ရွမ္းျပည္နယ္(အေရွ႕ပိုင္း )ျမိဳ႕နယ္(၉) ၿမိဳ႕နယ္အတြင္းမွ ႏွာေခါင္းကြဲ၊ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ေဝဒနာရွင္ မ်ားအား က်ိဳင္းတုံၿမိဳ႕ရိွ ကုတင္(၃၀၀)ဆံ့ တပ္မေတာ္ေဆးရုံတြင္ ျပည္တြင္းျပည္ပမွ ဆရာဝန္မ်ားျဖင့္ ဇူလိုင္လ(၂၄)ရက္မွ (၂၈)ရက္ေန႔ အထိ အခမဲ့ ခြဲစိတ္ေပးသြားမည္ျဖစ္သျဖင့္ အမည္စာရင္း ေပးသြင္းႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ကုသမႈအစီအစဥ္အား Smile Train Foundation က စီစဥ္ျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ၿမိဳ႕နယ္မ်ားျဖစ္သည့္ က်ိဳင္းတုံ၊ တာခ်ီလိတ္၊ မိုင္းျဖတ္၊ မိုင္းယန္း၊ မိုင္းခတ္၊ မိုင္းေယာင္း၊ မိုင္းပ်ဥ္း၊ မိုင္းတုံ၊ မိုင္းဆတ္တို႔မွ ႏွာေခါင္းကြဲ၊ အာေခါင္ကြဲ၊ ႏႈတ္ခမ္းကြဲ ကုသမႈခံယူလုိသူမ်ားအေနျဖင့္ က်ိဳင္းတုံလူမႈကူညီ ေစာင့္ေရွာက္ေရးအသင္းထံတြင္ စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။
"ကၽြန္ေတာ့္ဆီကို Smile Train Foundation ကေနၿပီးေတာ့ ရွမ္း/အေရွ႕မွာရိွတဲ့ ႏွာေခါင္းကြဲ၊ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ေဝဒနာရွင္ေတြကို အခမဲ့ကုသေပးဖို ့ရိွတဲ့အတြက္ လူနာစာရင္းေတြကို စုထားေပးဖို ့ အကူအညီ ေတာင္းလာတာေၾကာင့္ ကၽြန္ေတာ္တို ့အသင္းအေနနဲ ့ ဝန္းရံကူညီေပးတာပါ။ ေနာက္လ (၂၄)ရက္ေန႔ကေန (၂၈)ရက္ေန ့အထိ ခြဲစိတ္ကုသမႈေတြ လုပ္ဖို ့လ်ာထားပါတယ္။ အခုလက္ရိွအခ်ိန္ထိေတာ့ နာမည္စာရင္း လာေပးထားတာ တစ္ေယာက္ပဲ ရိွပါေသးတယ္။ ဒီလကုန္ေနာက္ဆုံးထားၿပီး နာမည္ စာရင္းေတြကို ေပးသြင္းေစခ်င္ပါတယ္"ဟု က်ိဳင္းတုံလူမႈကူညီေစာင့္ေရွာက္ေရးအသင္း ဥကၠဌ ဦးစိုင္းေဇာ္မင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လိုအပ္ေသာ ခြဲစိတ္ကုသမႈမ်ား ျပဳလုပ္ႏိုင္ရန္အတြက္ က်ိဳင္းတုံၿမိဳ႕ ကုတင္(၃၀၀)ဆံ့ တပ္မေတာ္ေဆးရုံကို အသုံးျပဳခြင့္အား ႀတိဂံေဒသတိုင္းစစ္ဌာခ်ဳပ္ တိုင္းမွဴးထံ အကူအညီေတာင္းခံထားေၾကာင္း ၎ထံမွ သိရသည္။
"Smile Train Foundation က ဒီကိုလာၿပီး ကုသမႈေတြလုပ္တဲ့အခါမွာ ျပည္တြင္း၊ျပည္ပက ဆရာ၀န္ႀကီးေတြလည္း ပါမယ္လို႔ သိရပါတယ္။ ၿပီးရင္ က်ိဳင္းတုံက မဟုတ္ဘဲ တစ္ျခားၿမိဳ႕ေတြက ေဝဒနာရွင္ေတြကိုလည္း ခရီးစရိတ္နဲ ့ စားေသာက္စရိတ္ေတြကို ကူညီေပးသြားမွာပါ"ဟု ဦးစိုင္းေဇာ္မင္းက ေျပာသည္။
က်ိဳင္းတုံၿမိဳ႕တြင္ ႏွာေခါင္းကြဲ၊ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ေဝဒနာရွင္မ်ားကို အခမဲ့ လာေရာက္ ခြဲစိတ္ကုသ ေပးျခင္းမွာ ပထမဆုံးအႀကိမ္ျဖစ္ေၾကာင္း သိရသည္။
ကုသမႈခံယူလိုသူမ်ားအေနျဖင့္ သက္ဆိုင္ရာ ေက်းရြာ၊ ရပ္ကြက္၊ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးရုံးမ်ားတြင္ေသာ္ လည္းေကာင္း ၊ ဦးစိုင္းေဇာ္မင္း ဖုန္း- ၀၉၅၂၅၀၁၂၁၊ ဦးခင္ေမာင္ထြန္း ဖုန္း- ၀၉၄၅၈၀၃၁၀၆၈ ႏွင့္ ဦးသိန္းတန္ ဖုန္း- ၀၉၄၂၈၂၁၉၂၉၉ တို႔ထံ ဆက္သြယ္၍ေသာ္လည္းေကာင္း နာမည္စာရင္း ေပးသြင္း ႏိုင္ေၾကာင္း သိရသည္။
