ေက်ာက္မဲ၌ က်င္းပသည့္ မီးသတ္တပ္ဖြဲ႔ေန႔ အခမ္းအနားတြင္ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ ၄၅ ဦး ပါဝင္ သရုပ္ျပ

ေက်ာက္မဲ၌ က်င္းပသည့္ မီးသတ္တပ္ဖြဲ႔ေန႔ အခမ္းအနားတြင္ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္ ၄၅ ဦး ပါဝင္ သရုပ္ျပ
မေ 5, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ေမလ (၅) ရက္ေန႔ န့နက္ပိုင္း က်င္းပသည့္ (၇၁) ႏွစ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔ေန႔ အခမ္းအနားအား သေႏၶမီးသတ္တပ္ဖြဲ႔ဝင္ (၄၅) ဦးျဖင့္ သရုပ္ျပသမႈ လုပ္ေဆာင္ေၾကာင္း သိရသည္။

“ ေရွးေခတ္အဆက္ဆက္ကတည္းက တာဝန္ထမ္းေဆာင္ခဲ့တဲ့ မီးသတ္သမားႀကီးမ်ားရဲ့ ဂုဏ္ေက်းဇူးကို အသိအမွတ္ျပဳတဲ့ အေနန႔ဲ က်င္းပရျခင္းျဖစ္သလို ျပည္သူ႔ဝန္ေဆာင္မႈအေနနဲ႔ လက္ရွိကာလမွာေရာ တာဝန္ထမ္းေဆာင္ေနတဲ့ တပ္ဖြဲ႔ဝင္အားလံုးကို ဂုဏ္ျပဳလိုတဲ့ရည္ရြယ္ခ်က္နဲ႔ က်င္းပရျခင္းျဖစ္ပါတယ္”ဟု ေက်ာက္မဲၿမိဳ႕နယ္ မီးသတ္ဦးစီးဌာန ဦးစီးအရာရွိ ဦးေဇာ္မင္းဦးက ေျပာသည္။

အဆိုပါ အခမ္းအနားသို႔ စစ္ဘက္နယ္ဘက္အရာရွိမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ခရိုင္ႏွင့္ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ားႏွင့္အတူ ဧည့္ပရိသတ္ဦးေရ(၁၂၀)ခန္႔တက္ေရာက္ခဲ့ၾကၿပီး ေက်ာက္မဲၿမိဳ႕နယ္အတြင္း ရပ္ကြက္ႀကီး(၉)ခုမွ မီးေဘးလံုၿခံဳေရးတာဝန္ရွိသူ ေက်းရြာဥကၠဌမ်ားအား ဂုဏ္ျပဳလက္မွတ္မ်ား ခ်ီးျမႇင့္ေၾကာင္း သိရသည္။

“ေနာက္ႏွစ္ေတြက်ရင္ေတာ့ ျပည္သူလူထုေတြလည္း မီးသတ္တပ္ဖြဲ႔ေတြအေပၚ ပိုၿပီးယံုၾကည္မႈ ရွိလာေစဖို႔အတြက္ ဒီႏွစ္တင္ျပတဲ့ျပကြက္ေတြထက္ ပိုေကာင္းတဲ့ျပကြက္ေတြနဲ႔ သရုပ္ျပ ျပသသြားဖို႔ အစီအစဥ္ရွိပါတယ္။ ျမန္မာတစ္ႏိုင္ငံလံုးမွာရွိတဲ့ ျပည္သူအေပါင္း သဘာဝေဘးအႏၱရာယ္ေတြကေန ကင္းေဝးၾကပါေစလို႔ မီးသတ္တပ္ဖြဲ႔ေန႔ အခမ္းအနားအထိမ္းအမွတ္အေနနဲ႔ ဆုမြန္ေကာင္း ေတာင္းေပးပါတယ္”ဟု ၿမိဳ႕နယ္မီးသတ္ဦးစီးဌာနမွ ဦးစီးအရာရွိက ေျပာသည္။

ယင္းအခမ္းအနားတြင္ အိမ္တြင္းလ်ွပ္တစ္ျပက္မီးၿငိႇမ္းသတ္နည္းမ်ား၊ ႏိုင္ငံတကာအဆင့္မီ မီးသတ္ပစၥည္း ကိရိယာမ်ား၊ သဘာဝေဘးအႏၱရာယ္မ်ား၊ ယာဥ္မေတာ္တဆမႈမ်ားတြင္ အခ်ိန္မီ ကယ္ဆယ္ေရး လုပ္ေဆာင္ႏိုင္မည့္ ပစၥည္းကိရိယာမ်ားျဖင့္ သရုပ္ျပတင္ဆက္မႈမ်ားျပဳလုပ္ခဲ့သည္။

