ရွမ္းျပည္နယ္လႊတ္ေတာ္ႏွင့္ အရပ္ဘက္အဖြဲ႕မ်ား ဆက္လက္အေကာင္အထည္ေဖၚမည့္အခ်က္မ်ား ဆံုးျဖတ္မည္

ရွမ္းျပည္နယ္လႊတ္ေတာ္ႏွင့္ အရပ္ဘက္အဖြဲ႕မ်ား ဆက္လက္အေကာင္အထည္ေဖၚမည့္အခ်က္မ်ား ဆံုးျဖတ္မည္
ဇွန် 12, 2017
By Tachileik News Agency

ရွမ္းျပည္နယ္လႊတ္ေတာ္ ပိုမိုအားေကာင္းလာေစေရးအတြက္ ျပည္နယ္တြင္း အရပ္ဘက္အဖြဲ႕မ်ားႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ခ်ိတ္ဆက္အေကာင္အထည္ေဖၚမည့္ အခ်က္မ်ားကို ႏွစ္ရက္တာ အလုပ္ရံု ေဆြးေႏြးပြဲမွ ဆံုးျဖတ္မည္ျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္ႏွင့္ ရွမ္းျပည္နယ္အရပ္ဘက္အဖြဲ႕အစည္းမ်ားၾကား ထိေရာက္ေသာ ပူးေပါင္း ေဆာင္ရြက္မႈ အခြင့္အလမ္းဆိုင္ရာ ညိႇႏိႈင္းအစည္းအေဝးပြဲအား ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ ဇြန္လ (၁၂) ရက္ေန႔က ဒုတိယေျမာက္ေန႔အျဖစ္ က်င္းပေနျခင္းျဖစ္သည္။

“အားေကာင္းတဲ့ ျပည္သူ႔လႊတ္ေတာ္တစ္ရပ္ျဖစ္ဖို႔အတြက္ အရပ္ဘက္လူမႈအဖြဲ႕အစည္းရဲ႕အသံ၊ ဆႏၵေတြ သူတို႔တိုင္ပင္ညိႇႏိႈင္းမႈေတြလုပ္ဖို႔ လိုအပ္တာကိုေတြ႕တဲ့အတြက္ အခုလိုေဆြးေႏြးမႈေတြ စီစဥ္ေပးတာ ျဖစ္ပါတယ္။ တစ္ဖက္မွာ လူမႈဖြဲ႕စည္းနဲ႕ တစ္ဖက္မွာက လႊတ္ေတာ္ရွိတယ္။ လႊတ္ေတာ္နဲ႔ ျပည္သူ ပူးေပါင္းေဆာင္ရြက္ဖို႔ အတြက္ ပိုမိုအားေကာင္းတဲ့ အႀကံဥာဏ္ေတြကို စုစည္းမွာပါ။ ေတြ႕ဆံုမႈမွာရတဲ႕ အႀကံဥာဏ္ေတြ ဘယ္လို အေကာင္အထည္ေဖာ္မလဲဆိုတဲ့ သေဘာတူညီခ်က္ေလး ရလာမွာပါ”ဟု အလုပ္ရံု ေဆြးေႏြးပြဲမွ ဦးေဆာင္ ေဆြးေႏြးသူ Equality Myanmar မွ Executive Director ဦးေအာင္မ်ိဳးမင္းက  ေျပာသည္။

လႊတ္ေတာ္တြင္ ျပည္သူ႔အသံ၊ ျပည္သူ႔ဆႏၵရယူရာတြင္ အရပ္ဘက္ဖြဲ႕အစည္းကြန္ယက္မ်ားႏွင့္ လႊတ္ေတာ္ကိုယ္စားမ်ား ဆက္သြယ္ေဆာင္ရြက္ရန္၊ လႊတ္ေတာ္တြင္ လုပ္ေဆာင္ႏုိင္သည့္ အေၾကာင္းအရာမ်ားအား ျပည္သူမ်ား နားလည္ေစရန္ ရည္ရြယ္၍ အဆိုပါအလုပ္ရံုေဆြးေႏြးပြဲအား က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

