ရွမ္းျပည္နယ္ ေဒသအလိုက္ အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲ စာတမ္းတင္ျပသည့္ အဖြဲ႕အခ်ိဳ႕ အခ်ိန္မလံုေလာက္ဟုဆို

ရွမ္းျပည္နယ္ ေဒသအလိုက္ အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲ စာတမ္းတင္ျပသည့္ အဖြဲ႕အခ်ိဳ႕ အခ်ိန္မလံုေလာက္ဟုဆို
ဧပြီ 23, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ ေဒသအလိုက္ အမ်ဳိးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲတြင္ စာတမ္းတင္ျပမည့္ အဖြဲ႕အစည္း အခ်ိဳ႕မွာ ေဆြးေႏြးပြဲရက္ အသိေပးခ်ိန္ နီးကပ္လြန္းသည့္ အတြက္ ေဆြးေႏြးပြဲတြင္ ဖတ္ၾကားမည့္စာတမ္း ျပည့္စံုျခင္း မရိွေၾကာင္း ေဆြးေႏြးပြဲ ပထမေန႔ျဖစ္သည့္ ဧၿပီလ (၂၃)ရက္ေန႔တြင္ အဖြဲ႕အခ်ိဳ႕ထံမွ သိရသည္။

“ေဆြးေႏြးပြဲက ညမွသိၿပီး မနက္မွာ ခရီးထြက္ရတယ္။ ဘာအစီအစဥ္မွလည္း မရွိဘူး။ ႀကိဳတင္ ျပင္ဆင္မႈေတြ လုပ္ရေအာင္လည္း အခ်ိန္မရလိုက္ဘူး။ တကယ္တမ္း ဆိုရင္ေတာ့ ျပည္နယ္အဆင့္ ေဆြးေႏြးပြဲဆိုတာက ႀကိဳ တင္ျပင္ဆင္မႈ ရရွိေအာင္ ဌာနဆိုင္ရာေတြ ပါတီေတြအားလံုး ႀကိဳတင္ၿပီးေတာ့ အနည္းဆံုး (၅) ရက္၊ တစ္ပတ္ ေလာက္ေတာ့ အေၾကာင္းၾကားသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အမ်ဳိးသားအဆင့္ ဆိုတာ အရမ္းအေရးႀကီးပါတယ္။ သူတို႔ဖက္ကေနလည္း ကၽြန္ေတာ္တို႔ကို နားလည္ေပးဖို႔ ေျပာပါတယ္။ ဒါေပမယ့္ ေနာက္ဆိုရင္ေတာ့ ႀကိဳတင္ျပင္ဆင္မႈနဲ႕ ေရးဆြဲလို႔ရေအာင္ စီမံရေအာင္ ႀကိဳတင္ေျပာရင္ေတာ့ ေကာင္းပါတယ္” ဟု ေဆြးေႏြးပြဲတက္ေရာက္ေနသည့္ " ဝ " ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ ဥကၠဌ ဦးရန္ေက်ာ္က ေျပာသည္။

ဧၿပီလ (၂၃) ရက္ေန႔ ေဆြးေႏြးပြဲတြင္ အဖြဲ႕အစည္းအသီးသီးမွ ကိုယ္စားလွယ္ (၃၂)ဦးက စာတမ္းမ်ား ဖတ္ၾကားၾကျခင္းျဖစ္ၿပီး ယင္းတို႔အနက္ ပအိုဝ္းအမ်ားသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္က အဖြဲ႕အေနျဖင့္ ျပဳစုထားသည့္ က႑ငါးရပ္အတြက္ စာတမ္းမွ က႑သံုးရပ္ကို တင္ျပသြားေၾကာင္း သိရသည္။

