တပ္မေတာ္ေလယာဥ္ Y-8 မေတာ္တဆျဖစ္စဥ္တြင္ ကြယ္လြန္သြားၾကသူမ်ားအတြက္ တာခ်ီလိတ္မွ ေစတနာရွင္မ်ားက က်ပ္သိန္း(၄၀)ေက်ာ္ စတင္လွဴဒါန္း

တပ္မေတာ္ေလယာဥ္ Y-8 မေတာ္တဆျဖစ္စဥ္တြင္ ကြယ္လြန္သြားၾကသူမ်ားအတြက္ တာခ်ီလိတ္မွ ေစတနာရွင္မ်ားက က်ပ္သိန္း(၄၀)ေက်ာ္ စတင္လွဴဒါန္း
ဇွန် 8, 2017
By Tachileik News Agency

၂၀၁၇ခုႏွစ္ ဇြန္လ(၇)ရက္ေန႔က ျဖစ္ပြားခဲ့သည့္ တပ္မေတာ္ေလယာဥ္ Y-8 မေတာ္တဆျဖစ္စဥ္တြင္ ကြယ္လြန္သြားၾကသည့္ တပ္မေတာ္သားမ်ားႏွင့္ မိသားစု၀င္မ်ားအား တာခ်ီလိတ္ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ား၏ ကူညီေထာက္ပံ့မႈ အစီအစဥ္ျဖင့္ ပါ၀င္ေဆာင္ရြက္ရန္ အတြက္ ေစတနာရွင္မ်ားက တာခ်ီလိတ္ၿမိဳ႕ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားအနီးတြင္ ဖြင့္လွစ္ထားရွိသည့္ CNCMC ရံုးသို႔ လာေရာက္၍ လွဴဒါန္းလာၾကရာ သိန္း(၄၀)နီးပါ ရရွိေၾကာင္း သိရသည္။

အဆိုပါ ရံုးသို႔ ဦးျမင့္ဦး(မုတ္ဆိတ္) ႏွင့္ MOA Group မွ သတၱဳလုပ္ငန္းရွင္မ်ားက ေငြက်ပ္သိန္း(၂၀)၊ စိုင္းေလာင္ဟိန္း သတၱဳတူးေဖာ္ေရးလုပ္ငန္းမွ ဦးတင္ႏြယ္ + ေဒၚနန္းခမ္းေအာင္ မိသားစုက က်ပ္(၁၀)သိန္း၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊ + ေဒၚ၀င္း၀င္းသန္႔ မိသားစုမွ က်ပ္(၃)သိန္း အျပင္ ဦးေအာင္ၿဖဳိးရွိန္ (သူရိယသကၤန္းတိုက္)၊ ဦးေန၀င္း( BT ဆီပန္႔ )၊ ဦးခင္ေမာင္ျမင့္ (ေရႊမဟာကိုယ္ပိုင္ အထက္တန္းေက်ာင္း)၊ ကိုရဲထြန္းသိန္း (ကိုသားႀကီး) + မမူမူ မိသားစုတို႔မွ က်ပ္(၁)သိန္းစီ၊ ကိုသီလေက်ာ္ဆင့္ + မယဥ္မီေအာင္(ေငြစင္သိုက္ ေငြလႊဲလုပ္ငန္း)မွ ေငြက်ပ္(၁)သိန္း၊ ဦးစည္သူေမာင္ + ေဒၚနန္းၾကာျဖဴ၊ ဦးထြန္း(မယ္ဆိုင္) ႏွင့္ မိသားစု၊ ဦးေမာင္လွ(ဆင္ျဖဴေတာ္ကေဖး) ႏွင့္ မိသားစု၊ ဦးစိုင္းလြယ္ခမ္း + ေဒၚနန္းငယ္(ေရႊဥၾသ)၊ ဦးေအာင္ျမင့္ရွိန္(အရွည္ႀကီး)တို႔မွ ေငြက်ပ္ငါးေသာင္းစီ လည္းေကာင္း ဇြန္လ(၈)ရက္ေန႔ နံနက္ပိုင္းက အသီးသီး လွဴဒါန္းလာရာ CNCMC ေကာ္မတီရံုးမွ ေကာ္မတီ ဥကၠဌ ဦးေအာင္ၿဖဳိးရွိန္ႏွင့္ တာ၀န္ရွိသူမ်ားက လက္ခံရခဲ့ၾကေၾကာင္း သိရသည္။

