~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ထိုင်းနိုင်ငံတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ အနေဖြင့် မယ်ဆိုင် - တာချီလိတ် နယ်စပ်ဂိတ်ဝင်ပေါက်မှတစ်ဆင့် နေရပ်သို့ပြန်လိုသူများ မိမိအလုပ်ရှင်(သို့) အလုပ်ရှင်၏ကိုယ်စားလှယ်တစ်ဦးနှင့်အတူ မယ်ဆိုင်မြို့ လဝက( သောမော ) သို့ ဦးစွာသတင်းပို့ရပါမည်။
ထိုင်းလဝကနှင့် CNCMC ပူးပေါင်းအစီအစဉ်ဖြင့် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်ကာ သက်ဆိုင်ရာ အဖွဲ့အစည်းများ ( ထွေအုပ် / မြန်မာနိုင်ငံရဲတပ်ဖွဲ့ / လူကုန်တား / လဝက/အလည ) မှ လိုအပ်သည်များကို ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည် ။
မှတ်ချက် ။ ။ ပွဲစားများနှင့်ဆောင်ရွက်ခြင်းမပြုဘဲ မယ်ဆိုင်လဝကရုံးသို့ တိုက်ရိုက်သတင်းပို့ပါရန်နှင့် အခက်အခဲ တစ်စုံတစ်ရာရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
၀၈၅၀၃၈၈၈၈၇ ၊ ၀၈၉၇၅၅၈၇၂၉
#CNCMC Tachileik