ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မေလ (၂၄) ရက်နေ့ ညနေ (၃)နာရီအချိန်ခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းများကျိုးကာ တယ်လီဖုန်းလိုင်းကြိုးတိုင် ကျိုးကျခြင်းနှင့် လျှပ်စစ်မီးလိုင်းတို့ ပြတ်တောက်ခြင်းများ ဖြစ်ပေါ်သဖြင့် သက်ဆိုင်ရာက ရှင်းလင်း နေကြောင်း သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများ ပျက်စီးခြင်းမရှိသော်လည်း သစ်ပင်များ ကျိုးကျခြင်း၊ တယ်လီဖုန်းကြိုးတိုင်အချို့ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဝမ်ဟွေရပ်ကွက် စိန်ရတနာ တည်းခိုခန်းရှေ့တွင် ရေအားလျှပ်စစ်ကြိုးပေါ် သစ်ပင်ကျိုးကျသဖြင့် လျှပ်စစ်မီးပြတ်တောက်သွားကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ
မိုးသက်လပြေင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများ ပျက်စီးခြင်းမရှိသော်လည်း သစ်ပင်များ ကျိုးကျခြင်း၊ တယ်လီဖုန်းကြိုးတိုင်အချို့ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဝမ်ဟွေရပ်ကွက် စိန်ရတနာ တည်းခိုခန်းရှေ့တွင် ရေအားလျှပ်စစ်ကြိုးပေါ် သစ်ပင်ကျိုးကျသဖြင့် လျှပ်စစ်မီးပြတ်တောက်သွားကြောင်း သိရသည်။
လျှပ်စစ်မီးကြိုးများ ပျက်စီးမှုအား မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင် ဦးစီးပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကန်လုံရေအား လျှပ်စစ်မှ ဝန်ထမ်းများနှင့် မြို့နေလူထုတို့က ဝိုင်းဝန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုသာ