ဟိုတယ္ႏွင့္ မိုတယ္မ်ားအား အဂၤလိပ္ - ျမန္မာ ႏွစ္ဘာသာျဖင့္ ေျပာင္းလဲေဖာ္ျပရန္ ညႊန္ၾကား

ဟိုတယ္ႏွင့္ မိုတယ္မ်ားအား အဂၤလိပ္ - ျမန္မာ ႏွစ္ဘာသာျဖင့္ ေျပာင္းလဲေဖာ္ျပရန္ ညႊန္ၾကား
ဇူလိုင် 26, 2016
By Tachileik News Agency

ဟိုတယ္ႏွင့္ တည္းခိုခန္းမ်ား၏ အမည္ဆိုင္းဘုတ္ႏွင့္ ေၾကညာဘုတ္မ်ားအား အဂၤလိပ္ - ျမန္မာ ႏွစ္ဘာသာျဖင့္ ေရးသားေဖာ္ျပသြားရန္ ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာနမွ ညႊန္ၾကားခ်က္အတိုင္း တာခ်ီလိတ္ၿမိဳ႕ရိွ ဟိုတယ္ႏွင့္ မိုတယ္မ်ားက ေျပာင္းလဲရန္လုပ္ေဆာင္ေနေၾကာင္း သိရသည္။

"အရင္တုန္းကေတာ့ ျမန္မာစာမေရးဘဲ ဆိုင္းဘုတ္တပ္တဲ့ ဟိုတယ္တစ္လံုးရွိတယ္။ သိပ္မၾကာပါဘူး။ ညႊန္ၾကားခ်က္နဲ႔ ျပန္ၿပီး ျမန္မာ - အဂၤလိပ္ေျပာင္းခိုင္းလို႔ ေျပာင္းသြားတာ။ အခုေတာ့ လုပ္ငန္း လိုင္စင္ရွိၿပီးသား ဟိုတယ္ေတြ အားလံုး ျမန္မာ - အဂၤလိပ္ႏွစ္ဘာသာနဲ႔ ေရးသားထားၾကပါတယ္။ ကၽြန္မတို႔ဆီကို ညႊန္ၾကားခ်က္ ၀င္တာ (၃)ရက္ေလာက္ေတာ့ရွိၿပီ"ဟု တာခ်ီလိတ္ဟိုတယ္လုပ္ငန္းရွင္မ်ား အသင္းမွ အဖြဲ႕၀င္ မအားနာက ေျပာသည္။

အဆိုပါ ညႊန္ၾကားခ်က္မွာ ဇူလိုင္(၂၀)ရက္ေန႔က စတင္၍ ၿမိဳ႕နယ္အသီးသီးရွိ ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈ ဦးစီးဌာနရံုးခြဲမ်ားသို႔ ေပးပို႔ထားျခင္းျဖစ္ေၾကာင္း သိရသည္။

"အဂၤလိပ္စာနဲ႔ ျမန္မာစာႏွစ္မ်ိဳးလံုးေဖာ္ျပဖို႔ ဆိုတာ အဓိကေတာ့ ႏိုင္ငံျခားခရီးသြားေတြအတြက္ အဆင္ေျပေအာင္လို႔ပါ။ အရင္ကတည္းက ႏွစ္မ်ိဳးလံုးေဖာ္ျပထားတဲ့ ဟိုတယ္ေတြေတာ့ ရွိပါတယ္။ တခ်ိဳ႕ လုပ္ငန္းရွင္ေတြက အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏွစ္မ်ိဳးလံုးမေရးတာ ရွိရင္ရွိမွာပါ။"ဟု တာခ်ီလိတ္ ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈ ဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာနမွ လုပ္ငန္းလုိင္စင္ခ်ထားေပးေသာ ဟိုတယ္ႏွင့္ မိုတယ္မ်ားမွာ ႏိုင္ငံျခားသားမ်ား တည္းခိုခြင့္ရွိၿပီး ေဒသတြင္း စည္ပင္သာယာေရးဌာနမွ ခ်ေပးထားေသာ တည္းခိုခန္းမ်ားမွာ ႏိုင္ငံျခားသားမ်ား တည္းခိုခြင့္ မရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ တရား၀င္လုပ္ငန္း လိုင္စင္ရွိသည့္ ဟိုတယ္ႏွင့္ မိုတယ္ေပါင္း(၃၆)လံုးရွိၿပီး တည္းခိုခန္းေပါင္း (၁၀၀)ေက်ာ္ခန္႔ရွိေၾကာင္း တာခ်ီလိတ္ဟိုတယ္လုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

