မုန္တိုင္းေၾကာင့္ မေကြးတိုင္းေဒသႀကီးအတြင္း ႀကီးမားေသာ ပ်က္စီးဆံုးရံွဴးမႈ မရိွ

မုန္တိုင္းေၾကာင့္ မေကြးတိုင္းေဒသႀကီးအတြင္း ႀကီးမားေသာ ပ်က္စီးဆံုးရံွဴးမႈ မရိွ
ဧပြီ 17, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီးအတြင္း မုန္တုိင္းမိုးေၾကာင့္ ေနျပည္ေတာ္ - မေကြးကားလမ္းရိွ ယင္းေခ်ာင္းတံတား (ယာယီလမ္း)ႏွင့္ မင္းလွၿမိဳ႕နယ္ စစၥႏို႔ - ကန္တုပ္လမ္းပိုင္းရိွ တံတားတို႔ ပ်က္စီးခဲ႔ၿပီး ေရႊစက္ေတာ္ ဘုရားပဲြေတာ္၌ မန္းေခ်ာင္းေရျမင့္တက္ခဲ့ေၾကာင္း သိရသည္။

မာရသာမုန္တိုင္းေၾကာင့္ ဧၿပီလ (၁၆) ရက္ေန႔ညပိုင္းမွ ဧၿပီလ (၁၇) ရက္ေန႔ နံနက္ပိုင္းအထိ မိုးသည္းထန္စြာ ရြာသြန္းခဲ့ျခင္းျဖစ္ၿပီး ပ်က္စီးသြားေသာ တံတားမ်ားကို ေရက်ခ်ိန္ကိုေစာင့္၍ ျပဳျပင္မႈမ်ား အျမန္ဆံုး ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ကြန္ကရစ္တံတားႀကီးက လက္ရိွအစိုးရလက္ထက္မွာ ျပဳျပင္ဆဲကာလျဖစ္လို႔ လမ္းလဲႊထားတဲ႔ ယာယီ ေျမသားလမ္း ေရတိုက္စားပ်က္စီးသြားတာပါ။ ေခ်ာင္းကက်ယ္ေတာ႔ လက္ရိွအေျခအေနမွာ ကားေတြ သြားလို႔ မရေသးဘဲ နတ္ေမာက္ဘက္ကပဲ သြားလို႔ရပါမယ္။ ေရက်ခ်ိန္ကိုေစာင္႔ၿပီး အျမန္ဆံုး ျပဳျပင္ ေပးသြားမွာပါ”ဟု မေကြးတိုင္းေဒသႀကီး အစိုးရအဖဲြ႔ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင္႔ ျပည္သူ႔အင္အား ဝန္ႀကီး ဦးေနမ်ိဳးေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မာရသာမုန္တိုင္းမွာ ဧၿပီလ (၁၆)ရက္ေန႔က မေကြးတိုင္းေဒသႀကီးအတြင္းသို႔ ဝင္ေရာက္ခဲ႔ေသာ္လည္း အားေပ်ာ႔ေနၿပီျဖစ္၍ မိုးမ်ားသျဖင့္ အဆိုပါ လမ္းပိုင္းမ်ား ဆက္သြယ္မႈျပတ္ေတာက္သည္မွလြဲ၍ ႀကီးမားေသာ ပ်က္စီးဆံုးရံွဳးမႈ မရိွေၾကာင္း သိရသည္။

အဆိုပါ မုန္တိုင္းမိုးေၾကာင့္ မင္းလွၿမိဳ႕နယ္ စစၥႏို႔- ကန္တုတ္လမ္းပိုင္း လယ္လွရြာအနီး တံတားငယ္တစ္ခုမွာ ေျမကြၽံၿပီး ၿပိဳပ်က္သြားေၾကာင္း မင္းလွ ၿမိဳ႕နယ္ ေရနံမေဒသခံတစ္ဦးျဖစ္သူ ဦးေက်ာ္စြာဝင္းထံမွ သိရသည္။
မုန္တိုင္းမိုးေၾကာင္႔ မင္းဘူး/စကုၿမိဳ႕နယ္ ေရႊစက္ေတာ္ပြဲေတာ္ကြင္း အတြင္း၌လည္း မန္းေခ်ာင္းေရမ်ား ျမင့္တက္လာကာ လူကူးဝါးတံတားအခ်ိဳ႕ ေရျမဳပ္ေမ်ာပါခဲ့ၿပီး ေအာက္စက္ေတာ္ရာကိုလည္း ဖန္အုပ္ေဆာင္းျဖင့္ ျပန္လည္ ဖုံးအုပ္ထားၿပီးျဖစ္ေၾကာင္း ဘုရားေဂါပကအဖြဲ႔ထံမွ သိရသည္။

“အႏၱရာယ္ျဖစ္ေလာက္ေအာင္အထိ ေရတက္လာတာမ်ိဳးေတာ႔ မဟုတ္ပါဘူး။ ဘုရားဖူးေတြနဲ႔ ေစ်းသည္ေတြကိုလည္း မေန႔ကတည္းက သတိေပးခ်က္ ထုတ္ျပန္ၿပီး ေျပာင္းေရႊ႔ထားႏိုင္ခဲ႔ပါတယ္။ ပြဲေတာ္ထဲက အထူးတံတားေပၚကို ကားေတြျဖတ္သန္းလို႔ရပါေသးတယ္။ အျခားတံတားေတြကေတာ႔ ကားသြားလို႔ မရေတာ့ပါဘူး”ဟု ေဂါပကဥကၠဌ ဦးျမင့္သိန္းက ေျပာသည္။