“NCA (တစ္ႏိုင္ငံလံုးအပစ္ရပ္စာခ်ဳပ္)ရဲ႕ ျပဌာန္းခ်က္အရ ျပည္ေထာင္စုအဆင့္ ၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လံု ရယ္၊ ေဒသအလိုက္ အမ်ဳိးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြကို ေအာင္ေအာင္ျမင္ျမင္ ျဖစ္ဖို႔အေရးႀကီးပါတယ္။ ကၽြန္ေတာ္တို႔ ျပင္ဆင္ထားမႈမွာက က႑ (၅)ခုစလံုးနဲ႔ ပတ္သက္တဲ့မူ၀ါဒေတြ ရွိပါတယ္။ ဒီပြဲမွာက ႏိုင္ငံေရး၊ စီးပြားေရး၊ ေျမယာက႑ေတြကို ေဆြးေႏြးသြားမွာျဖစ္ပါတယ္” ဟု ပအို၀္းအမ်ဳိးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO) ဥကၠဌ ဦးျမင့္ထြန္း ကေျပာသည္။

( ၃ )ရက္တာ က်င္းပမည့္ အဆိုပါ ေဆြးေႏြးပြဲတြင္ ဖက္ဒရယ္ကို အေျခခံေသာ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ ေျမယာက႑ (၃)ရပ္အတြက္ အဖြဲ႕အစည္းအသီးသီးမွ (၁၀)မိနစ္စာ စာတမ္းတင္ျပၾကမည္ျဖစ္ၿပီး ယင္းစာတမ္းမ်ားမွ ဖက္ဒရယ္ကို အေျခခံေသာ နိုင္ငံေရး၊ စီးပြားေရး၊ ေျမယာႏွင့္ သယံဇာတဆိုင္ရာ မူ၀ါဒအတြက္ စာတမ္းတစ္ေစာင္ကို ၂၁ ရာစု ပင္လံုညီလာခံတြင္ ေဆြးေႏြးရန္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“သိရတာက မေန႔ရဲ႕ေရွ႕တစ္ရက္က (ဧၿပီလ ၂၁ ရက္ေန႔)ပဲသိရတာပါ။ စာတမ္းအခ်က္အလက္ေတြ ျပည့္စံုဖို႔က ကမန္းကတန္းႀကီးျဖစ္သြားေတာ့ မျပည့္စံုဘူးျဖစ္ေနပါတယ္။ ဒီလိုစာတမ္းဖတ္ပြဲက ခ်က္ခ်င္းႀကီးၿပီးဖို႔ဆိုတာ မလြယ္ဘူးေလ။ အခ်ိန္ေတာ့ေပးရမယ္” ဟု ေတာင္ႀကီးၿမိဳ႕ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ အတြင္းေရးမွဴး ေဒၚနန္းျမဦးက ေျပာသည္။

၂၁ ရာစု ပင္လံုညီလာခံအတြက္ ျပည္နယ္အတြင္း လူမ်ိဳးအလိုက္ ႏုိင္ငံေရးေဆြးေႏြးပြဲမ်ားႏွင့္ ရွမ္းျပည္နယ္ အရပ္ဖက္အဖြဲ႕အစည္းမ်ား၏ ႏုိင္ငံေရးအႀကိဳေဆြးေႏြးပြဲ ကို က်င္းပခဲ့ၾကၿပီး ယခုက်င္းပေနသည့္ ရွမ္းျပည္နယ္ ေဒသအလိုက္ အမ်ဳိးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲမွ ေဆြးေႏြးမႈမ်ားမွာလည္း ၂၁ ရာစု ပင္လံုညီလာခံအတြက္ ျပင္ဆင္ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႕ ဖက္ကေနလည္း အေကာင္းဆံုးျဖစ္ေအာင္ေတာ့ ျပင္ဆင္ပါထားတယ္။ ရတဲ့အခ်ိန္ေလးနဲ႕ အေကာင္းဆံုးျဖစ္ေအာင္ စီစဥ္ေပးပါတယ္။ အဖြဲ႕အစည္းအလႊာအစံု ဖိတ္ၾကားထားပါတယ္။ ကၽြန္ေတာ္တို႔ကိုလည္း ဧၿပီလ (၁၉) ရက္ေန႔မွာ အေၾကာင္းၾကားလာတာနဲ႕ ခ်က္ခ်င္းစီစဥ္ပါတယ္။ ကၽြန္ေတာ္တို႔လည္း က႑စံုေအာင္ ဖိတ္ၾကားေပးပါ တယ္”ဟု ေဆြးေႏြးပြဲ ဖိတ္ၾကားေရး၊ ႀကိဳဆိုေရးနွင့္ တည္းခိုေရး တာဝန္ယူထားသည့္ ေကာ္မတီ ဥကၠဌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရး၀န္ႀကီး ေဒါက္တာမ်ဳိးထြန္းက ေျပာသည္။