သတင္း - #ဇြဲျမတ္
ရှမ်းပြည်နယ်(အရှေ့ပိုင်း )မြို့နယ်(၉) မြို့နယ်အတွင်းမှ နှာခေါင်းကွဲ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် များအား ကျိုင်းတုံမြို့ရှိ ကုတင်(၃၀၀)ဆံ့ တပ်မတော်ဆေးရုံတွင် ပြည်တွင်းပြည်ပမှ ဆရာဝန်များဖြင့် ဇူလိုင်လ(၂၄)ရက်မှ (၂၈)ရက်နေ့ အထိ အခမဲ့ ခွဲစိတ်ပေးသွားမည်ဖြစ်သဖြင့် အမည်စာရင်း ပေးသွင်းနိုင်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုသမှုအစီအစဉ်အား Smile Train Foundation က စီစဉ်ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်များဖြစ်သည့် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းယောင်း၊ မိုင်းပျဉ်း၊ မိုင်းတုံ၊ မိုင်းဆတ်တို့မှ နှာခေါင်းကွဲ၊ အာခေါင်ကွဲ၊ နှုတ်ခမ်းကွဲ ကုသမှုခံယူလိုသူများအနဖြေင့် ကျိုင်းတုံလူမှုကူညီ စောင့်ရှောက်ရေးအသင်းထံတွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
"ကျွန်တော့်ဆီကို Smile Train Foundation ကနပြေီးတော့ ရှမ်း/အရှေ့မှာရှိတဲ့ နှာခေါင်းကွဲ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်တွေကို အခမဲ့ကုသပေးဖို့ရှိတဲ့အတွက် လူနာစာရင်းတွေကို စုထားပေးဖို့ အကူအညီ တောင်းလာတာကြောင့် ကျွန်တော်တို့အသင်းအနေနဲ့ ဝန်းရံကူညီပေးတာပါ။ နောက်လ (၂၄)ရက်နေ့ကနေ (၂၈)ရက်နေ့အထိ ခွဲစိတ်ကုသမှုတွေ လုပ်ဖို့လျာထားပါတယ်။ အခုလက်ရှိအချိန်ထိတော့ နာမည်စာရင်း လာပေးထားတာ တစ်ယောက်ပဲ ရှိပါသေးတယ်။ ဒီလကုန်နောက်ဆုံးထားပြီး နာမည် စာရင်းတွေကို ပေးသွင်းစေချင်ပါတယ်"ဟု ကျိုင်းတုံလူမှုကူညီစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဦးစိုင်းဇော်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လိုအပ်သော ခွဲစိတ်ကုသမှုများ ပြုလုပ်နိုင်ရန်အတွက် ကျိုင်းတုံမြို့ ကုတင်(၃၀၀)ဆံ့ တပ်မတော်ဆေးရုံကို အသုံးပြုခွင့်အား တြိဂံဒေသတိုင်းစစ်ဌာချုပ် တိုင်းမှူးထံ အကူအညီတောင်းခံထားကြောင်း၎င်းထံမှ သိရသည်။
"Smile Train Foundation က ဒီကိုလာပြီး ကုသမှုတွေလုပ်တဲ့အခါမှာ ပြည်တွင်း၊ပြည်ပက ဆရာဝန်ကြီးတွေလည်း ပါမယ်လို့ သိရပါတယ်။ ပြီးရင် ကျိုင်းတုံက မဟုတ်ဘဲ တစ်ခြားမြို့တွေက ဝေဒနာရှင်တွေကိုလည်း ခရီးစရိတ်နဲ့ စားသောက်စရိတ်တွေကို ကူညီပေးသွားမှာပါ"ဟု ဦးစိုင်းဇော်မင်းက ပြောသည်။
ကျိုင်းတုံမြို့တွင် နှာခေါင်းကွဲ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို အခမဲ့ လာရောက် ခွဲစိတ်ကုသ ပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
ကုသမှုခံယူလိုသူများအနဖြေင့် သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးများတွင်သော် လည်းကောင်း၊ ဦးစိုင်းဇော်မင်း ဖုန်း- ဝ၉၅၂၅၀၁၂၁၊ ဦးခင်မောင်ထွန်း ဖုန်း- ဝ၉၄၅၈၀၃၁၀၆၈ နှင့် ဦးသိန်းတန် ဖုန်း- ဝ၉၄၂၈၂၁၉၂၉၉ တို့ထံ ဆက်သွယ်၍သော်လည်းကောင်း နာမည်စာရင်း ပေးသွင်း နိုင်ကြောင်း သိရသည်။
သတင်း - #ဇွဲမြတ်