တာခ်ီလိတ္တြင္ ဂ်ာမနီႏွင့္ျမန္မာဆရာဝန္မ်ား ပူးေပါင္းခြဲစိတ္ကုသမႈ အခမဲ့အစီအစဥ္မွ လူနာ ၉၀ ကုုသေပး

တာခ်ီလိတ္တြင္ ဂ်ာမနီႏွင့္ျမန္မာဆရာဝန္မ်ား ပူးေပါင္းခြဲစိတ္ကုသမႈ အခမဲ့အစီအစဥ္မွ လူနာ ၉၀ ကုုသေပး
မတ် 11, 2017
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဂ်ာမနီႏွင့္ ျမန္မာဆရာဝန္မ်ား၏ ပူးေပါင္းခြဲ စိတ္ကုသမႈ အခမဲ့ အစီအစဥ္၏ ေနာက္ဆံုးေန႔ျဖစ္သည့္ မတ္လ (၁၁) ရက္ေန႔အထိ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲႏွင့္ လည္ပင္းႀကီးလူနာ (၉၀)ဦးအား ခြဲစိတ္ကုသေပးထားေၾကာင္း သိရသည္။
ဂ်ာမနီႏိုင္ငံ အေျခစိုက္ Interplast အဖြဲ႕အစည္းႏွင့္ MCA (Myanmar Chef’s Association)အဖြဲ႕တို႔မွ ပူးေပါင္း စီစဥ္မႈျဖင့္ တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရုံႀကီး (ဓမၼသီရိေဆးရံုႀကီး)တြင္ မတ္လ (၅)ရက္ေန႔မွ (၁၁)ရက္ေန႔ အထိ ဂ်ာမနီဆရာဝန္မ်ားျဖင့္ ခြဲစိတ္ ကုသေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဂ်ာမနီ ဆရာဝန္ေတြရဲ႕ ခြဲစိတ္ကုသမႈက မတ္လ (၁၁) ရက္ေန႔မွာၿပီးပါတယ္။ ခြဲစိတ္ၿပီးလူနာေတြ ဆက္လက္ကုသဖို႔ မတ္လ (၁၄)ရက္အထိ ဒီကဆရာဝန္ေတြက ဆက္လက္ ကုသေပးမွာပါ။ ခြဲစိတ္မႈၿပီးလို႔ ေဆးရံု ျပန္ဆင္းလို႔ရတဲ့ လူနာ အေတာ္မ်ားမ်ား ေနရပ္ျပန္သြားပါၿပီ။ က်န္တဲ့ အဆီႀကိတ္ခြဲမယ့္ လူနာေတြကေတာ့ ဒီက ဆရာဝန္ေတြနဲ႔ ခြဲစိတ္မလား - ဒါမွမဟုတ္ ေနာက္တစ္ႏွစ္ ဂ်ာမနီက ဆရာဝန္ေတြ ျပန္လာမွ ခြဲစိတ္မလားေတာ့ သူတို႔ ဆံုးျဖတ္ခ်က္ေပါ့”ဟု လူနာမ်ား ခြဲစိတ္ကုသမႈခံယူရန္ ပူးေပါင္း ပါ၀င္ကူညီေနသည့္ မဇၨ်ိမလူမႈကူညီေရးအသင္းမွ အတြင္းေရးမွဴး ေဒၚသန္းသန္းေဌးက ေျပာသည္။
အဆိုပါ ခြဲစိတ္ကုသမႈ အစီအစဥ္တြင္ ကုသမႈခံယူရန္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွ ႏႈတ္ခမ္းကြဲ ၊ အာေခါင္ကြဲ ၊ ႏွာေခါင္းကြဲ ၊ မီးေလာင္ဒဏ္ရာ ၊ အဆီအႀကိတ္ ႏွင့္ ေျခပူးလက္ပူးေဝဒနာရွင္မ်ား စာရင္းေပးထားသည္မွာ (၂၀၀)ေက်ာ္ရိွသည့္ အနက္ ဆရာဝန္မ်ားက ဦးစားေပး ကုသရန္လိုအပ္သည့္ အဆင့္အား စမ္းသပ္ခြဲျခားၿပီး လူနာ(၉၀)ကုိ ခြဲစိတ္ကုသေပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ႏႈတ္ခမ္းကြဲ ၊ အာေခါင္ကြဲ ၊ ႏွာေခါင္းကြဲ ၊ မီးေလာင္ဒဏ္ရာ ၊ အဆီအႀကိတ္ႏွင့္ ေျခပူးလက္ပူးမ်ားအား ခြဲစိတ္ကုသေပးသည့္ အစီအစဥ္တြင္ ကုသမႈခံယူမည့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း ေဒသအသီးသီးမွ ေဝဒနာရွင္မ်ားႏွင့္ လူနာေစာင့္မ်ားအတြက္ အရပ္ဖက္အဖြဲ႕အစည္းမ်ားက ေနထုိင္စားေသာက္ေရးအတြက္ အသီးသီးခြဲေဝ တာဝန္ယူ စီစဥ္ေပးခဲ့ေၾကာင္း သိရွိရသည္။

