တာချီလိတ်မြို့တွင်း မိုးတွင်းအခါ ရေကြီး၊ ရေလျှံကာကွယ်ရေးအတွက် စည်ပင်မှ ဆောင်ရွက်ထား
တာချီလိတ်မြို့တွင်း မိုးတွင်းအခါ ရေကြီး၊ ရေလျှံကာကွယ်ရေးအတွက် စည်ပင်မှ ဆောင်ရွက်ထား
ဇှနျ 9, 2016
By Tachileik News Agency
တာချီလိတ်၊ ဇွန်လ (၉) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးတွင်းကာလ၌ ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေးအတွက် ချောင်း ၊ မြောင်းများအတွင်းရှိ အမှိုက်နုန်းမြေများ ဆည်ယူခြင်းကို တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
မိုးတွင်းကာလအတွင်း ရေကြီးရေလျှံကာကွယ်ရေးအတွက် ချောင်းမြောင်းမှ အမှိုက်သဲနုန်းမြေများ ဆယ်ခြင်းကို တာချီလိတ်မြို့နယ် ၊ စည်ပင်သာယာရေးဦးစီးဌာနမှ မေလအတွင်းက ရက်(၁၀၀)စီမံချက်အနေဖြင့် ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် အကြီးအမားဆုံးအဖြစ် ၂၀၁၄ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများကြောင့် မြို့ပေါ်ရှိ (၉)ရပ်ကွက်စလုံးမှာ အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွားကာ ပုန်းထွန်ရပ်ကွက်တွင် (၆)ပေနီးပါးခန့် ရေကြီးခဲ့ခြင်းဖြစ်သည်။
သတင်း။  ။ ဇောင်းညီ
...............
တာချီလိတ်၊ ဇွန်လ (၉) ရက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မိုးတွင်းကာလ၌ ရကြေီးရေလျှံမှု ကြိုတင်ကာကွယ်ရေးအတွက် ချောင်း၊ မြောင်းများအတွင်းရှိ အမှိုက်နုန်းမြေများ ဆည်ယူခြင်းကို တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
"အရင်က မိုးရာသီကာလမှာ လမ်းမတွေပေါ် ချောင်းမြောင်းကနေ ရကြေီး ရေလျှံတွေ ခဏခဏဖြစ်တယ်။ အဲဒါကြောင့် မိုးဦးမကျမီ ကတည်းက အချို့ရပ်ကွက်အတွင်း ချောင်းမြောင်းတွေထဲမှာရှိတဲ့ အမှိုက်သဲနုန်းမြေများကို ဆယ်ယူထားပြီးပါပြီ။"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဒု-ညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။
မိုးတွင်းကာလအတွင်း ရကြေီးရေလျှံကာကွယ်ရေးအတွက် ချောင်းမြောင်းမှ အမှိုက်သဲနုန်းမြေများ ဆယ်ခြင်းကို တာချီလိတ်မြို့နယ်၊ စည်ပင်သာယာရေးဦးစီးဌာနမှ မေလအတွင်းက ရက်(၁၀၀)စီမံချက်အနဖြေင့် ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
"တာချီလိတ်မှာက မြောင်းတွေကျဉ်းပြီး မြောင်းတွေမှာ စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ အမှိုက်တွေ၊ သဲနုန်းတွေ ခံနေတာကြောင့် ရေစီးရေလာ မကောင်းဘဲ မိုးရွာတာနဲ့ မကြာခဏ ရေလျှံတာတွဖြေစ်တယ်။ မိုးနည်းနည်း ရွာလို့ ကြီးကြီးမားမား ရကြေီးတာတော့ မဟုတ်ဘူး။ မြောင်းတွေကနေ ရေမစီးဘဲ လမ်းမပေါ်ကို ရေလျှံတာမျိုးတော့ မိုးရွာတာနဲ့ မကြာခဏဖြစ်တယ်။"ဟု ဒေသခံ ကိုလှငယ်က ပြောသည်။
တာချီလိတ်မြို့တွင် အကြီးအမားဆုံးအဖြစ် ၂၀၁၄ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများကြောင့် မြို့ပေါ်ရှိ (၉)ရပ်ကွက်စလုံးမှာ အဆိုးရွားဆုံး ရကြေီးမှုဖြစ်ပွားကာ ပုန်းထွန်ရပ်ကွက်တွင် (၆)ပေနီးပါးခန့် ရကြေီးခဲ့ခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်း၊ မြောင်းများသည် မြန်မာ - ထိုင်း နယ်စပ် မယ်ဆိုင်ချောင်းမှတစ်ဆင့် မဲခေါင်မြစ်ထဲသို့ စီးဝင်သဖြင့် ရံဖန်ရံခါ မဲခေါင်မြစ်ရေတက်ပြီး မယ်ဆိုင်ချောင်းရေများတက်ချိန်တွင် မြို့ပေါ်ရှိ ချောင်းများမှာလည်း ရေအနည်းငယ်တက်ရှိကြောင်း သိရှိရသည်။
သတင်း။ ဇောင်းညီ
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~