ဂုတ္ထိပ္ရထားလမ္း၏ အေရွ႕ဘက္တြင္ ေပါက္ကြဲမႈျဖစ္၍ အမ်ဳိးသား (၃)ဦး ဒဏ္ရာရ

ဂုတ္ထိပ္ရထားလမ္း၏ အေရွ႕ဘက္တြင္ ေပါက္ကြဲမႈျဖစ္၍ အမ်ဳိးသား (၃)ဦး ဒဏ္ရာရ
မတ် 10, 2017
By Tachileik News Agency


ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲခရိုင္၊  ေနာင္ခ်ိဳၿမိဳ႕အနီးရွိ ကမၻာေက်ာ္ ဂုတ္ထိပ္ရထားလမ္း၏ အေရွ႕ဘက္ ကိုက္ (၇၀၀) ခန္႔အကြာတြင္ မတ္လ(၉) ရက္ေန႔ ေန႔လယ္ပိုင္းက ေပါက္ကြဲမႈ တစ္ခု ျဖစ္ပြား ခဲ့ၿပီး ေဒသခံအမ်ိဳးသား (၃)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရွိရသည္။

''ဟိုအရင္တုန္းက တံတားလံုၿခံဳေရးအတြက္ ျမႇဳပ္ထားခဲ့တဲ့ ေျမျမႇဳပ္မိုင္းတစ္လံုး ေပါက္ကြဲခဲ့တာပါ၊၊ ရထားလမ္းရဲ႕ အေရွ႕ဘက္ ကိုက္ (၇၀၀) အကြာမွာ ျဖစ္ခဲ့တာပါ၊ ဂုတ္ထိပ္ေက်းရြာက ေက်းရြာသား
(၃)ဦး ကြ်ဲေပ်ာက္ ရွာရင္းနဲ႔ ေပါက္ကြဲမႈမွာ ဒဏ္ရာကိုယ္စီရရွိခဲ့တာ ျဖစ္ပါတယ္'' ဟု ေနာင္ခ်ိဳၿမိဳ႕မရဲစခန္းမွ ရဲအုပ္ ေအာင္ႏိုင္ေအးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
မတ္လ(၉)ရက္ေန႔ ေန႔လယ္ (၁၂)နာရီ မိနစ္(၂၀)ဝန္းက်င္တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္း ျဖစ္ၿပီး ကုန္းဆံေက်းရြာ အုပ္စု ၊ ဂုတ္ထိပ္ေက်းရြာမွ ေဒသခံမ်ား ျဖစ္သည့္ ေနမ်ိဳးထြန္း(၁၀ ႏွစ္) ယာေျခေပါက္ၿပဲ၊ ဝဲဘက္ေျခေထာက္ ေျခသလံုးမွျပတ္ထြက္၊ ေႏြးေႏြးခ်စ္ကို( ၁၀ ႏွစ္) ဝဲႏို႔အံု ေပါက္ၿပဲ၊ မ်က္ႏွာတစ္ဝိုက္ မိုင္းစမွန္၊ ေက်ာ္မင္းထြန္း(၂၄ ႏွစ္) ယာလက္ဖ်ံႏွင့္လက္ေမာင္း မိုင္းစထိမွန္ဒဏ္ရာမ်ား ရရွိထားၿပီး ေနမ်ိဳးထြန္း(၁၀ ႏွစ္ )မွာ ေျခသလံုးျပတ္ဒဏ္ရာ ျပင္းထန္ေသာေၾကာင့္ ျပင္ဦးလြင္ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ ကုသေပးေနရေၾကာင္း သိရသည္။
''မိုင္းကြဲတာကေတာ့ အရင္တုန္းက ျဖစ္ဖူးပါတယ္၊ ကြ်ဲ၊ ႏြားေတြပဲ နင္းမိေပါက္ကြဲတာမ်ိဳးေပါ့၊ မကြဲတာက ေတာ္ေတာ္ၾကာပါၿပီ။ ခုျဖစ္တာကလည္း ကံဆိုးလို႔ ျဖစ္ရတာပါ၊ လူကိုထိခိုက္ မိတာကေတာ့ ( ကြ်န္ေတာ္ သိရသေလာက္) ဒါက ပထမဆံုးပါပဲ၊ ျပင္ဦးလြင္ကို ပို႔လိုက္တဲ့ တစ္ေယာက္ကေတာ့ မေန႔က အေျခ အေနအရ ပို႔လိုက္တာပါ၊ ဒီေန႔ေတာ့ ဒဏ္ရာအေျခအေန သက္သာတယ္လို႔သိရပါတယ္ အသက္ အႏၱရာယ္ မစိုးရိမ္ရေတာ့ပါဘူး '' ဟု ရဲအုပ္ ေအာင္ႏိုင္ေအးက ေျပာသည္။
ေနာင္ခ်ိဳၿမိဳ႕အနီးရွိ ဂုတ္ထိပ္တံတား၏ ေအာက္ေျခတြင္ တံတားလံုၿခံဳေရး အတြက္ ႏွစ္ေပါင္းမ်ားစြာက ျမႇဳပ္ႏွံထားခဲ့သည့္ ေျမျမႇဳပ္မိုင္းကြင္းမ်ား ရွိေနေသာေၾကာင့္ တားျမစ္နယ္ေျမအျဖစ္ သတ္မွတ္ထား ေသာ္လည္း ကြ်ဲ၊ ႏြားမ်ား မၾကာခဏ နင္းမိေပါက္ကြဲတတ္ၿပီး ယခုအႀကိမ္ ေပါက္ကြဲမႈတြင္ ေဒသခံ အမ်ိဳးသား(၃)ဦး ဒဏ္ရာမ်ားရရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