အဆိုပါ ေဆြးေႏြးပြဲသို႔ ျပည္နယ္အစိုးရအဖြဲ႕၊ လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕၊ ျပည္နယ္အဆင့္ ဌာနဆိုင္ရာ အဖြဲ႕၊ ရွမ္းျပည္နယ္တြင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ (၅)ဖြဲ႕၊ ရွမ္းျပည္နယ္တြင္းမွ ႏုိင္ငံေရးပါတီ (၂၃)ခု၊ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕၊ NCA လက္မွတ္ေရးထိုးထားသည့္ ရွမ္းျပည္နယ္တြင္း လက္နက္က္ိုင္အဖြဲ႕ (၂)ဖြဲ႕ျဖစ္သည့္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS)ႏွင့္ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရး အဖြဲ႕ခ်ဳပ္ (PNLO)၊ ၿမိဳ႕နယ္အလိုက္စာတမ္းဖတ္ၾကားသူမ်ားအပါအဝင္ စုစုေပါင္း ကိုယ္စားလွယ္ (၄၂၆)ဦး တက္ေရာက္ေဆြးေႏြးေနျခင္းျဖစ္ေၾကာင္းသိရသည္။

သတင္း - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် စာတမ်းတင်ပြမည့် အဖွဲ့အစည်း အချို့မှာ ဆွေးနွေးပွဲရက် အသိပေးချိန် နီးကပ်လွန်းသည့် အတွက် ဆွေးနွေးပွဲတွင် ဖတ်ကြားမည့်စာတမ်း ပြည့်စုံခြင်း မရှိကြောင်း ဆွေးနွေးပွဲ ပထမနေ့ဖြစ်သည့် ဧပြီလ (၂၃)ရက်နေ့တွင် အဖွဲ့အချို့ထံမှ သိရသည်။

“ဆွေးနွေးပွဲက ညမှသိပြီး မနက်မှာ ခရီးထွက်ရတယ်။ ဘာအစီအစဉ်မှလည်း မရှိဘူး။ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ရအောင်လည်း အချိန်မရလိုက်ဘူး။ တကယ်တမ်း ဆိုရင်တော့ ပြည်နယ်အဆင့် ဆွေးနွေးပွဲဆိုတာက ကြို တင်ပြင်ဆင်မှု ရရှိအောင် ဌာနဆိုင်ရာတွေ ပါတီတွေအားလုံး ကြိုတင်ပြီးတော့ အနည်းဆုံး (၅) ရက်၊ တစ်ပတ် လောက်တော့ အကြောင်းကြားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားအဆင့် ဆိုတာ အရမ်းအရေးကြီးပါတယ်။ သူတို့ဖက်ကနေလည်း ကျွန်တော်တို့ကို နားလည်ပေးဖို့ ပြောပါတယ်။ ဒါပေမယ့် နောက်ဆိုရင်တော့ ကြိုတင်ပြင်ဆင်မှုနဲ့ ရေးဆွဲလို့ရအောင် စီမံရအောင် ကြိုတင်ပြောရင်တော့ ကောင်းပါတယ်” ဟု ဆွေးနွေးပွဲတက်ရောက်နေသည့် " ဝ " ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဥက္ကဌ ဦးရန်ကျော်က ပြောသည်။

ဧပြီလ (၂၃) ရက်နေ့ ဆွေးနွေးပွဲတွင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် (၃၂)ဦးက စာတမ်းများ ဖတ်ကြားကြခြင်းဖြစ်ပြီး ယင်းတို့အနက် ပအိုဝ်းအများသားလွတ်မြောက်ရေးအဖွဲ့ချုပ်က အဖွဲ့အနဖြေင့် ပြုစုထားသည့် ကဏ္ဍငါးရပ်အတွက် စာတမ်းမှ ကဏ္ဍသုံးရပ်ကို တင်ပြသွားကြောင်း သိရသည်။

