ရွမ္းျပည္နယ္မွ ဘိန္းခင္းဧက ၃၀၀ ေက်ာ္အား တပ္ႏွင့္ျပည္သူ ပူးေပါင္းအဖြဲ႕ျဖင့္ တစ္လအတြင္း ဖ်က္ဆီး

ရွမ္းျပည္နယ္မွ ဘိန္းခင္းဧက ၃၀၀ ေက်ာ္အား တပ္ႏွင့္ျပည္သူ ပူးေပါင္းအဖြဲ႕ျဖင့္ တစ္လအတြင္း ဖ်က္ဆီး
မတ် 9, 2017
By Tachileik News Agency
ရွမ္းျပည္နယ္( ေတာင္ပိုင္း )ႏွင့္ ( ေျမာက္ပိုင္း )ေဒသမ်ားမွ ဘိန္းစိုက္ခင္းဧက (၃၀၀)ေက်ာ္အား တပ္မေတာ္ႏွင့္ ျပည္သူ ပူးေပါင္းအဖြဲ႕ျဖင့္ ေဖေဖာ္ဝါရီလအတြင္း ဖ်က္ဆီးႏုိင္ခဲ့ေၾကာင္း သိရသည္။
ရွမ္းျပည္နယ္(ေတာင္ပိုင္း) မိုင္းရွဴးၿမိဳ႕နယ္အတြင္းရိွ ပင၊ ပါခ်ီး၊ နမ့္ေလာင္း၊ ဝမ္ေဆာ့၊ လြယ္ႏိႈင္း၊ မိုင္းေအာ့၊ နန့္ပန္လန္ေက်းရြာမ်ားအနီး စိုက္ပ်ိဳးထားသည့္ ဘိန္းခင္းဧက (၃၀၀)ခန္႔ႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) တန္႔ယန္းၿမိဳ႕နယ္ ေဟြလြတ္၊ ပါတက္၊ ၇ မုိင္ေက်းရြာမ်ားအနီးမွ ဘိန္းစိုက္ခင္း (၂၅)ဧကခန္႔တို႔အား ဖ်က္ဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေဒသမ်ားတြင္ ဘိန္းစိုက္ခင္းမ်ား ဖ်က္ဆီးရန္ အတြက္ အေရွ႕အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္သန္းလိႈင္၏ ညြန္ၾကားခ်က္ျဖင့္ နယ္ေျမခံတပ္မွ ဗိုလ္မွဴးခ်ဳပ္ေဇာ္ႏုိင္ဦး ဦးစီးသည့္ တပ္မေတာ္သားမ်ား၊ မိုင္းရႈးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕၊ ဌာနဆိုင္ရာမ်ားႏွင့္ ေဒသခံမ်ား ပူးေပါင္းသည့္ အဖြဲ႕ျဖင့္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ေမာင္ယဥ္ေက်း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်( တောင်ပိုင်း )နှင့် ( မြောက်ပိုင်း )ဒေသများမှ ဘိန်းစိုက်ခင်းဧက (၃၀၀)ကျော်အား တပ်မတော်နှင့် ပြည်သူ ပူးပေါင်းအဖွဲ့ဖြင့် ဖေဖော်ဝါရီလအတွင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ်အတွင်းရှိ ပင၊ ပါချီး၊ နမ့်လောင်း၊ ဝမ်ဆော့၊ လွယ်နှိုင်း၊ မိုင်းအော့၊ နန့်ပန်လန်ကျေးရွာများအနီး စိုက်ပျိုးထားသည့် ဘိန်းခင်းဧက (၃၀၀)ခန့်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် ဟွေလွတ်၊ ပါတက်၊ ၇ မိုင်ကျေးရွာများအနီးမှ ဘိန်းစိုက်ခင်း (၂၅)ဧကခန့်တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသများတွင် ဘိန်းစိုက်ခင်းများ ဖျက်ဆီးရန် အတွက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်၏ ညွန်ကြားချက်ဖြင့် နယ်မြေခံတပ်မှ ဗိုလ်မှူးချုပ်ဇော်နိုင်ဦး ဦးစီးသည့် တပ်မတော်သားများ၊ မိုင်းရှုးမြို့နယ် ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဒေသခံများ ပူးပေါင်းသည့် အဖွဲ့ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - မောင်ယဉ်ကျေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~