လြန္ခဲ႔ေသာ (၂၅) ႏွစ္ေက်ာ္ခန္႔က ညပိုင္းတြင္ မန္းေခ်ာင္းေရမ်ား တိုးလာသျဖင္႔ ဘုရားဖူး ျပည္သူအခ်ိဳ႕ႏွင္႔ ေစ်းသည္အခ်ိဳ႕တို႔ အေဆာက္အဦမ်ားႏွင္႔အတူ ေရစီးတြင္ေမ်ာပါအသက္ဆံုးရံွဳးမႈႏွင္႔ ႀကံဳေတြ႔ခဲ့ ရဖူးေသာေၾကာင့္ ယခုႏွစ္တြင္ မုန္တုိင္းသတိေပးခ်က္ထြက္ေပၚသည္ႏွင့္တၿပိဳင္နက္ ႀကိဳတင္ေရႊ႕ေျပာင္းရန္ ေၾကညာခ်က္ထုတ္ျပန္ ဖယ္ရွားခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီးအတွင်း မုန်တိုင်းမိုးကြောင့် နပြေည်တော် - မကွေးကားလမ်းရှိ ယင်းချောင်းတံတား (ယာယီလမ်း)နှင့် မင်းလှမြို့နယ် စစ္စနို့ - ကန်တုပ်လမ်းပိုင်းရှိ တံတားတို့ ပျက်စီးခဲ့ပြီး ရွှေစက်တော် ဘုရားပွဲတော်၌ မန်းချောင်းရမြေင့်တက်ခဲ့ကြောင်း သိရသည်။

မာရသာမုန်တိုင်းကြောင့် ဧပြီလ (၁၆) ရက်နေ့ညပိုင်းမှ ဧပြီလ (၁၇) ရက်နေ့ နံနက်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းဖြစ်ပြီး ပျက်စီးသွားသော တံတားများကို ရေကျချိန်ကိုစောင့်၍ ပြုပြင်မှုများ အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကွန်ကရစ်တံတားကြီးက လက်ရှိအစိုးရလက်ထက်မှာ ပြုပြင်ဆဲကာလဖြစ်လို့ လမ်းလွှဲထားတဲ့ ယာယီ မြေသားလမ်း ရေတိုက်စားပျက်စီးသွားတာပါ။ ချောင်းကကျယ်တော့ လက်ရှိအခြေအနေမှာ ကားတွေ သွားလို့ မရသေးဘဲ နတ်မောက်ဘက်ကပဲ သွားလို့ရပါမယ်။ ရေကျချိန်ကိုစောင့်ပြီး အမြန်ဆုံး ပြုပြင် ပေးသွားမှာပါ”ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးနေမျိုးကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မာရသာမုန်တိုင်းမှာ ဧပြီလ (၁၆)ရက်နေ့က မကွေးတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်ခဲ့သော်လည်း အားပျော့နပြေီဖြစ်၍ မိုးများသဖြင့် အဆိုပါ လမ်းပိုင်းများ ဆက်သွယ်မှုပြတ်တောက်သည်မှလွဲ၍ ကြီးမားသော ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းမိုးကြောင့် မင်းလှမြို့နယ် စစ္စနို့- ကန်တုတ်လမ်းပိုင်း လယ်လှရွာအနီး တံတားငယ်တစ်ခုမှာ မြေကျွံပြီး ပြိုပျက်သွားကြောင်း မင်းလှ မြို့နယ် ရေနံမဒေသခံတစ်ဦးဖြစ်သူ ဦးကျော်စွာဝင်းထံမှ သိရသည်။
မုန်တိုင်းမိုးကြောင့် မင်းဘူး/စကုမြို့နယ် ရွှေစက်တော်ပွဲတော်ကွင်း အတွင်း၌လည်း မန်းချောင်းရေများ မြင့်တက်လာကာ လူကူးဝါးတံတားအချို့ ရမြေုပ်မျောပါခဲ့ပြီး အောက်စက်တော်ရာကိုလည်း ဖန်အုပ်ဆောင်းဖြင့် ပြန်လည် ဖုံးအုပ်ထားပြီးဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

“အန္တရာယ်ဖြစ်လောက်အောင်အထိ ရေတက်လာတာမျိုးတော့ မဟုတ်ပါဘူး။ ဘုရားဖူးတွေနဲ့ ဈေးသည်တွေကိုလည်း မနေ့ကတည်းက သတိပေးချက် ထုတ်ပြန်ပြီး ပြောင်းရွှေ့ထားနိုင်ခဲ့ပါတယ်။ ပွဲတော်ထဲက အထူးတံတားပေါ်ကို ကားတွဖြေတ်သန်းလို့ရပါသေးတယ်။ အခြားတံတားတွေကတော့ ကားသွားလို့ မရတော့ပါဘူး”ဟု ဂေါပကဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။

လွန်ခဲ့သော (၂၅) နှစ်ကျော်ခန့်က ညပိုင်းတွင် မန်းချောင်းရေများ တိုးလာသဖြင့် ဘုရားဖူး ပြည်သူအချို့နှင့် ဈေးသည်အချို့တို့ အဆောက်အဦများနှင့်အတူ ရေစီးတွင်မျောပါအသက်ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ ရဖူးသောကြောင့် ယခုနှစ်တွင် မုန်တိုင်းသတိပေးချက်ထွက်ပေါ်သည်နှင့်တပြိုင်နက် ကြိုတင်ရွှေ့ပြောင်းရန် ကြေညာချက်ထုတ်ပြန် ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~