မ်ားအသင္းဥကၠဌ ဦးေနလင္းေအာင္က ေျပာသည္။

စားအုန္းဆီအေျမာက္အမ်ားဝင္ေရာက္ေနသျဖင့္ ျမန္မာႏိုင္ငံ၏ ဆီအိုးႀကီးဟု တင္စားခဲ႔ရေသာ မေကြးတိုင္းေဒသႀကီးအတြင္းရိွ ဆီစက္လုပ္ငန္းမ်ားလည္း တစ္စတစ္စ ေမွးမိွန္ေပ်ာက္ကြယ္လာေနၿပီး လက္ရိွလည္ပတ္လွ်က္ရိွေနေသာ ဆီစက္မ်ားသည္လည္း နည္းပညာအားနည္းခ်က္မ်ားရိွေနသျဖင္႔ FDA ေထာက္ခံခ်က္ရရိွႏိုင္ရန္အတြက္ ျပင္ဆင္မႈမ်ားျပဳလုပ္ရန္လိုအပ္လွ်က္ရိွေနသည္ဟု ဆီစက္လုပ္ငန္းရွင္မ်ားက ဆိုသည္။

FDA ၏ ေထာက္ခံခ်က္ရရိွေစရန္ လိုက္နာရမည္႔အခ်က္မ်ားထဲမွ အခ်ိဳ႕အခ်က္မ်ားကို ေျဖေလွ်ာ႔မႈ ျပဳႏိုင္မည္ျဖစ္ေသာ္လည္း အသည္းကင္ဆာကိုျဖစ္ပြားေစႏိုင္ေသာ Aflatoxin ပါရိွေနလွ်င္မူ လံုးဝေထာက္ ခံခ်က္ေပးမည္မဟုတ္ဟု တိုင္းေဒသႀကီး အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာနမွ သိရိွရသည္။

သတင္း ။  ။ ဖီးနစ္

..................

မကွေး၊ မေလ (၁၉) ရက်
ဆီထွက်သီးနှံများ ပြည်ပသို့တင်ပို့ရောင်းချမှုနှင့်ပတ်သက်၍ နိုင်ငံခြားပို့ကုန်ပေါ်လစီတစ်ရပ်ကို ချမှတ်ရေးဆွဲရန် လိုအပ်နေသည်ဟု တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထောက်ပြလိုက်သည်။

 “ကျွန်တော်တို့နိုင်ငံက အရည်အသွေးမီ ဆီထွက်သီးနှံတွေကို ပြည်ပကိုတင်ပို့ရောင်းချတဲ့အခါမှာ ပြည်တွင်း လိုအပ်ချက်အပေါ်ချိန်ညှိပြီးမှ ရောင်းချသင့်တယ်။ အဲဒီလိုမဟုတ်ဘဲ အကျိုးအမြတ်ပိုရတယ်ဆိုပြီး
ရောင်းချနေမယ်ဆိုရင် ကိုယ်ရတဲ့အကျိုးအမြတ်နဲ့ ကိုယ်ပေးလိုက်ရတာ မတန်ဘူးဖြစ်နေတယ်”ဟု တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံ ဒေါက်တာပြည့်ထူးက ဆိုသည်။

ပြည်တွင်း ဆီစားသုံးမှုလိုအပ်ချက်ကိုဖြည့်ဆည်းရန် ပြည်ပမှစားအုန်းဆီများကို တင်သွင်းဖြန့်ဖြူးရ၍ ကျန်းမာရေး ဆိုးကျိုးများရရှိစေသည့်အပြင် ပဲဖတ်၊ နှမ်းဖတ်ကဲ့သို့ ဘေးထွက်ကုန်ကြမ်းပစ္စည်းများ မရရှိတော့သည့်အ တွက်လည်း တိရစာ္ဆန်အစာအတွက် လိုအပ်ချက်မြင့်မားလာကြောင်း၎င်းကထောက်ပြသည်။

 “စားအုန်းဆီမှမဟုတ်ဘဲ ပဲဆီ၊ နှမ်းဆီတွေမှာလည်း ထုတ်လုပ်မှုအရည်အသွေးစံချိန်မမီရင် အသည်း ကင်ဆာဖြစ်စေနိုင်တဲ့ Aflatoxin ပါဝင်နေမှာဖြစ်လို့ ပြင်ရမယ်ဆိုရင်တော့ ကုန်ကြမ်း သီးနှံထုတ်လုပ်မှုကစပြီး ပြင်ရမှာပါ။ Aflatoxin ကင်းစင်ဖို့အတွက် ဆီစက်ကျမှပဲ လုပ်မယ်ဆိုရင် လုံလောက်မှုမရှိပါဘူး။ သီးနှံရိတ်သိမ်း ခြွေလှေ့ကတည်းက စိုထိုင်းဆကို ထိန်းနိုင်တဲ့နည်းစနစ်နဲ့ လုပ်ဆောင်မယ်။ ဆီစက်ရောက်တဲ့အခါမှာလည်း အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာနက လမ်းညွှန်ချက်အတိုင်း သီးနှံနဲ့ကြမ်းပြင်အကြားမှာ စိုထိုင်းဆမရှိစေတဲ့ တာပေါ်လင်စလိုမျိုးနဲ့ ခင်းပြီးမှ နေလှမ်းဖို့လိုပါမယ်”ဟု ဆီစက်လုပ်ငန်းရှင် များအသင်းဥက္ကဌ ဦးနေလင်းအောင်က ပြောသည်။

စားအုန်းဆီအမြောက်အများဝင်ရောက်နေသဖြင့် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားခဲ့ရသော မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆီစက်လုပ်ငန်းများလည်း တစ်စတစ်စ မှေးမှိန်ပျောက်ကွယ်လာနပြေီး လက်ရှိလည်ပတ်လျှက်ရှိနေသော ဆီစက်များသည်လည်း နည်းပညာအားနည်းချက်များရှိနေသဖြင့် FDA ထောက်ခံချက်ရရှိနိုင်ရန်အတွက် ပြင်ဆင်မှုများပြုလုပ်ရန်လိုအပ်လျှက်ရှိနေသည်ဟု ဆီစက်လုပ်ငန်းရှင်များက ဆိုသည်။

FDA၏ ထောက်ခံချက်ရရှိစေရန် လိုက်နာရမည့်အချက်များထဲမှ အချို့အချက်များကို ဖြေလျှော့မှု ပြုနိုင်မည်ဖြစ်သော်လည်း အသည်းကင်ဆာကိုဖြစ်ပွားစေနိုင်သော Aflatoxin ပါရှိနေလျှင်မူ လုံးဝထောက် ခံချက်ပေးမည်မဟုတ်ဟု တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရှိရသည်။

သတင်း။ ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~