တစ်ရက်တာကျင်းပသည့် ကျိုင်းတုံ စော်ဘွားဈေးနေ့ မတ် ၁၇ တွင် ကျင်းပ

တစ်ရက်တာကျင်းပသည့် ကျိုင်းတုံ စော်ဘွားဈေးနေ့ မတ် ၁၇ တွင် ကျင်းပ
မတျ 17, 2017
By Tachileik News Agency
ယနေ့တွင် ကျိုင်းတုံမြို့မဈေးကြီးကို ပိတ်ထားပြီး ဈေးကြီးမှ ဈေးသည်များမှာ စော်ဘွားဈေးတွင် လာရောက် ရောင်းချသည့်အပြင် ကျိုင်းတုံလူမှုကူညီရေးအသင်းမှ ဦးဆောင်၍ ဈေးသို့ တိုင်းရင်းသား ရိုးရာဝတ်စုံများဖြင့် လာရောက်သူများအား ကံစမ်းမဲဖောက်ပေးခြင်း၊ ဖားစည်ကွင်းတွင် တိုင်းရင်းသား အဆိုအကများဖြင့် ဖျော်ဖြေခြင်း၊ ရှမ်းတိုင်းရင်းသား ကလေးငယ်များ၏ ရိုးရာအကများနှင့် ပါလျှံမြို့ တံခါးအနီးတွင် ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော မော်ဒယ်များနှင့် တွဲ၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် စီစဉ်ထားပေးခြင်းများကို လုပ်ဆောင်ပေးထားသည်ကို တွေ့ရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နှစ်စဉ်တစ်ရက်တာ ကျင်းပသည့် ဈေးဟောင်းနေ့(သို့မဟုတ်) စော်ဘွားဈေးနေ့ကို မတ်လ (၁၇)ရက်နေ့က ဈေးတန်းကြီးလမ်းမှ စတင်ကာ ပါလျှံမြို့တံခါး တစ်လျှောက်တွင် ကျင်းပလျှက်ရှိပြီး ဈေးသည်များ၊ ဈေးဝယ်သူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။

“စော်ဘွားဈေးနေ့ သတ်မှတ်ဖို့က တပေါင်းလဆုတ်ရက် အတွင်းဖြစ်ရမယ်။ “စုံ” ရက် မယူဘဲ"မ"ရက် ရွေးရမယ်။ ကျိုင်းတုံမြို့နယ်ထဲက ကတ်တောင်ဈေးနေ့နဲ့ တူရမယ်။ အဲဒီအချက်တွေနဲ့ ကိုက်ညီတဲ့ရက်ကို ဈေးနေ့အဖြစ် သတ်မှတ်ကြတယ်”ဟု ကျိုင်းတုံဒေသခံ ဦးကောင်းမြတ်က ပြောသည်။

ယနေ့တွင် ကျိုင်းတုံမြို့မဈေးကြီးကို ပိတ်ထားပြီး ဈေးကြီးမှ ဈေးသည်များမှာ စော်ဘွားဈေးတွင် လာရောက် ရောင်းချသည့်အပြင် ကျိုင်းတုံလူမှုကူညီရေးအသင်းမှ ဦးဆောင်၍ ဈေးသို့ တိုင်းရင်းသား ရိုးရာဝတ်စုံများဖြင့် လာရောက်သူများအား ကံစမ်းမဲဖောက်ပေးခြင်း၊ ဖားစည်ကွင်းတွင် တိုင်းရင်းသား အဆိုအကများဖြင့် ဖျော်ဖြခြေင်း၊ ရှမ်းတိုင်းရင်းသား ကလေးငယ်များ၏ ရိုးရာအကများနှင့် ပါလျှံမြို့ တံခါးအနီးတွင် ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော မော်ဒယ်များနှင့် တွဲ၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် စီစဉ်ထားပေးခြင်းများကို လုပ်ဆောင်ပေးထားသည်ကို တွေ့ရသည်။

တစ်နှစ်တွင် တစ်ရက်သာ ကျရောက်သည့် စော်ဘွားဈေးနေ့တွင် စော်ဘွား သင်္ချိုင်းသို့လာရောက်ပြီး ပူဇော်ဂါရဝပြုသူများကိုလည်း တွေ့ရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~