အိမ္တြင္းၿငိမ္းခ်မ္းေရးမွ ကမာၻ႔ၿငိမ္းခ်မ္းေရးသို႔ (၁၆)ရက္တာ လႈပ္ရွားမႈ လားရႈိးတြင္ ျပဳလုပ္

အိမ္တြင္းၿငိမ္းခ်မ္းေရးမွ ကမာၻ႔ၿငိမ္းခ်မ္းေရးသို႔ (၁၆)ရက္တာ လႈပ္ရွားမႈ လားရႈိးတြင္ ျပဳလုပ္
နိုဝင်ဘာ 25, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရႈိးၿမိဳ႕ရွိ Hotel CF တြင္ အိမ္တြင္းၿငိမ္းခ်မ္းျခင္းမွ ကမာၻ႕ၿငိမ္းခ်မ္းေရးသို႔ (၁၆)ရက္တာ လႈပ္ရွားမႈ ေဆြးေႏြးပြဲကို ယေန႔ ႏို၀င္ဘာလ(၂၅)ရက္ေန႔ နံနက္ပိုင္းကစ၍ က်င္းပျပဳလုပ္ေနလွ်က္ရွိသည္။

အဆိုပါ ေဆြးေႏြးမႈ ျပဳလုပ္ရျခင္း ႏွင့္ ပတ္သက္၍ ၁၆ရက္တာလႈပ္ရွားမႈအေၾကာင္း၊အမ်ိဳးသမီးအခြင့္အေရး မ်ားအေၾကာင္း၊ ျမန္မာႏုိင္ငံၿငိမ္းခ်မ္းေရးျဖစ္စဥ္အေၾကာင္း ႏွင့္ မူးယစ္ေဆးဝါးျပသနာႏွင့္ အမ်ိဳးသမီး အၾကမ္းဖက္ခံရမႈ ဆက္စပ္ပုံ ကုိေဖာ္ထုတ္ရန္ စသည့္ အေၾကာင္းအရာမ်ားကို သိရွိေစရန္အတြက္ ျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယင္းေဆြးေႏြးပြဲသို႔ အစိုးရဌာနဆိုင္ရာ ပုဂၢိဳလ္မ်ား၊ ႏိုင္ငံေရးပါတီမ်ား ႏွင့္ အရပ္ဖက္ အဖြဲ႔အစည္း အသီးသီးတို႔မွ တက္ေရာက္ ၾကၿပီး ေဆြးေႏြးမႈကို ယေန႔ ႏို၀င္ဘာလ(၂၅)ရက္ေန႔မွ ဒီဇင္ဘာလ(၁၀)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - စပယ္သက္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ Hotel CF တွင် အိမ်တွင်းငြိမ်းချမ်းခြင်းမှ ကမာ္ဘ့ငြိမ်းချမ်းရေးသို့ (၁၆)ရက်တာ လှုပ်ရှားမှု ဆွေးနွေးပွဲကို ယနေ့ နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းကစ၍ ကျင်းပပြုလုပ်နေလျှက်ရှိသည်။

အဆိုပါ ဆွေးနွေးမှု ပြုလုပ်ရခြင်း နှင့် ပတ်သက်၍ ၁၆ရက်တာလှုပ်ရှားမှုအကြောင်း၊အမျိုးသမီးအခွင့်အရေး များအကြောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်အကြောင်း နှင့် မူးယစ်ဆေးဝါးပြသနာနှင့် အမျိုးသမီး အကြမ်းဖက်ခံရမှု ဆက်စပ်ပုံ ကိုဖော်ထုတ်ရန် စသည့် အကြောင်းအရာများကို သိရှိစေရန်အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲသို့ အစိုးရဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီများ နှင့် အရပ်ဖက် အဖွဲ့အစည်း အသီးသီးတို့မှ တက်ရောက် ကြပြီး ဆွေးနွေးမှုကို ယနေ့ နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - စပယ်သက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~