ဘ၀သံသရာတံတားအနီးတြင္ ရန္ကုန္သို႔ သယ္ေဆာင္မည့္ မူးယစ္ေဆး၀ါးမ်ားစြာ သိမ္းဆည္းရမိ

ဘ၀သံသရာတံတားအနီးတြင္ ရန္ကုန္သို႔ သယ္ေဆာင္မည့္ မူးယစ္ေဆး၀ါးမ်ားစြာ သိမ္းဆည္းရမိ
ဖေဖော်ဝါရီ 27, 2017
By Tachileik News Agency
ရွမ္းျပည္နယ္ေတာင္ပိုင္း ကေလာၿမိဳ႕နယ္ ဟဲဟိုးၿမိဳ႕ ဘဝသံသရာတံတားအနီးတြင္ ေတာင္ႀကီးမွ ရန္ကုန္သို႔  CANTER (၆)ဘီးျဖင့္ သယ္ေဆာင္လာသည့္ က်ပ္သိန္းေပါင္း ေျခာက္ေသာင္းေက်ာ္ တန္ဖိုးရိွ စိတ္ၾကြေဆးျပား အေရအတြက္ သိန္း(၆၀)ေက်ာ္ကို ေဖေဖၚဝါရီလ (၂၆) ရက္ေန႔ နံနက္ (၅)နာရီအခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။
ေတာင္ႀကီးၿမိဳ႕မရဲစခန္း ဒုရဲမွဴး ဦးေဆာင္သည့္အဖြဲ႕၊ ဟဲဟိုးနယ္ေျမရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ ဦးစီးအဖြဲ႕ႏွင့္ သက္ဆိုင္ရာရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႔သည္ သတင္းအရ ေတာင္ႀကီး - မိတၳီလာ ကားလမ္းအား ပိတ္ဆို႔ စစ္ေဆးရွာေဖြစဥ္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
ေတာင္ႀကီးမွ မိတၳီလာဘက္သို႔ ေက်ာ္ထြန္းလိႈင္(ခ)အငယ္ေလး ေမာင္းႏွင္ၿပီး စိုင္းသူရေအာင္(ခ)ေအာင္ဘု လိုက္ပါလာသည့္ CANTER ယာဥ္(လိုင္စင္စိစစ္ဆဲ)အား ရွာေဖြရာ ယာဥ္ေနာက္ခန္းတြင္ အျဖဴေရာင္ ဆာလာအိတ္မ်ားတြင္ တိိပ္ပတ္လွ်က္ မိႈင္းခံစကၠဴျဖင့္ ထုပ္ထားသည့္ စိတ္ၾကြေဆးျပား (၂)သိန္းစီပါသည့္ ဆာလာအိတ္ေပါင္း (၃၀)ႏွင့္ စိတ္ၾကြေဆးျပား (၁၀,၀၀၀)စီပါသည့္ အထုပ္(၅)ထုပ္၊ စိတ္ၾကြေဆးျပား (၅၀,၀၀၀)ပါသည့္ ဆာလာအိတ္ (၁)အိတ္ စုစုေပါင္း ဆာလာအိိတ္ (၃၁)အိတ္မွ စိတ္ၾကြေဆးျပား (၆,၀၅၀,၀၀၀)၊အေလးခ်ိန္ (၆၀၅)ကီလို ခန္႔ ခန္႔မွန္းတန္ဖိုး က်ပ္သိန္းေပါင္း (၆၀,၅၀၀)ကို ဖမ္းဆီး ရမိျခင္းျဖစ္ေၾကာင္း သိရသည္။
စိတ္ၾကြေဆးမ်ား သယ္ေဆာင္လာသူႏွစ္ဦးထံမွ လက္ကိုင္ဖုန္းမ်ား၊ က်ပ္ (၁၀)သိန္း အပ္ႏွံထားသည့္ ဘဏ္ကဒ္ျပားမ်ားကို ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။
အဆိုပါ မူးယစ္ေဆးမ်ားအား ဟိုပံုးၿမိဳ႕တြင္ ေနထိုင္သူက သယ္ေဆာင္ခိုင္းသည္ဟု စစ္ေဆးသိရိွခ်က္အရ သယ္ေဆာင္လာသူႏွင့္အတူ ေစခိုင္းသူတို႔အား ကေလာၿမိဳ႕နယ္ ဟဲဟိုးနယ္ေျမရဲစခန္းတြင္ မယ(ပ)၂/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ဟဲဟိုးမြို့ ဘဝသံသရာတံတားအနီးတွင် တောင်ကြီးမှ ရန်ကုန်သို့ CANTER (၆)ဘီးဖြင့် သယ်ဆောင်လာသည့် ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား အရေအတွက် သိန်း(၆၀)ကျော်ကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နံနက် (၅)နာရီအချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။
တောင်ကြီးမြို့မရဲစခန်း ဒုရဲမှူး ဦးဆောင်သည့်အဖွဲ့၊ ဟဲဟိုးနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဦးစီးအဖွဲ့နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ကြီး - မိတ္ထီလာ ကားလမ်းအား ပိတ်ဆို့ စစ်ဆေးရှာဖွေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကြီးမှ မိတ္ထီလာဘက်သို့ ကျော်ထွန်းလှိုင်(ခ)အငယ်လေး မောင်းနှင်ပြီး စိုင်းသူရအောင်(ခ)အောင်ဘု လိုက်ပါလာသည့် CANTER ယာဉ်(လိုင်စင်စိစစ်ဆဲ)အား ရှာဖွေရာ ယာဉ်နောက်ခန်းတွင် အဖြူရောင် ဆာလာအိတ်များတွင် တိပ်ပတ်လျှက် မှိုင်းခံစက္ကူဖြင့် ထုပ်ထားသည့် စိတ်ကြွဆေးပြား (၂)သိန်းစီပါသည့် ဆာလာအိတ်ပေါင်း (၃၀)နှင့် စိတ်ကြွဆေးပြား (၁၀,ဝဝဝ)စီပါသည့် အထုပ်(၅)ထုပ်၊ စိတ်ကြွဆေးပြား (၅၀,ဝဝဝ)ပါသည့် ဆာလာအိတ် (၁)အိတ် စုစုပေါင်း ဆာလာအိတ် (၃၁)အိတ်မှ စိတ်ကြွဆေးပြား (၆,ဝ၅၀,ဝဝဝ)၊အလေးချိန် (၆၀၅)ကီလို ခန့် ခန့်မှန်းတန်ဖိုး ကျပ်သိန်းပေါင်း (၆၀,၅၀၀)ကို ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွဆေးများ သယ်ဆောင်လာသူနှစ်ဦးထံမှ လက်ကိုင်ဖုန်းများ၊ ကျပ် (၁၀)သိန်း အပ်နှံထားသည့် ဘဏ်ကဒ်ပြားများကို ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးများအား ဟိုပုံးမြို့တွင် နေထိုင်သူက သယ်ဆောင်ခိုင်းသည်ဟု စစ်ဆေးသိရှိချက်အရ သယ်ဆောင်လာသူနှင့်အတူ စေခိုင်းသူတို့အား ကလောမြို့နယ် ဟဲဟိုးနယ်မြေရဲစခန်းတွင် မယ(ပ)၂/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။
သတင်း - နိုနို
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~