တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွက် တာဝန်ထမ်းဆောင်လိုသူများ သြဂုတ်လ(၄)ရက်နေ့ နောက်ဆုံးထားကာ အဆိုပြု လျှောက်ထားနိုင်

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွက် တာဝန်ထမ်းဆောင်လိုသူများ သြဂုတ်လ(၄)ရက်နေ့ နောက်ဆုံးထားကာ အဆိုပြု လျှောက်ထားနိုင်
သွဂုတျ 2, 2016
By Tachileik News Agency

တာချီလိတ်မြို့နယ်တွင် အသစ်ပြန်လည်ဖွဲ့စည်းမည့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ရွေးချယ်ပွဲကို သြဂုတ်လ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်မှာ ဖြစ်သည့်အတွက် ရွေးချယ်ခံလိုသူများအနေဖြင့် မြို့နယ်/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် သြဂုတ်လ (၄)ရက်နေ့ နောက်ဆုံးထားကာ အမည် စာရင်းနှင့် ကိုယ်ရေးအကျဉ်းများကို ပေးပို့ပြီး အဆိုပြုလျှောက်ထားနိုင်မှာ ဖြစ်ကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။


ကျန်ရှိသည့် အဖွဲ့ဝင် (၅)ဦးအား လူမှုရေး(သို့) စီးပွားရေးအဖွဲ့အစည်းမှ (၁)ဦး၊ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ကျွမ်းကျင်ပညာရှင်/ပညာအခြေပြုအဖွဲ့အစည်းများမှ (၁)ဦး၊ မြို့မိမြို့ဖများမှ (၁)ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုယ်စားလှယ် (၁)ဦးတို့ ပါဝင်မှာ ဖြစ်သည်။


တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်မည့် အရပ်ဘက်မှ (၄)ဦးအတွက် မိမိကိုယ်တိုင် ဆန္ဒရှိသည့် ပုဂ္ဂိုလ်များအနေဖြင့် ကိုယ်ရေးအကျဉ်းနှင့်အတူ (၄.၈.၂၀၁၆)ရက်နေ့ နောက်ဆုံးထားကာ မိမိတို့နေထိုင်သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လည်းကောင်း အဆိုပြုလျှောက်ထားနိုင်မှာ ဖြစ်ကြောင်း သိရသည်။

.............

တာချီလိတ်မြို့နယ်တွင် အသစ်ပြန်လည်ဖွဲ့စည်းမည့် မြို့နယ်စည်ပင်သာယာရေးကော်မတီ ရွေးချယ်ပွဲကို သြဂုတ်လ(၅)ရက်နေ့တွင် ကျင်းပပြုလုပ်မှာ ဖြစ်သည့်အတွက် ရွေးချယ်ခံလိုသူများအနဖြေင့် မြို့နယ်/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် သြဂုတ်လ (၄)ရက်နေ့ နောက်ဆုံးထားကာ အမည် စာရင်းနှင့် ကိုယ်ရေးအကျဉ်းများကို ပေးပို့ပြီး အဆိုပြုလျှောက်ထားနိုင်မှာ ဖြစ်ကြောင်း တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် ဥက္ကဌအဖြစ် မြို့မိမြို့ဖများမှ ရွေးချယ်သော ပုဂ္ဂိုလ်ကို ခန့်အပ်မှာဖြစ်ပြီး အတွင်းရေးမှူးအဖြစ် မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိက တာဝန်ယူမှာ ဖြစ်သည်။

ကျန်ရှိသည့် အဖွဲ့ဝင် (၅)ဦးအား လူမှုရေး(သို့) စီးပွားရေးအဖွဲ့အစည်းမှ (၁)ဦး၊ သက်ဆိုင်ရာ လုပ်ငန်းအလိုက် ကျွမ်းကျင်ပညာရှင်/ပညာအခြပြေုအဖွဲ့အစည်းများမှ (၁)ဦး၊ မြို့မိမြို့ဖများမှ (၁)ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုယ်စားလှယ် (၁)ဦးတို့ ပါဝင်မှာ ဖြစ်သည်။

အသစ်ပြန်လည်ရွေးချယ်မည့် စည်ပင်သာယာရေးကော်မတီတွင် ဌာနဆိုင်ရာမှ (၃)ဦး နှင့် အရပ်ဘက်မှ (၄) ဦးပါဝင်မည်ဖြစ်ရာ ဥက္ကဌ တာဝန်ယူမည့်သူနှင့် အဖွဲ့ဝင်(၃)ဦး စုစုပေါင်း (၄)ဦးအား အများပြည်သူ့ ဆန္ဒနှင့်ကိုက်ညီ၍ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများကို စိစစ်ရွေးချယ်မှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်မည့် အရပ်ဘက်မှ (၄)ဦးအတွက် မိမိကိုယ်တိုင် ဆန္ဒရှိသည့် ပုဂ္ဂိုလ်များအနဖြေင့် ကိုယ်ရေးအကျဉ်းနှင့်အတူ (၄.၈.၂၀၁၆)ရက်နေ့ နောက်ဆုံးထားကာ မိမိတို့နေထိုင်သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လည်းကောင်း အဆိုပြုလျှောက်ထားနိုင်မှာ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင် ရွေးချယ်ပွဲအခမ်းအနားကို ၂၀၁၆ခုနှစ် သြဂုတ်လ(၅)ရက်၊ သောကြာနေ့ နံနက်(၁၀)နာရီအချိန်တွင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ပွင့်လင်းမြင်သာစွာ ရွေးချယ်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net