ဓာတ္ပံု - အုတ္လွငယ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဂျာမနီနှင့် မြန်မာဆရာဝန်များ၏ ပူးပေါင်းခွဲ စိတ်ကုသမှု အခမဲ့ အစီအစဉ်၏ နောက်ဆုံးနေ့ဖြစ်သည့် မတ်လ (၁၁) ရက်နေ့အထိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် လည်ပင်းကြီးလူနာ (၉၀)ဦးအား ခွဲစိတ်ကုသပေးထားကြောင်း သိရသည်။
ဂျာမနီနိုင်ငံ အခြေစိုက် Interplast အဖွဲ့အစည်းနှင့် MCA (Myanmar Chef’s Association)အဖွဲ့တို့မှ ပူးပေါင်း စီစဉ်မှုဖြင့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး (ဓမ္မသီရိဆေးရုံကြီး)တွင် မတ်လ (၅)ရက်နေ့မှ (၁၁)ရက်နေ့ အထိ ဂျာမနီဆရာဝန်များဖြင့် ခွဲစိတ် ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဂျာမနီ ဆရာဝန်တွေရဲ့ ခွဲစိတ်ကုသမှုက မတ်လ (၁၁) ရက်နေ့မှာပြီးပါတယ်။ ခွဲစိတ်ပြီးလူနာတွေ ဆက်လက်ကုသဖို့ မတ်လ (၁၄)ရက်အထိ ဒီကဆရာဝန်တွေက ဆက်လက် ကုသပေးမှာပါ။ ခွဲစိတ်မှုပြီးလို့ ဆေးရုံ ပြန်ဆင်းလို့ရတဲ့ လူနာ အတော်များများ နေရပ်ပြန်သွားပါပြီ။ ကျန်တဲ့ အဆီကြိတ်ခွဲမယ့် လူနာတွေကတော့ ဒီက ဆရာဝန်တွေနဲ့ ခွဲစိတ်မလား - ဒါမှမဟုတ် နောက်တစ်နှစ် ဂျာမနီက ဆရာဝန်တွေ ပြန်လာမှ ခွဲစိတ်မလားတော့ သူတို့ ဆုံးဖြတ်ချက်ပေါ့”ဟု လူနာများ ခွဲစိတ်ကုသမှုခံယူရန် ပူးပေါင်း ပါဝင်ကူညီနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဒေါ်သန်းသန်းဌေးက ပြောသည်။
အဆိုပါ ခွဲစိတ်ကုသမှု အစီအစဉ်တွင် ကုသမှုခံယူရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှာခေါင်းကွဲ၊ မီးလောင်ဒဏ်ရာ၊ အဆီအကြိတ် နှင့် ခြေပူးလက်ပူးဝေဒနာရှင်များ စာရင်းပေးထားသည်မှာ (၂၀၀)ကျော်ရှိသည့် အနက် ဆရာဝန်များက ဦးစားပေး ကုသရန်လိုအပ်သည့် အဆင့်အား စမ်းသပ်ခွဲခြားပြီး လူနာ(၉၀)ကို ခွဲစိတ်ကုသပေးသွားခြင်းဖြစ်ကြောင်း သိရသည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နှာခေါင်းကွဲ၊ မီးလောင်ဒဏ်ရာ၊ အဆီအကြိတ်နှင့် ခြေပူးလက်ပူးများအား ခွဲစိတ်ကုသပေးသည့် အစီအစဉ်တွင် ကုသမှုခံယူမည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအသီးသီးမှ ဝေဒနာရှင်များနှင့် လူနာစောင့်များအတွက် အရပ်ဖက်အဖွဲ့အစည်းများက နေထိုင်စားသောက်ရေးအတွက် အသီးသီးခွဲဝေ တာဝန်ယူ စီစဉ်ပေးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - အုတ်လှငယ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~