“တခ်ိဳ႕ အရပ္ဘက္ဖြဲ႕အစည္းေတြက လြတ္ေတာ္ကိုယ္စားလွယ္ေတြကို အားကိုးရမယ္ဆိုတာေတာ့ သိတယ္။ လႊတ္ေတာ္ရဲ႕ လုပ္ထံုးလုပ္နည္းကို ေသခ်ာမသိၾကတာ ရွိတယ္။ လႊတ္ေတာ္မွာက လုပ္နိုင္တာ ရွိသလို မလုပ္နိုင္တဲ့ အရာေတြရွိတယ္။ လႊတ္ေတာ္မွာက ကန္႔သတ္ခ်က္ေတြနဲ႔ နည္းဥပေဒေတြရွိတယ္။ ဒါေတြကို ေသခ်ာမသိတဲ့ အခါမွာ ကိုယ္လုပ္ေပးသမွ် လုပ္သမွ်ေတြကို လႊတ္ေတာ္က လုပ္ေပးႏိုိင္မယ္ဆိုၿပီး ေမွ်ာ္လင့္ခ်က္ေတြကို ကၽြန္ေတာ္တို႕ ေတြ႕ရတယ္။ ေဆြးေႏြးမႈရလဒ္ေတြက ပြင့္ပြင့္လင္းလင္း ေဆြးေႏြး ႏိုင္တဲ့ ပတ္၀န္းက်င္ျဖစ္ေအာင္ ေမွ်ာ္လင့္ထားတာ ရလဒ္ (၁)ပါ။ အေကာင္းဆံုး အႀကံေပးနိုင္မႈက ရလဒ္ (၂)ပါ။ လက္ေတြ႕မွာ ဘယ္လိုလုပ္ ေဆာင္သြားမလဲဆိုတာက ရလဒ္ (၃)ပါ”ဟု Equality Myanmar မွ Executive Director ဦးေအာင္မ်ိဳးမင္းက ေျပာသည္။

အဆိုပါအလုပ္ရံုေဆြးေႏြးပြဲအား ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ ႏွစ္ရက္တာက်င္းပေနျခငး္ျဖစ္ၿပီး ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္တြင္း အရပ္ဘက္အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား စုစုေပါင္း လူဦးေရ (၁၈၀)ခန္႔ တက္ေရာက္ေနေၾကာင္း သိရသည္။

ကုလသမဂၢဖြံ႕ၿဖိဳးမႈအစီအစဥ္ (UNDP)၏ပံ့ပိုးမႈျဖင့္က်င္းပသည့္ အဆိုပါ အလုပ္ရံုေဆြးေႏြးပြဲသို႔ ရွမ္းျပည္နယ္တြင္းမွ အရပ္ဘက္အဖြဲ႕အစည္းမ်ားအားလံုး ပါဝင္ႏုိင္ေရးေဆာင္ရြက္ထားေသာ္လည္း နယ္ေျမက်ယ္ျပန္႔ၿပီး အဖြဲ႕အစည္းမ်ားသည့္အတြက္ အားလံုးပါဝင္ႏုိင္ေရး အခက္အခဲ ရိွခဲ့ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်လွှတ်တော် ပိုမိုအားကောင်းလာစေရေးအတွက် ပြည်နယ်တွင်း အရပ်ဘက်အဖွဲ့များနှင့် လွှတ်တော် ကိုယ်စားလှယ်များ ချိတ်ဆက်အကောင်အထည်ဖော်မည့် အချက်များကို နှစ်ရက်တာ အလုပ်ရုံ ဆွေးနွေးပွဲမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်နှင့် ရှမ်းပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများကြား ထိရောက်သော ပူးပေါင်း ဆောင်ရွက်မှု အခွင့်အလမ်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲအား ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဇွန်လ (၁၂) ရက်နေ့က ဒုတိယမြောက်နေ့အဖြစ် ကျင်းပနခြေင်းဖြစ်သည်။

