စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စိုက်ပျိုးရေး၊ ကျန်းမာရေးနှင့် အခြေခံ အဆောက်အဦများတွင် အရည်အသွေးမြင့် ပစ္စည်းများ အသုံးပြုနိုင်ရေး အတွက် နိုင်ငံခြားသား ကုမ္ပဏီများအား အဆိုပါ ကဏ္ဍများအတွက် သွင်းအားစုများ ကုန်သွယ်ခွင့်ပြုလိုက်ကြောင်း သိရသည်။
အဆိုပါ ကြော်ငြာချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုနှင့် ပတ်သက်သည့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်မျဉ်းများအရ လည်းကောင်း၊ နိုင်ငံတော်၏ စီးပွားရေး မူဝါဒအရ လည်းကောင်း၊ နိုင်ငံ၏ စိုက်ပျိုးရေး၊ ပြည်သူများ၏ ကျန်းမာရေး ကဏ္ဍနှင့် အခြေခံအဆောက်အဦများ အတွက် အရည်အသွေး ပိုမိုကောင်းမွန်သော ပစ္စည်းများ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးကိရိယာနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအတွက် သတ်မှတ်ထားသည့် HS Code များအတိုင်း နိုင်ငံခြားသား ကုမ္ပဏီများကို ကုန်သွယ်ခွင့် ပြုလိုက်ကြောင်း ဖော်ပြထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၂၀၁၇ ခုနှစ် ဇွန်လ (၁၂)ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၃၆/၂၀၁၇ ဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါ ကြော်ငြာချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုနှင့် ပတ်သက်သည့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်မျဉ်းများအရ လည်းကောင်း၊ နိုင်ငံတော်၏ စီးပွားရေး မူဝါဒအရ လည်းကောင်း၊ နိုင်ငံ၏ စိုက်ပျိုးရေး၊ ပြည်သူများ၏ ကျန်းမာရေး ကဏ္ဍနှင့် အခြေခံအဆောက်အဦများ အတွက် အရည်အသွေး ပိုမိုကောင်းမွန်သော ပစ္စည်းများ အသုံးပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြသြေဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးကိရိယာနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအတွက် သတ်မှတ်ထားသည့် HS Code များအတိုင်း နိုင်ငံခြားသား ကုမ္ပဏီများကို ကုန်သွယ်ခွင့် ပြုလိုက်ကြောင်း ဖော်ပြထားသည်။
ကုန်သွယ်မှုပြုမည့် နိုင်ငံခြားကုမ္ပဏီများသည် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော စံချိန်စံညွှန်း ညီသည့် ကုန်ပစ္စည်းများအား လက်လီ၊ လက်ကားရောင်းချခွင့်ရမည်ဖြစ်ကြောင်းသိရသည်။