သတင္း - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့အနီးရှိ ကမ္ဘာကျော် ဂုတ်ထိပ်ရထားလမ်း၏ အရှေ့ဘက် ကိုက် (၇၀၀) ခန့်အကွာတွင် မတ်လ(၉) ရက်နေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ပြီး ဒေသခံအမျိုးသား (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
''ဟိုအရင်တုန်းက တံတားလုံခြုံရေးအတွက် မြှုပ်ထားခဲ့တဲ့ မြမြှေုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့တာပါ၊ ရထားလမ်းရဲ့ အရှေ့ဘက် ကိုက် (၇၀၀) အကွာမှာ ဖြစ်ခဲ့တာပါ၊ ဂုတ်ထိပ်ကျေးရွာက ကျေးရွာသား
(၃)ဦး ကျွဲပျောက် ရှာရင်းနဲ့ ပေါက်ကွဲမှုမှာ ဒဏ်ရာကိုယ်စီရရှိခဲ့တာ ဖြစ်ပါတယ်'' ဟု နောင်ချိုမြို့မရဲစခန်းမှ ရဲအုပ် အောင်နိုင်အေးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
မတ်လ(၉)ရက်နေ့ နေ့လယ် (၁၂)နာရီ မိနစ်(၂၀)ဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ကုန်းဆံကျေးရွာ အုပ်စု၊ ဂုတ်ထိပ်ကျေးရွာမှ ဒေသခံများ ဖြစ်သည့် နေမျိုးထွန်း(၁၀ နှစ်) ယာခြေပေါက်ပြဲ၊ ဝဲဘက်ခြေထောက် ခြေသလုံးမှပြတ်ထွက်၊ နွေးနွေးချစ်ကို( ၁၀ နှစ်) ဝဲနို့အုံ ပေါက်ပြဲ၊ မျက်နှာတစ်ဝိုက် မိုင်းစမှန်၊ ကျော်မင်းထွန်း(၂၄ နှစ်) ယာလက်ဖျံနှင့်လက်မောင်း မိုင်းစထိမှန်ဒဏ်ရာများ ရရှိထားပြီး နေမျိုးထွန်း(၁၀ နှစ် )မှာ ခြေသလုံးပြတ်ဒဏ်ရာ ပြင်းထန်သောကြောင့် ပြင်ဦးလွင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသပေးနေရကြောင်း သိရသည်။
''မိုင်းကွဲတာကတော့ အရင်တုန်းက ဖြစ်ဖူးပါတယ်၊ ကျွဲ၊ နွားတွေပဲ နင်းမိပေါက်ကွဲတာမျိုးပေါ့၊ မကွဲတာက တော်တော်ကြာပါပြီ။ ခုဖြစ်တာကလည်း ကံဆိုးလို့ ဖြစ်ရတာပါ၊ လူကိုထိခိုက် မိတာကတော့ ( ကျွန်တော် သိရသလောက်) ဒါက ပထမဆုံးပါပဲ၊ ပြင်ဦးလွင်ကို ပို့လိုက်တဲ့ တစ်ယောက်ကတော့ မနေ့က အခြေ အနေအရ ပို့လိုက်တာပါ၊ ဒီနေ့တော့ ဒဏ်ရာအခြေအနေ သက်သာတယ်လို့သိရပါတယ် အသက် အန္တရာယ် မစိုးရိမ်ရတော့ပါဘူး '' ဟု ရဲအုပ် အောင်နိုင်အေးက ပြောသည်။
နောင်ချိုမြို့အနီးရှိ ဂုတ်ထိပ်တံတား၏ အောက်ခြေတွင် တံတားလုံခြုံရေး အတွက် နှစ်ပေါင်းများစွာက မြှုပ်နှံထားခဲ့သည့် မြမြှေုပ်မိုင်းကွင်းများ ရှိနေသောကြောင့် တားမြစ်နယ်မြေအဖြစ် သတ်မှတ်ထား သော်လည်း ကျွဲ၊ နွားများ မကြာခဏ နင်းမိပေါက်ကွဲတတ်ပြီး ယခုအကြိမ် ပေါက်ကွဲမှုတွင် ဒေသခံ အမျိုးသား(၃)ဦး ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း - နဖြေိုးမြင့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~