“အားကောင်းတဲ့ ပြည်သူ့လွှတ်တော်တစ်ရပ်ဖြစ်ဖို့အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းရဲ့အသံ၊ ဆန္ဒတွေ သူတို့တိုင်ပင်ညှိနှိုင်းမှုတွေလုပ်ဖို့ လိုအပ်တာကိုတွေ့တဲ့အတွက် အခုလိုဆွေးနွေးမှုတွေ စီစဉ်ပေးတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ လူမှုဖွဲ့စည်းနဲ့ တစ်ဖက်မှာက လွှတ်တော်ရှိတယ်။ လွှတ်တော်နဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် ပိုမိုအားကောင်းတဲ့ အကြံဉာဏ်တွေကို စုစည်းမှာပါ။ တွေ့ဆုံမှုမှာရတဲ့ အကြံဉာဏ်တွေ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတဲ့ သဘောတူညီချက်လေး ရလာမှာပါ”ဟု အလုပ်ရုံ ဆွေးနွေးပွဲမှ ဦးဆောင် ဆွေးနွေးသူ Equality Myanmar မှ Executive Director ဦးအောင်မျိုးမင်းက ပြောသည်။

လွှတ်တော်တွင် ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒရယူရာတွင် အရပ်ဘက်ဖွဲ့အစည်းကွန်ယက်များနှင့် လွှတ်တော်ကိုယ်စားများ ဆက်သွယ်ဆောင်ရွက်ရန်၊ လွှတ်တော်တွင် လုပ်ဆောင်နိုင်သည့် အကြောင်းအရာများအား ပြည်သူများ နားလည်စေရန် ရည်ရွယ်၍ အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

“တချို့ အရပ်ဘက်ဖွဲ့အစည်းတွေက လွတ်တော်ကိုယ်စားလှယ်တွေကို အားကိုးရမယ်ဆိုတာတော့ သိတယ်။ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းကို သေချာမသိကြတာ ရှိတယ်။ လွှတ်တော်မှာက လုပ်နိုင်တာ ရှိသလို မလုပ်နိုင်တဲ့ အရာတွေရှိတယ်။ လွှတ်တော်မှာက ကန့်သတ်ချက်တွေနဲ့ နည်းဥပဒေတွေရှိတယ်။ ဒါတွေကို သေချာမသိတဲ့ အခါမှာ ကိုယ်လုပ်ပေးသမျှ လုပ်သမျှတွေကို လွှတ်တော်က လုပ်ပေးနိုင်မယ်ဆိုပြီး မျှော်လင့်ချက်တွေကို ကျွန်တော်တို့ တွေ့ရတယ်။ ဆွေးနွေးမှုရလဒ်တွေက ပွင့်ပွင့်လင်းလင်း ဆွေးနွေး နိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် မျှော်လင့်ထားတာ ရလဒ် (၁)ပါ။ အကောင်းဆုံး အကြံပေးနိုင်မှုက ရလဒ် (၂)ပါ။ လက်တွေ့မှာ ဘယ်လိုလုပ် ဆောင်သွားမလဲဆိုတာက ရလဒ် (၃)ပါ”ဟု Equality Myanmar မှ Executive Director ဦးအောင်မျိုးမင်းက ပြောသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲအား တောင်ကြီးမြို့ မြို့တော်ခန်းမတွင် နှစ်ရက်တာကျင်းပနခြေငး်ဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တွင်း အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ (၁၈၀)ခန့် တက်ရောက်နေကြောင်း သိရသည်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ပံ့ပိုးမှုဖြင့်ကျင်းပသည့် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်တွင်းမှ အရပ်ဘက်အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ရေးဆောင်ရွက်ထားသော်လည်း နယ်မြေကျယ်ပြန့်ပြီး အဖွဲ့အစည်းများသည့်အတွက် အားလုံးပါဝင်နိုင်ရေး အခက်အခဲ ရှိခဲ့ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~