မူဆယ္ (၁၀၅)မိုင္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ လူသံုးကုန္ပစၥည္းမ်ားအေပၚ အခြန္ေကာက္ခံမႈ ျမင့္ေနဟုဆို

မူဆယ္ (၁၀၅)မိုင္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ လူသံုးကုန္ပစၥည္းမ်ားအေပၚ အခြန္ေကာက္ခံမႈ ျမင့္ေနဟုဆို
ဇူလိုင် 3, 2016
By Tachileik News Agency

မူဆယ္၊ ဇူလိုင္လ(၃)ရက္
ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ တရုတ္ - ျမန္မာ နယ္စပ္ကုန္သြယ္ေရးစခန္း (၁၀၅)မိုင္တြင္ တရုတ္ႏိုင္ငံမွ တင္သြင္းေသာ လူသံုးကုန္ႏွင့္ အျခားကုန္ပစၥည္းမ်ားအား ကုန္သြယ္ေရးဦးစီးဌာနက တရုတ္ႏိုင္ငံ အြန္လိုင္း ေစ်းကြက္ျဖစ္သည့္ Alibaba မွ ေစ်းႏွဳန္းကို အေျခခံ၍ အခြန္ေကာက္ခံ ေနျခင္းေၾကာင့္ အခြန္ျမင့္ေနေၾကာင္း သိရသည္။

"Alibaba လို အြန္လိုင္း Market ဆိုတာ အေနာက္ႏိုင္ငံေတြကို တင္ပို႔တဲ့ ကုန္ပစၥည္းေတြကို ေရာင္းခ်တဲ့ ေစ်းကြက္က ေစ်းႏွဳန္းေတြ။ ကၽြန္ေတာ္တို႔ ၀ယ္ၿပီးတင္သြင္းတဲ့ ကုန္ပစၥည္းက ေဒသတြင္း အာဆီယံ ႏိုင္ငံေတြကို ပို႔တဲ့ကုန္ပစၥည္းေတြ။ အဲဒီေတာ့ ေစ်းႏွဳန္းက အမ်ားႀကီးကြာသြားၿပီ။ ဒါကို ႏိုင္ငံတကာ ေစ်းႏွဳန္းအတိုင္း အခြန္ေကာက္ခံေတာ့ တကယ္တမ္းနစ္နာတာ စားသံုးသူျပည္သူေတြပဲနစ္နာတာ"ဟု မူဆယ္(၁၀၅)မိုင္ ကုန္သည္ႀကီးမ်ားအသင္းမွ အမႈေဆာင္အဖြဲ႕၀င္ ဦးထြန္းကိုကိုက ေျပာသည္။

နယ္စပ္ကုန္သြယ္ေရးစခန္းမွ အခြန္ႏႈန္းထားျမင့္မားမႈေၾကာင့္ မူဆယ္လမ္းေၾကာင္းမွ တင္သြင္းသည့္ ကုန္ပစၥည္းမ်ားမွာ ေစ်းႏႈန္းျမင့္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ထမင္းေပါင္းအိုး တစ္လံုး၀ယ္ရင္ အလြန္ဆံုးေပးရမွ က်ပ္(၁၀,၀၀၀)ေက်ာ္ပဲ။ ဒါေပမဲ့ Alibaba မွာတင္ထားတဲ့ ေစ်းႏွဳန္းအတိုင္းဆိုရင္ က်ပ္(၃)ေသာင္းေလာက္ေပါက္တယ္။ ဒါကို နယ္စပ္ကုန္သြယ္ေရးစခန္းက ႏိုင္ငံတကာေစ်းႏွဳန္းအတိုင္း က်ပ္(၃)ေသာင္းတန္ဆိုၿပီး အခြန္ေကာက္တာပါ"ဟု ကုန္သည္တစ္ဦးျဖစ္သူ ကိုစိုင္းမုန္႔က ေျပာသည္။

၂၀၁၅ - ၂၀၁၆ ဘ႑ာႏွစ္အတြင္း မူဆယ္ (၁၀၅)မိုင္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ျမန္မာ-တရုတ္ ႏွစ္ႏိုင္ငံကုန္သြယ္မႈတန္ဖိုးမွာ အေမရိကန္ေဒၚလာ (၅၃၇၇.၈၇၇)သန္းရွိခဲ့ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး၀န္ႀကီးဌာန၏ စာရင္းမ်ားအရသိရသည္။

သတင္း။  ။ ကိုဇက္
..............................

မူဆယ်၊ ဇူလိုင်လ(၃)ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်း (၁၀၅)မိုင်တွင် တရုတ်နိုင်ငံမှ တင်သွင်းသော လူသုံးကုန်နှင့် အခြားကုန်ပစ္စည်းများအား ကုန်သွယ်ရေးဦးစီးဌာနက တရုတ်နိုင်ငံ အွန်လိုင်း ဈေးကွက်ဖြစ်သည့် Alibaba မှ ဈေးနှုန်းကို အခြေခံ၍ အခွန်ကောက်ခံ နခြေင်းကြောင့် အခွန်မြင့်နေကြောင်း သိရသည်။

"Alibaba လို အွန်လိုင်း Market ဆိုတာ အနောက်နိုင်ငံတွေကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို ရောင်းချတဲ့ ဈေးကွက်က ဈေးနှုန်းတွေ။ ကျွန်တော်တို့ ဝယ်ပြီးတင်သွင်းတဲ့ ကုန်ပစ္စည်းက ဒေသတွင်း အာဆီယံ နိုင်ငံတွေကို ပို့တဲ့ကုန်ပစ္စည်းတွေ။ အဲဒီတော့ ဈေးနှုန်းက အများကြီးကွာသွားပြီ။ ဒါကို နိုင်ငံတကာ ဈေးနှုန်းအတိုင်း အခွန်ကောက်ခံတော့ တကယ်တမ်းနစ်နာတာ စားသုံးသူပြည်သူတွေပဲနစ်နာတာ"ဟု မူဆယ်(၁၀၅)မိုင် ကုန်သည်ကြီးများအသင်းမှ အမှုဆောင်အဖွဲ့ဝင် ဦးထွန်းကိုကိုက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးစခန်းမှ အခွန်နှုန်းထားမြင့်မားမှုကြောင့် မူဆယ်လမ်းကြောင်းမှ တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ဈေးနှုန်းမြင့်နခြေင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ထမင်းပေါင်းအိုး တစ်လုံးဝယ်ရင် အလွန်ဆုံးပေးရမှ ကျပ်(၁၀,ဝဝဝ)ကျော်ပဲ။ ဒါပေမဲ့ Alibaba မှာတင်ထားတဲ့ ဈေးနှုန်းအတိုင်းဆိုရင် ကျပ်(၃)သောင်းလောက်ပေါက်တယ်။ ဒါကို နယ်စပ်ကုန်သွယ်ရေးစခန်းက နိုင်ငံတကာဈေးနှုန်းအတိုင်း ကျပ်(၃)သောင်းတန်ဆိုပြီး အခွန်ကောက်တာပါ"ဟု ကုန်သည်တစ်ဦးဖြစ်သူ ကိုစိုင်းမုန့်က ပြောသည်။

၂၀၁၅ - ၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မူဆယ် (၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၅၃၇၇.၈၇၇)သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~