ဟိုတယ္ႏွင့္ ခရီးသြားလာေရး၀န္ႀကီးဌာန၏ ဇူလိုင္လ(၁၈)ရက္က စီမံခန္႔ခြဲေရးေကာ္မတီအစည္းအေ၀း အမွတ္စဥ္(၈/၂၀၁၆) ညႇိႏွိဳင္းဆံုးျဖတ္ခ်က္အရ ဟိုတယ္ႏွင့္ တည္းခိုရိပ္သာမ်ား၏ အမည္မ်ားအား အဂၤလိပ္ - ျမန္မာ ႏွစ္ဘာသာျဖင့္ ေရးသားေဖာ္ျပရန္ ဆံုးျဖတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါကိစၥႏွင့္ပတ္သက္သည့္ ညႊန္ၾကားခ်က္တြင္ သက္ဆိုင္ရာၿမိဳ႕နယ္မ်ားရွိ ဟိုတယ္ႏွင့္ ခရီးသြား ညႊန္ၾကားမႈ ဦးစီးဌာနမ်ား အေနျဖင့္ မိမိနယ္ေျမအတြင္းရွိ ဟိုတယ္ႏွင့္ တည္းခိုရိပ္သာမ်ား ႏွစ္ဘာသာျဖင့္ အမည္ေျပာင္းလဲ ေရးသားျခင္းကို ၾသဂုတ္လ(၃၁)ရက္ေန႔ ေနာက္ဆံုးထား၍ လုပ္ေဆာင္ရန္ ပါဝင္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္
...................
ဟိုတယ်နှင့် တည်းခိုခန်းများ၏ အမည်ဆိုင်းဘုတ်နှင့် ကြေညာဘုတ်များအား အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ရေးသားဖော်ပြသွားရန် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားချက်အတိုင်း တာချီလိတ်မြို့ရှိ ဟိုတယ်နှင့် မိုတယ်များက ပြောင်းလဲရန်လုပ်ဆောင်နေကြောင်း သိရသည်။
"အရင်တုန်းကတော့ မြန်မာစာမရေးဘဲ ဆိုင်းဘုတ်တပ်တဲ့ ဟိုတယ်တစ်လုံးရှိတယ်။ သိပ်မကြာပါဘူး။ ညွှန်ကြားချက်နဲ့ ပြန်ပြီး မြန်မာ - အင်္ဂလိပ်ပြောင်းခိုင်းလို့ ပြောင်းသွားတာ။ အခုတော့ လုပ်ငန်း လိုင်စင်ရှိပြီးသား ဟိုတယ်တွေ အားလုံး မြန်မာ - အင်္ဂလိပ်နှစ်ဘာသာနဲ့ ရေးသားထားကြပါတယ်။ ကျွန်မတို့ဆီကို ညွှန်ကြားချက် ဝင်တာ (၃)ရက်လောက်တော့ရှိပြီ"ဟု တာချီလိတ်ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ အဖွဲ့ဝင် မအားနာက ပြောသည်။
အဆိုပါ ညွှန်ကြားချက်မှာ ဇူလိုင်(၂၀)ရက်နေ့က စတင်၍ မြို့နယ်အသီးသီးရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးခွဲများသို့ ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။
"အင်္ဂလိပ်စာနဲ့ မြန်မာစာနှစ်မျိုးလုံးဖော်ပြဖို့ ဆိုတာ အဓိကတော့ နိုင်ငံခြားခရီးသွားတွေအတွက် အဆင်ပြေအောင်လို့ပါ။ အရင်ကတည်းက နှစ်မျိုးလုံးဖော်ပြထားတဲ့ ဟိုတယ်တွေတော့ ရှိပါတယ်။ တချို့ လုပ်ငန်းရှင်တွေက အကြောင်းအမျိုးမျိုးကြောင့် နှစ်မျိုးလုံးမရေးတာ ရှိရင်ရှိမှာပါ။"ဟု တာချီလိတ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လုပ်ငန်းလိုင်စင်ချထားပေးသော ဟိုတယ်နှင့် မိုတယ်များမှာ နိုင်ငံခြားသားများ တည်းခိုခွင့်ရှိပြီး ဒေသတွင်း စည်ပင်သာယာရေးဌာနမှ ချပေးထားသော တည်းခိုခန်းများမှာ နိုင်ငံခြားသားများ တည်းခိုခွင့် မရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် တရားဝင်လုပ်ငန်း လိုင်စင်ရှိသည့် ဟိုတယ်နှင့် မိုတယ်ပေါင်း(၃၆)လုံးရှိပြီး တည်းခိုခန်းပေါင်း (၁၀၀)ကျော်ခန့်ရှိကြောင်း တာချီလိတ်ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဇူလိုင်လ(၁၈)ရက်က စီမံခန့်ခွဲရေးကော်မတီအစည်းအေဝး အမှတ်စဉ်(၈/၂၀၁၆) ညှိနှိုင်းဆုံးဖြတ်ချက်အရ ဟိုတယ်နှင့် တည်းခိုရိပ်သာများ၏ အမည်များအား အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ရေးသားဖော်ပြရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်သည့် ညွှန်ကြားချက်တွင် သက်ဆိုင်ရာမြို့နယ်များရှိ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနများ အနဖြေင့် မိမိနယ်မြေအတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ နှစ်ဘာသာဖြင့် အမည်ပြောင်းလဲ ရေးသားခြင်းကို သြဂုတ်လ(၃၁)ရက်နေ့ နောက်ဆုံးထား၍ လုပ်ဆောင်ရန် ပါဝင်ကြောင်း သိရသည်။
သတင်း - ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~