ရွမ္းျပည္နယ္လႊတ္ေတာ္ႏွင့္ အရပ္ဖက္အဖြဲ႕အစည္းမ်ား ပူးေပါင္းေဆာင္ရြက္ေရး အလုပ္ရံု ေဆြးေႏြးပြဲ က်င္းပ

ရွမ္းျပည္နယ္လႊတ္ေတာ္ႏွင့္ အရပ္ဖက္အဖြဲ႕အစည္းမ်ား ပူးေပါင္းေဆာင္ရြက္ေရး အလုပ္ရံု ေဆြးေႏြးပြဲ က်င္းပ
ဇွန် 11, 2017
By Tachileik News Agency

ရွမ္းျပည္နယ္လႊတ္ေတာ္ႏွင့္ ရွမ္းျပည္နယ္အရပ္ဖက္အဖြဲ႕အစည္းမ်ားအၾကား ထိေရာက္ေသာ ပူးေပါင္းေဆာင္ရြက္မႈ အခြင့္အလမ္းဆိုင္ရာ ညိႇႏိႈင္းအစည္းအေဝးပြဲအား ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ ဇြန္လ (၁၁)ရက္ေန႔ နံနက္ပိုင္းက စတင္က်င္းပေနေၾကာင္း သိရသည္။

အဆိုပါ အလုပ္ရံုေဆြးေႏြးပြဲအား ေတာင္ႀကီးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ ႏွစ္ရက္တာက်င္းပမည္ျဖစ္ၿပီး ျပည္နယ္လႊတ္ေတာ္ဥကၠဌအပါအ၀င္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္တြင္း အရပ္ဖက္အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ား စုစုေပါင္း လူဦးေရ (၁၈၀)ခန္႔ တက္ေရာက္ေနေၾကာင္း သိရသည္။

ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ဇြန္လ (၁၀)ရက္ေန႔တြင္ ျပည္သူ႔လႊတ္ေတာ္ဥကၠဌႏွင့္ ေတြ႔ဆံုၿပီး လႊတ္ေတာ္ႏွင့္ပတ္သက္သည့္ကိစၥရပ္မ်ား ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ႏိုႏို



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်လွှတ်တော်နှင့် ရှမ်းပြည်နယ်အရပ်ဖက်အဖွဲ့အစည်းများအကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပွဲအား ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဇွန်လ (၁၁)ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပနေကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် နှစ်ရက်တာကျင်းပမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဌအပါအဝင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်တွင်း အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ (၁၈၀)ခန့် တက်ရောက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် ဇွန်လ (၁၀)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် တွေ့ဆုံပြီး လွှတ်တော်နှင့်ပတ်သက်သည့်ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~