လယ္ယာေျမပိုင္ဆိုင္ခြင့္ ဆံုးျဖတ္ခ်က္အား မေက်နပ္၍ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးေရွ႕တြင္ ညီအစ္မႏွစ္ဦး ဆႏၵထုတ္ေဖာ္

လယ္ယာေျမပိုင္ဆိုင္ခြင့္ ဆံုးျဖတ္ခ်က္အား မေက်နပ္၍ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရံုးေရွ႕တြင္ ညီအစ္မႏွစ္ဦး ဆႏၵထုတ္ေဖာ္
ဧပြီ 3, 2017
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕နယ္ရွိ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုးေရွ႕ မေကြး - မင္းဘူး ကားလမ္းမေဘး၌ ဧၿပီ (၃)ရက္ နံနက္(၉)နာရီအခ်ိန္က လယ္ယာေျမပိုင္ဆိုင္ ခြင့္ဆံုးျဖတ္ခ်က္အား မေက်နပ္သည့္ အမ်ိဳးသမီး(၂)ဦး ၿငိမ္းခ်မ္းစြာရပ္တန္႔၍ ဆႏၵ ေဖာ္ထုတ္ၾကေၾကာင္းသိရသည္။

အဆိုပါ အမ်ိဳးသမီး(၂)ဦးမွာ စလင္းၿမိဳ႕နယ္ ေတာစိမ္႔ေက်းရြာမွ ေတာင္သူညီအစ္မႏွစ္ဦးျဖစ္ၾကၿပီး “လယ္ယာေျမ ဥပေဒအတိုင္း တရားမွ်တမႈရိွပါေစ”စာသားပါ ဗီႏိုင္းတို႔ကို ကိုင္ေဆာင္၍ ရပ္တန္႔ ဆႏၵေဖာ္ထုတ္ၾကျခင္းျဖစ္သည္။

“ကြ်န္မတို႔ ပိုင္ဆိုင္တဲ့ ဘိုးဘြားပိုင္ယာေျမရဲ႕ တစ္ဝက္ကို တျခားတစ္ေယာက္ကို လုပ္ပိုင္ခြင္႔ေပးခဲ႔တဲ႔ ရပ္/ေက်းနဲ႔ စလင္းၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခဲြေရးအဖဲြ႔ရဲ႕ အတည္ျပဳဆံုးျဖတ္ခ်က္အေပၚ မေက်နပ္လို႔ အခုလို ဆႏၵေဖာ္ထုတ္ရတာပါ”ဟု ဆႏၵထုတ္ေဖာ္သူတစ္ဦးျဖစ္သည့္ ေဒၚမာခ်ိဳက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စလင္းၿမိဳ႕နယ္ ေတာစိမ္႔ေက်းရြာ အေနာက္ကြင္း ပံုစံ(၇)ရရိွထားသည္႔ ဦးပိုင္အမွတ္(၈၁)၊ ကြင္း အမွတ္(၅၇၇)ရိွ ဘိုးဘြားပိုင္ယာေျမ (၆.၇၁)ဧက၏ တစ္ဝက္အား အျခားတစ္ေယာက္ကို လုပ္ပိုင္ခြင္႔ေပးရန္ ေတာစိမ္႔ေက်းရြာ ရပ္/ေက်းလယ္ယာေျမစီမံခန္႔ခဲြမႈေကာ္မတီႏွင္႔ စလင္းၿမိဳ႕နယ္ လယ္ယာေျမစီမံခန္႔ခဲြေရး အဖဲြ႔မွ အတည္ျပဳဆံုးျဖတ္ခဲ႔သည္႔အေပၚ မေက်နပ္၍ သက္ဆိုင္ရာသို႔ ခြင္႔ျပဳ ခ်က္ရယူကာ ဆႏၵထုတ္ေဖာ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မကွေး - မင်းဘူး ကားလမ်းမဘေး၌ ဧပြီ (၃)ရက် နံနက်(၉)နာရီအချိန်က လယ်ယာမြေပိုင်ဆိုင် ခွင့်ဆုံးဖြတ်ချက်အား မကျေနပ်သည့် အမျိုးသမီး(၂)ဦး ငြိမ်းချမ်းစွာရပ်တန့်၍ ဆန္ဒ ဖော်ထုတ်ကြကြောင်းသိရသည်။

အဆိုပါ အမျိုးသမီး(၂)ဦးမှာ စလင်းမြို့နယ် တောစိမ့်ကျေးရွာမှ တောင်သူညီအစ်မနှစ်ဦးဖြစ်ကြပြီး “လယ်ယာမြေ ဥပဒေအတိုင်း တရားမျှတမှုရှိပါစေ”စာသားပါ ဗီနိုင်းတို့ကို ကိုင်ဆောင်၍ ရပ်တန့် ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။

“ကျွန်မတို့ ပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်ယာမြေရဲ့ တစ်ဝက်ကို တခြားတစ်ယောက်ကို လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ ရပ်/ကျေးနဲ့ စလင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ရဲ့ အတည်ပြုဆုံးဖြတ်ချက်အပေါ် မကျေနပ်လို့ အခုလို ဆန္ဒဖော်ထုတ်ရတာပါ”ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးဖြစ်သည့် ဒေါ်မာချိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စလင်းမြို့နယ် တောစိမ့်ကျေးရွာ အနောက်ကွင်း ပုံစံ(၇)ရရှိထားသည့် ဦးပိုင်အမှတ်(၈၁)၊ ကွင်း အမှတ်(၅၇၇)ရှိ ဘိုးဘွားပိုင်ယာမြေ (၆.၇၁)ဧက၏ တစ်ဝက်အား အခြားတစ်ယောက်ကို လုပ်ပိုင်ခွင့်ပေးရန် တောစိမ့်ကျေးရွာ ရပ်/ကျေးလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီနှင့် စလင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့မှ အတည်ပြုဆုံးဖြတ်ခဲ့သည့်အပေါ် မကျေနပ်၍ သက်ဆိုင်ရာသို့ ခွင့်ပြု ချက်ရယူကာ ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~