တာခ်ီလိတ္စာစစ္ဌာန၏ (၁၀)တန္းေအာင္ အမွတ္စာရင္းမ်ားကို က်ပ္(၄၀၀)ျဖင့္သာ အလြယ္တကူ ထုတ္ယူႏိုင္ၿပီ

တာခ်ီလိတ္စာစစ္ဌာန၏ (၁၀)တန္းေအာင္ အမွတ္စာရင္းမ်ားကို က်ပ္(၄၀၀)ျဖင့္သာ အလြယ္တကူ ထုတ္ယူႏိုင္ၿပီ
ဇွန် 24, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဇြန္လ(၂၄)
၂၀၁၅ - ၂၀၁၆ တကၠသိုလ္၀င္တန္းတြင္ ပါ၀င္ေျဖဆိုခဲ့ၾကၿပီး စာေမးပြဲတြင္ ေအာင္ျမင္ထားၾကသည့္ တာခ်ီလိတ္ၿမိဳ႕နယ္စာစစ္ဌာနတို႔မွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ အမွတ္စာရင္းမ်ားကို တစ္ဦးလွ်င္ က်ပ္(၄၀၀)ျဖင့္သာ ဇြန္လ(၂၄)ရက္ေန႔မွစ၍ ထုတ္ယူႏိုင္ၿပီျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္ ပညာေရးမွဴးရံုးမွ သိရသည္။

"ေအာင္ထားတဲ့ ေက်ာင္းေျဖေတြအေနနဲ႔ သက္ဆိုင္ရာ ေက်ာင္းေတြမွာ အလြယ္တကူ ထုတ္ယူႏိုင္ဖို႔ စီစဥ္ေပးထားလိုက္ပါၿပီ၊ အထက(တာခ်ီလိတ္)မွာ ေအာင္တဲ့ေက်ာင္းသားဆိုရင္၊ အထက(တာခ်ီလိတ္)မွာ ထုတ္ယူႏိုင္မဲ့ သေဘာပါ၊ ေက်ာင္းေျဖမဟုတ္ဘဲ၊ အျပင္ေျဖမ်ားအေနနဲ႔ကေတာ့ ၿမိဳ႕နယ္ပညာေရးမွဴးရံုးမွာ လာေရာက္ၿပီးေတာ့ ထုတ္ယူႏိုင္ပါတယ္။ ရံုးပိတ္ရက္မရွိပါဘူး၊ မနက္(၉)နာရီကေန ညေန(၄)နာရီအတြင္း လာေရာက္ထုတ္ယူႏိုင္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ပညာေရးမွဴး ေဒၚမာမာဦးက ေျပာသည္။

လတ္တေလာတြင္ တကၠသိုလ္၀င္တန္း ေအာင္ျမင္ထားၾကသူမ်ား၏ အမွတ္စာရင္းမ်ားကိုသာ ထုတ္ေပးႏိုင္ဦးမွာ ျဖစ္ၿပီး ေအာင္စာရင္းမ်ား ထုတ္ယူရန္အတြက္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနသို႔ ေပးသြင္းရန္ ေလွ်ာက္လႊာတံဆိပ္ေခါင္းဖိုး က်ပ္(၄၀၀)သာ ေကာက္ခံမွာျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

၂၀၁၅-၂၀၁၆ ပညာသင္ႏွစ္အတြင္း  တာခ်ီလိတ္ၿမိဳ႕ စာစစ္ဌာန(၂)ခုတြင္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုသူ (၈၂၀)ဦးအနက္ ေအာင္ျမင္သူ (၁၂၈)ဦးရိွရာ ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ (၁၅.၆၀)သာရွိေၾကာင္းႏွင့္ ၿပီးခဲ့သည့္ ၂၀၁၄ - ၂၀၁၅ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲတြင္ ေျဖဆိုသူ (၈၂၄)ဦးအနက္ (၁၆၅)ဦး ေအာင္ျမင္ခဲ့ရာ ေအာင္ခ်က္ရာခိုင္ႏႈန္းမွာ (၂၀.၀၂) ရာခိုင္ႏႈန္းရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

သတင္း။  ။ ကိုေဇာင္း
...............................

တာချီလိတ်၊ ဇွန်လ(၂၄)
၂၀၁၅ - ၂၀၁၆ တက္ကသိုလ်ဝင်တန်းတွင် ပါဝင်ဖြေဆိုခဲ့ကြပြီး စာမေးပွဲတွင် အောင်မြင်ထားကြသည့် တာချီလိတ်မြို့နယ်စာစစ်ဌာနတို့မှ ကျောင်းသား၊ ကျောင်းသူများ၏ အမှတ်စာရင်းများကို တစ်ဦးလျှင် ကျပ်(၄၀၀)ဖြင့်သာ ဇွန်လ(၂၄)ရက်နေ့မှစ၍ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း တာချီလိတ်မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

"အောင်ထားတဲ့ ကျောင်းဖြေတွေအနေနဲ့ သက်ဆိုင်ရာ ကျောင်းတွေမှာ အလွယ်တကူ ထုတ်ယူနိုင်ဖို့ စီစဉ်ပေးထားလိုက်ပါပြီ၊ အထက(တာချီလိတ်)မှာ အောင်တဲ့ကျောင်းသားဆိုရင်၊ အထက(တာချီလိတ်)မှာ ထုတ်ယူနိုင်မဲ့ သဘောပါ၊ ကျောင်းဖြေမဟုတ်ဘဲ၊ အပြင်ဖြေများအနေနဲ့ကတော့ မြို့နယ်ပညာရေးမှူးရုံးမှာ လာရောက်ပြီးတော့ ထုတ်ယူနိုင်ပါတယ်။ ရုံးပိတ်ရက်မရှိပါဘူး၊ မနက်(၉)နာရီကနေ ညနေ(၄)နာရီအတွင်း လာရောက်ထုတ်ယူနိုင်ပါတယ်"ဟု တာချီလိတ်မြို့နယ်ပညာရေးမှူး ဒေါ်မာမာဦးက ပြောသည်။

လတ်တလောတွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားကြသူများ၏ အမှတ်စာရင်းများကိုသာ ထုတ်ပေးနိုင်ဦးမှာ ဖြစ်ပြီး အောင်စာရင်းများ ထုတ်ယူရန်အတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ပေးသွင်းရန် လျှောက်လွှာတံဆိပ်ခေါင်းဖိုး ကျပ်(၄၀၀)သာ ကောက်ခံမှာဖြစ်ကြောင်း၎င်းထံမှ သိရသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွင်း တာချီလိတ်မြို့ စာစစ်ဌာန(၂)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ (၈၂၀)ဦးအနက် အောင်မြင်သူ (၁၂၈)ဦးရှိရာ အောင်ချက်ရာခိုင်နှုန်းမှာ (၁၅.၆၀)သာရှိကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၄ - ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုသူ (၈၂၄)ဦးအနက် (၁၆၅)ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်းမှာ (၂၀.ဝ၂) ရာခိုင်နှုန်းရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း။ ကိုဇောင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~