“NCA (တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်)ရဲ့ ပြဌာန်းချက်အရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ရယ်၊ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အောင်အောင်မြင်မြင် ဖြစ်ဖို့အရေးကြီးပါတယ်။ ကျွန်တော်တို့ ပြင်ဆင်ထားမှုမှာက ကဏ္ဍ (၅)ခုစလုံးနဲ့ ပတ်သက်တဲ့မူဝါဒတွေ ရှိပါတယ်။ ဒီပွဲမှာက နိုင်ငံရေး၊ စီးပွားရေး၊ မြေယာကဏ္ဍတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဌ ဦးမြင့်ထွန်း ကပြောသည်။

( ၃ )ရက်တာ ကျင်းပမည့် အဆိုပါ ဆွေးနွေးပွဲတွင် ဖက်ဒရယ်ကို အခြေခံသော နိုင်ငံရေး၊ စီးပွားရေးနှင့် မြေယာကဏ္ဍ (၃)ရပ်အတွက် အဖွဲ့အစည်းအသီးသီးမှ (၁၀)မိနစ်စာ စာတမ်းတင်ပြကြမည်ဖြစ်ပြီး ယင်းစာတမ်းများမှ ဖက်ဒရယ်ကို အခြေခံသော နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနှင့် သယံဇာတဆိုင်ရာ မူဝါဒအတွက် စာတမ်းတစ်စောင်ကို ၂၁ ရာစု ပင်လုံညီလာခံတွင် ဆွေးနွေးရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“သိရတာက မနေ့ရဲ့ရှေ့တစ်ရက်က (ဧပြီလ ၂၁ ရက်နေ့)ပဲသိရတာပါ။ စာတမ်းအချက်အလက်တွေ ပြည့်စုံဖို့က ကမန်းကတန်းကြီးဖြစ်သွားတော့ မပြည့်စုံဘူးဖြစ်နေပါတယ်။ ဒီလိုစာတမ်းဖတ်ပွဲက ချက်ချင်းကြီးပြီးဖို့ဆိုတာ မလွယ်ဘူးလေ။ အချိန်တော့ပေးရမယ်” ဟု တောင်ကြီးမြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဒေါ်နန်းမြဦးက ပြောသည်။

၂၁ ရာစု ပင်လုံညီလာခံအတွက် ပြည်နယ်အတွင်း လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ရှမ်းပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများ၏ နိုင်ငံရေးအကြိုဆွေးနွေးပွဲ ကို ကျင်းပခဲ့ကြပြီး ယခုကျင်းပနေသည့် ရှမ်းပြည်နယ် ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ ဆွေးနွေးမှုများမှာလည်း ၂၁ ရာစု ပင်လုံညီလာခံအတွက် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဖက်ကနေလည်း အကောင်းဆုံးဖြစ်အောင်တော့ ပြင်ဆင်ပါထားတယ်။ ရတဲ့အချိန်လေးနဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးပါတယ်။ အဖွဲ့အစည်းအလွှာအစုံ ဖိတ်ကြားထားပါတယ်။ ကျွန်တော်တို့ကိုလည်း ဧပြီလ (၁၉) ရက်နေ့မှာ အကြောင်းကြားလာတာနဲ့ ချက်ချင်းစီစဉ်ပါတယ်။ ကျွန်တော်တို့လည်း ကဏ္ဍစုံအောင် ဖိတ်ကြားပေးပါ တယ်”ဟု ဆွေးနွေးပွဲ ဖိတ်ကြားရေး၊ ကြိုဆိုရေးနှင့် တည်းခိုရေး တာဝန်ယူထားသည့် ကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့၊ ရှမ်းပြည်နယ်တွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ (၅)ဖွဲ့၊ ရှမ်းပြည်နယ်တွင်းမှ နိုင်ငံရေးပါတီ (၂၃)ခု၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့၊ NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်နယ်တွင်း လက်နက်ကို်င်အဖွဲ့ (၂)ဖွဲ့ဖြစ်သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြို့နယ်အလိုက်စာတမ်းဖတ်ကြားသူများအပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၄၂၆)ဦး တက်ရောက်ဆွေးနွေးနခြေင်းဖြစ်ကြောင်းသိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~