၂၀၁၆ ခုႏွစ္ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ ျမန္မာတစ္ႏိုင္ငံလံုးတြင္ မီးေလာင္မႈအႀကိမ္ေရ (၁၈၄၇)ႀကိမ္ ျဖစ္ပြားခဲ့ၿပီး အိမ္ေျခအေဆာက္အဦ (၅၈၁၇) လံုး၊ စက္ရံုအလုပ္ရံု(၁၈)လံုး၊ ဂိုေဒါင္(၅၈)လံုး မီးေလာင္ကၽြမ္းခဲ့ကာ မီးေဘးေၾကာင့္ ေသဆံုးသူ (၆၇)ဦး၊ ဒဏ္ရာရရွိသူ(၂၂၂၄)ဦး၊ မီးေဘးသင့္ျပည္သူအေရအတြက္မွာ (၁၂၁၀၀၈) ဦး ရိွေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် မေလ (၅) ရက်နေ့ န့နက်ပိုင်း ကျင်းပသည့် (၇၁) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအား သန္ဓမေီးသတ်တပ်ဖွဲ့ဝင် (၄၅) ဦးဖြင့် သရုပ်ပြသမှု လုပ်ဆောင်ကြောင်း သိရသည်။

“ ရှေးခေတ်အဆက်ဆက်ကတည်းက တာဝန်ထမ်းဆောင်ခဲ့တဲ့ မီးသတ်သမားကြီးများရဲ့ ဂုဏ်ကျေးဇူးကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကျင်းပရခြင်းဖြစ်သလို ပြည်သူ့ဝန်ဆောင်မှုအနေနဲ့ လက်ရှိကာလမှာရော တာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်အားလုံးကို ဂုဏ်ပြုလိုတဲ့ရည်ရွယ်ချက်နဲ့ ကျင်းပရခြင်းဖြစ်ပါတယ်”ဟု ကျောက်မဲမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းဦးက ပြောသည်။

အဆိုပါ အခမ်းအနားသို့ စစ်ဘက်နယ်ဘက်အရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ဧည့်ပရိသတ်ဦးရေ(၁၂၀)ခန့်တက်ရောက်ခဲ့ကြပြီး ကျောက်မဲမြို့နယ်အတွင်း ရပ်ကွက်ကြီး(၉)ခုမှ မီးဘေးလုံခြုံရေးတာဝန်ရှိသူ ကျေးရွာဥက္ကဌများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ကြောင်း သိရသည်။

“နောက်နှစ်တွေကျရင်တော့ ပြည်သူလူထုတွေလည်း မီးသတ်တပ်ဖွဲ့တွေအပေါ် ပိုပြီးယုံကြည်မှု ရှိလာစေဖို့အတွက် ဒီနှစ်တင်ပြတဲ့ပြကွက်တွေထက် ပိုကောင်းတဲ့ပြကွက်တွေနဲ့ သရုပ်ပြ ပြသသွားဖို့ အစီအစဉ်ရှိပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူအပေါင်း သဘာဝဘေးအန္တရာယ်တွေကနေ ကင်းဝေးကြပါစေလို့ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားအထိမ်းအမှတ်အနေနဲ့ ဆုမွန်ကောင်း တောင်းပေးပါတယ်”ဟု မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိက ပြောသည်။

ယင်းအခမ်းအနားတွင် အိမ်တွင်းလျှပ်တစ်ပြက်မီးငြှိမ်းသတ်နည်းများ၊ နိုင်ငံတကာအဆင့်မီ မီးသတ်ပစ္စည်း ကိရိယာများ၊ သဘာဝဘေးအန္တရာယ်များ၊ ယာဉ်မတော်တဆမှုများတွင် အချိန်မီ ကယ်ဆယ်ရေး လုပ်ဆောင်နိုင်မည့် ပစ္စည်းကိရိယာများဖြင့် သရုပ်ပြတင်ဆက်မှုများပြုလုပ်ခဲ့သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မြန်မာတစ်နိုင်ငံလုံးတွင် မီးလောင်မှုအကြိမ်ရေ (၁၈၄၇)ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ခြေအဆောက်အဦ (၅၈၁၇) လုံး၊ စက်ရုံအလုပ်ရုံ(၁၈)လုံး၊ ဂိုဒေါင်(၅၈)လုံး မီးလောင်ကျွမ်းခဲ့ကာ မီးဘေးကြောင့် သေဆုံးသူ (၆၇)ဦး၊ ဒဏ်ရာရရှိသူ(၂၂၂၄)ဦး၊ မီးဘေးသင့်ပြည်သူအရေအတွက်မှာ (၁၂၁၀၀၈) ဦး ရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~