တပ္မေတာ္ေလယာဥ္ Y-8 မေတာ္တဆျဖစ္စဥ္ေၾကာင့္ ဇြန္လ(၈)ရက္ေန႔ မြန္းလြဲ (၃)နာရီ(၃၀)မိနစ္ခန္႔အထိ ရွာေဖြေတြ႕ရွိခဲ့ေသာ အမ်ိဳးသားရုပ္အေလာင္း(၁)ေလာင္း၊ အမ်ိဳးသမီး ရုပ္အေလာင္း (၂၀)ေလာင္း၊ ကေလးရုပ္အေလာင္း (၈)ေလာင္းတို႔အား တပ္မေတာ္စစ္ေရယာဥ္မ်ားျဖင့္ ပို႔ေဆာင္ခဲ့ရာ ညေန ၅ နာရီတြင္ ေလာင္းလံုၿမိဳ႕နယ္၊ စန္းလန္းေက်းရြာသို႔ေရာက္ရွိၿပီး ထား၀ယ္ၿမိဳ႕ရွိ တပ္မေတာ္ေဆးရံုသို႔ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ဆက္လက္ပို႔ေဆာင္လ်က္ရွိေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားေၾကာင္း သိရသည္။

သတင္း - ေမာင္ယဥ္ေက်း


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၇ခုနှစ် ဇွန်လ(၇)ရက်နေ့က ဖြစ်ပွားခဲ့သည့် တပ်မတော်လေယာဉ် Y-8 မတော်တဆဖြစ်စဉ်တွင် ကွယ်လွန်သွားကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များအား တာချီလိတ်မြို့သူ၊ မြို့သားများ၏ ကူညီထောက်ပံ့မှု အစီအစဉ်ဖြင့် ပါဝင်ဆောင်ရွက်ရန် အတွက် စေတနာရှင်များက တာချီလိတ်မြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးတွင် ဖွင့်လှစ်ထားရှိသည့် CNCMC ရုံးသို့ လာရောက်၍ လှူဒါန်းလာကြရာ သိန်း(၄၀)နီးပါ ရရှိကြောင်း သိရသည်။

အဆိုပါ ရုံးသို့ ဦးမြင့်ဦး(မုတ်ဆိတ်) နှင့် MOA Group မှ သတ္တုလုပ်ငန်းရှင်များက ငွေကျပ်သိန်း(၂၀)၊ စိုင်းလောင်ဟိန်း သတ္တုတူးဖော်ရေးလုပ်ငန်းမှ ဦးတင်နွယ် + ဒေါ်နန်းခမ်းအောင် မိသားစုက ကျပ်(၁၀)သိန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ + ဒေါ်ဝင်းဝင်းသန့် မိသားစုမှ ကျပ်(၃)သိန်း အပြင် ဦးအောင်ဖြိုးရှိန် (သူရိယသင်္ကန်းတိုက်)၊ ဦးနေဝင်း( BT ဆီပန့် )၊ ဦးခင်မောင်မြင့် (ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း)၊ ကိုရဲထွန်းသိန်း (ကိုသားကြီး) + မမူမူ မိသားစုတို့မှ ကျပ်(၁)သိန်းစီ၊ ကိုသီလကျော်ဆင့် + မယဉ်မီအောင်(ငွေစင်သိုက် ငွေလွှဲလုပ်ငန်း)မှ ငွေကျပ်(၁)သိန်း၊ ဦးစည်သူမောင် + ဒေါ်နန်းကြာဖြူ၊ ဦးထွန်း(မယ်ဆိုင်) နှင့် မိသားစု၊ ဦးမောင်လှ(ဆင်ဖြူတော်ကဖေး) နှင့် မိသားစု၊ ဦးစိုင်းလွယ်ခမ်း + ဒေါ်နန်းငယ်(ရွှေဥသြ)၊ ဦးအောင်မြင့်ရှိန်(အရှည်ကြီး)တို့မှ ငွေကျပ်ငါးသောင်းစီ လည်းကောင်း ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းက အသီးသီး လှူဒါန်းလာရာ CNCMC ကော်မတီရုံးမှ ကော်မတီ ဥက္ကဌ ဦးအောင်ဖြိုးရှိန်နှင့် တာဝန်ရှိသူများက လက်ခံရခဲ့ကြကြောင်း သိရသည်။

တပ်မတော်လေယာဉ် Y-8 မတော်တဆဖြစ်စဉ်ကြောင့် ဇွန်လ(၈)ရက်နေ့ မွန်းလွဲ (၃)နာရီ(၃၀)မိနစ်ခန့်အထိ ရှာဖွေတွေ့ရှိခဲ့သော အမျိုးသားရုပ်အလောင်း(၁)လောင်း၊ အမျိုးသမီး ရုပ်အလောင်း (၂၀)လောင်း၊ ကလေးရုပ်အလောင်း (၈)လောင်းတို့အား တပ်မတော်စစ်ရေယာဉ်များဖြင့် ပို့ဆောင်ခဲ့ရာ ညနေ ၅ နာရီတွင် လောင်းလုံမြို့နယ်၊ စန်းလန်းကျေးရွာသို့ရောက်ရှိပြီး ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

သတင်း - မောင်ယဉ်ကျေး 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~