မိုင္းေယာင္းတြင္ ဆိုလာမီီးအပူလြန္ကဲ၍ ေနအိမ္ႏွစ္လံုးႏွင့္ ေထာ္လာဂ်ီယာဥ္တစ္စီး မီးေလာင္ဆံုးရႈံး

မိုင္းေယာင္းတြင္ ဆိုလာမီီးအပူလြန္ကဲ၍ ေနအိမ္ႏွစ္လံုးႏွင့္ ေထာ္လာဂ်ီယာဥ္တစ္စီး မီးေလာင္ဆံုးရႈံး
မေ 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပုိင္း တာခ်ီလိတ္ခရုိင္၊ မုိင္းေယာင္းၿမဳိ႕နယ္၊ ၀မ္တပ္ေက်းရြာအုပ္စု၊ ၀မ္ဘန္းေက်းရြာတြင္ ေမလ ( ၄) ရက္ေန႔ မြန္းလြဲ(၁)နာရီခဲြ၀န္းက်င္က  ဆုိလာမီးအပူလြန္ကဲရာမွ  မီးစတင္ေလာင္ကၽြမ္းရာ ေနအိမ္ႏွစ္လံုးႏွင့္ ေထာ္လာဂ်ီ အမ်ဳိးအစားယာဥ္တစ္စီး မီးေလာင္ ဆံုးရႈံးမႈျဖစ္ပြားေၾကာင္း သိရသည္။

မုိင္းေယာင္းၿမဳိ႕နယ္၊ ဝမ္တပ္ေက်းရြာအုပ္စု၊  ဝမ္ဘန္းေက်းရြာေန  ဦးနန္ဥ၏ ေနအိမ္ရွိ ဆုိလာမီး အပူလြန္ကဲရာမွ  မီးကူးစက္ေလာင္ကၽြမ္းသျဖင့္ မိုင္းေယာင္းၿမဳိ႕နယ္မီးသတ္ဦးစီးဌာနမွ မီးသတ္ယာဥ္ ႏွစ္စီးႏွင့္ အတူ မီးသတ္တပ္ဖဲြ႕၀င္မ်ား၊ အရန္မီးသတ္တပ္ဖဲြ႕ဝင္မ်ား၊ ဌာနဆုိင္ရာမ်ား၊ ၿမဳိ႕နယ္ ရဲတပ္ဖဲြ႕၀င္မ်ား၊ ၾကက္ေျခနီတပ္ဖဲြ႕ဝင္မ်ားႏွင့္ ေက်းရြာေနျပည္သူမ်ားက ဝိုင္းဝန္းၿငိမ္းသတ္ခဲ့သျဖင့္ ညေန (၂) နာရီခဲြခန္႔တြင္ မီးလံုး၀ၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္   ဦးနန္ဥႏွင့္ ဦးနန္က်င္တုိ႔၏ ပ်ဥ္ကာ ၊ အုတ္ၾကြပ္မုိး၊ ေျခတံရွည္အိမ္ႏွစ္လံုးႏွင့္ ေထာ္လာဂ်ီယာဥ္တစ္စီး မီးေလာင္ဆံုးရံႈးခဲ့ၿပီး မီးေဘးသင့္ျပည္သူမ်ားအား ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းႏုိင္ေအာင္ႏွင့္ တာ၀န္ရွိသူမ်ားက လုိအပ္သည္မ်ား ကူညီေဆာင္ရြက္ေပးလ်က္ ရွိေၾကာင္း သိရသည္။

အဆုိပါ မီးစတင္ေလာင္ကၽြမ္းခဲ့သည့္ အိမ္ပုိင္ရွင္ ဦးနန္ဥ အား မုိင္းေယာင္းၿမဳိ႕မရဲစခန္းတြင္  အမႈဖြင့္ အေရးယူ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

သတင္း - ေ၀ယံလင္း
ဓာတ္ပံု - မိုင္းေယာင္း ျပန္/ဆက္


~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယောင်းတွင် ဆိုလာမီးအပူလွန်ကဲ၍ နေအိမ်နှစ်လုံးနှင့် ထော်လာဂျီယာဉ်တစ်စီး မီးလောင်ဆုံးရှုံး 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်ဘန်းကျေးရွာတွင် မေလ ( ၄) ရက်နေ့ မွန်းလွဲ(၁)နာရီခွဲဝန်းကျင်က ဆိုလာမီးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းရာ နေအိမ်နှစ်လုံးနှင့် ထော်လာဂျီ အမျိုးအစားယာဉ်တစ်စီး မီးလောင် ဆုံးရှုံးမှုဖြစ်ပွားကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု၊ ဝမ်ဘန်းကျေးရွာနေ ဦးနန်ဥ၏ နေအိမ်ရှိ ဆိုလာမီး အပူလွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းသဖြင့် မိုင်းယောင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် နှစ်စီးနှင့် အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနပြေည်သူများက ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ညနေ (၂) နာရီခွဲခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဦးနန်ဥနှင့် ဦးနန်ကျင်တို့၏ ပျဉ်ကာ၊ အုတ်ကြွပ်မိုး၊ ခြေတံရှည်အိမ်နှစ်လုံးနှင့် ထော်လာဂျီယာဉ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ မီးစတင်လောင်ကျွမ်းခဲ့သည့် အိမ်ပိုင်ရှင် ဦးနန်ဥ အား မိုင်းယောင်းမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း -ေဝယံလင်း
ဓာတ်ပုံ - မိုင်းယောင်း ပြန်/ဆက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~