က်ိဳင္းတံု - တာခ်ီလိတ္လမ္း တာေက်ာက္ရြာအနီးတြင္ ေတာင္ၿပိဳ၍ လမ္းပန္းဆက္သြယ္မႈ ေခတၱျပတ္ေတာက္

က်ိဳင္းတံု - တာခ်ီလိတ္လမ္း တာေက်ာက္ရြာအနီးတြင္ ေတာင္ၿပိဳ၍ လမ္းပန္းဆက္သြယ္မႈ ေခတၱျပတ္ေတာက္
သြဂုတ် 7, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတံု - တာခ်ီလိတ္လမ္း  မိုင္းျဖတ္ၿမိဳ႕နယ္ တာေက်ာက္ေက်းရြာ အနီးတြင္ ၾသဂုတ္လ (၇)ရက္ နံနက္(၇)နာရီခြဲခန္႔က ေတာင္ၿပိဳမႈျဖစ္ေပၚခဲ့သည့္အတြက္ လမ္းပန္းဆက္သြယ္မႈ ေခတၱျပတ္ေတာက္ခဲ့ရေၾကာင္း သိရသည္။

"ကၽြန္ေတာ္ ဒီမနက္ က်ိဳင္းတုံကေန မိုင္းျဖတ္ျပန္ဖို ့ ထြက္လာတာ တာေက်ာက္ရြာနားေရာက္ေတာ့ လမ္းေပၚကို ေတာင္ေပၚကေန ေက်ာက္တုံးေတြက်ၿပီးေတာ့ လမ္းပိတ္ေနတာကို ေတြ ့ခဲ့ရတယ္။ တခ်ိဳ႕ ေက်ာက္တုံးေတြဆိုရင္ ေတာ္ေတာ္ႀကီးတယ္။ကၽြန္ေတာ္ထင္တာကေတာ့ မိုးအရမ္းရြာလို ့ ေတာင္ေပၚကေန က်လာတယ္ ထင္ပါတယ္။ အဲဒီ ေက်ာက္တုံးေတြကို ခရီးသြားေတြ စုၿပီး ၀ိုင္းဖယ္ၾကတယ္။ လမ္းႏွစ္ဖက္လုံးမွာလည္း ကားတန္းႀကီးေတြက အရွည္ႀကီးပဲ။ ကၽြန္ေတာ္အဲဒီက ထြက္လာတုန္း ကေတာ့ တစ္ျခမ္းပဲ ရွင္းရေသးတယ္"ဟု ခရီးသြားတစ္ဦးျဖစ္သည့္ ကိုေအာင္ဟိန္းစိုးက ေျပာသည္။

မိုးရြာသြန္းမႈေၾကာင့္ ၾသဂုတ္လ (၆) ရက္ေန႔ညပိုင္းက ေက်ာက္ခဲအခ်ိဳ႕ စတင္ၿပိဳက်လာျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွသိရၿပီး အဆိုပါေနရာမွာ ယခင္ကေက်ာက္မိုင္းခြဲသည့္ေနရာျဖစ္သျဖင့္ မုိးရြာပါက ေတာင္ၿပိဳက်မႈ ျဖစ္ပြားေလ့ရိွေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - ေအာင္ဟိန္းစိုး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်းဖြတ်မြို့နယ် တာကျောက်ကျေးရွာ အနီးတွင် သြဂုတ်လ (၇)ရက် နံနက်(၇)နာရီခွဲခန့်က တောင်ပြိုမှုဖြစ်ပေါ်ခဲ့သည့်အတွက် လမ်းပန်းဆက်သွယ်မှု ခေတ္တပြတ်တောက်ခဲ့ရကြောင်း သိရသည်။

"ကျွန်တော် ဒီမနက် ကျိုင်းတုံကနေ မိုင်းဖြတ်ပြန်ဖို့ ထွက်လာတာ တာကျောက်ရွာနားရောက်တော့ လမ်းပေါ်ကို တောင်ပေါ်ကနေ ကျောက်တုံးတွေကျပြီးတော့ လမ်းပိတ်နေတာကို တွေ့ခဲ့ရတယ်။ တချို့ ကျောက်တုံးတွေဆိုရင် တော်တော်ကြီးတယ်။ကျွန်တော်ထင်တာကတော့ မိုးအရမ်းရွာလို့ တောင်ပေါ်ကနေ ကျလာတယ် ထင်ပါတယ်။ အဲဒီ ကျောက်တုံးတွေကို ခရီးသွားတွေ စုပြီး ဝိုင်းဖယ်ကြတယ်။ လမ်းနှစ်ဖက်လုံးမှာလည်း ကားတန်းကြီးတွေက အရှည်ကြီးပဲ။ ကျွန်တော်အဲဒီက ထွက်လာတုန်း ကတော့ တစ်ခြမ်းပဲ ရှင်းရသေးတယ်"ဟု ခရီးသွားတစ်ဦးဖြစ်သည့် ကိုအောင်ဟိန်းစိုးက ပြောသည်။

မိုးရွာသွန်းမှုကြောင့် သြဂုတ်လ (၆) ရက်နေ့ညပိုင်းက ကျောက်ခဲအချို့ စတင်ပြိုကျလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရပြီး အဆိုပါနေရာမှာ ယခင်ကကျောက်မိုင်းခွဲသည့်နေရာဖြစ်သဖြင့် မိုးရွာပါက တောင်ပြိုကျမှု ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - အောင်ဟိန်းစိုး 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~