ေက်ာက္မဲတြင္ လူငယ္ႏွစ္ဦး၏ ဆုိင္ကယ္ကို ကားျဖင့္တုိက္မိၿပီး ထြက္ေျပးသည့္ ၁၄ ႏွစ္အရြယ္ လူငယ္အား ဖမ္းဆီးရမိ

ေက်ာက္မဲတြင္ လူငယ္ႏွစ္ဦး၏ ဆုိင္ကယ္ကို ကားျဖင့္တုိက္မိၿပီး ထြက္ေျပးသည့္ ၁၄ ႏွစ္အရြယ္ လူငယ္အား ဖမ္းဆီးရမိ
သြဂုတ် 4, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ခိုမုန္းေက်းရြာႏွင့္ စခန္းသာေက်းရြာအၾကား ျပည္ေထာင္စု လမ္းမႀကီးတြင္ ၾသဂုတ္(၄)ရက္ေန႔ ေန႔လယ္ပိုင္းက လူငယ္နွစ္ဦး စီးလာသည့္ ဆိုင္ကယ္အား အသက္(၁၄)ႏွစ္အရြယ္ လူငယ္တစ္ဦး ေမာင္းလာသည့္ကားျဖင့္ တုိက္မိ၍ ဆုိင္ကယ္မွ လူငယ္ႏွစ္ဦး ေသဆံုး သြားေၾကာင္း သိရသည္။

“တိုက္ခံရတဲ့ လူငယ္(၂)ေယာက္ကေတာ့ ေနရာမွာတင္ေသဆံုးသြားတယ္။ ထြက္ေျပးသြားတဲ့ယာဥ္ကို ေနာင္ပိန္ေက်းရြာ ကားဝပ္ေရွာ့မွာ ဖမ္းဆီးရမိထားပါတယ္ “ဟု ေက်ာက္မဲၿမိဳ႕ အမွတ္(၁၂၀) ယာဥ္ထိန္းရဲတပ္ဖြဲ႔စုမွ တပ္ၾကပ္ႀကီး ေက်ာ္မိုးလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ၾသဂုတ္(၄)ရက္ မြန္းလြဲ(၂)နာရီခန္႔တြင္ ယာဥ္တိုက္မႈသတင္းရရွိသည့္အတြက္ အခင္းျဖစ္ပြားရာေနရာသို႔ ေက်ာက္မဲယာဥ္ထိန္းရဲတပ္ဖြဲ႔စု မွ ယာဥ္ထိန္းရဲအုပ္ သန္းမင္းေအာင္ဦးစီးသည့္အဖြဲ႔ႏွင့္ ေက်ာက္မဲၿမိဳ႕ မွ ဇီဝိတလူမႈကူညီေရးအသင္းတို႔ သြားေရာက္ရာ အခင္းျဖစ္ေနရာတြင္ ေသဆံုးေနသည့္ လူငယ္ႏွစ္ဦးအား ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ဆုိင္ကယ္အား တိုက္သြားသည့္ကားမွာ ထြက္ေျပးတိမ္းေရွာင္ေနသျဖင့္ ဖမ္းဆီးရမိေရး ေဆာင္ရြက္ရာ ေက်ာက္မဲၿမိဳ႕နယ္ ေနာင္ပိန္ေက်းရြာရွိ ကားဝပ္ေရွာ့တစ္ခုတြင္ အဆိုပါကားအား ရွာေဖြေတြ႔ရိွရၿပီး ယာဥ္ေမာင္းႏွင္သူမွာ နမ့္ဟန္ဖိတ္ရြာမွ အသက္ (၁၄) ႏွစ္အရြယ္လူငယ္တစ္ဦးျဖစ္ေၾကာင္း သိရသည္။

“အဲဒီနားမွာက ေျပာင္းခင္းေတြပဲရွိတယ္။ ခိုမုန္းေက်းရြာနဲ႔ စခန္းသာေက်းရြာအၾကား ျပည္ေထာင္စု လမ္းမႀကီးေပၚမွာ ျဖစ္တာပါ။ ၾကားရတာကေတာ့ ကားတစ္စီးကတိုက္မိၿပီး ထြက္ေျပးသြားတယ္လို႔ သိရတယ္။ လူငယ္ေတြက အသက္(၁၈)ႏွစ္ (၁၉)ႏွစ္ေလာက္ အရြယ္ေတြ ေနာင္ပိန္ေက်းရြာကလို႔ သိရတယ္။ သူတို႔အေလာင္းေတြကိုေတာ့ ေက်ာက္မဲျပည္သူ႔ေဆးရံုႀကီးကို ပို႔ေပးထားပါတယ္ “ဟု ေက်ာက္မဲၿမိဳ႕ရွိ ဇီဝိတ လူမႈကူညီေရးအသင္းမွ ကိုေစာမင္းၾကဴက တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈႏွင့္ပတ္သက္၍ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ေဆာင္ရြက္ႏိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓာတ္ပံု #ေစာမင္းၾကဴ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ခိုမုန်းကျေးရွာနှင့် စခန်းသာကျေးရွာအကြား ပြည်ထောင်စု လမ်းမကြီးတွင် သြဂုတ်(၄)ရက်နေ့ နေ့လယ်ပိုင်းက လူငယ်နှစ်ဦး စီးလာသည့် ဆိုင်ကယ်အား အသက်(၁၄)နှစ်အရွယ် လူငယ်တစ်ဦး မောင်းလာသည့်ကားဖြင့် တိုက်မိ၍ ဆိုင်ကယ်မှ လူငယ်နှစ်ဦး သေဆုံး သွားကြောင်း သိရသည်။

“တိုက်ခံရတဲ့ လူငယ်(၂)ယောက်ကတော့ နေရာမှာတင်သေဆုံးသွားတယ်။ ထွက်ပြေးသွားတဲ့ယာဉ်ကို နောင်ပိန်ကျေးရွာ ကားဝပ်ရှော့မှာ ဖမ်းဆီးရမိထားပါတယ် “ဟု ကျောက်မဲမြို့ အမှတ်(၁၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ကြပ်ကြီး ကျော်မိုးလွင်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

သြဂုတ်(၄)ရက် မွန်းလွဲ(၂)နာရီခန့်တွင် ယာဉ်တိုက်မှုသတင်းရရှိသည့်အတွက် အခင်းဖြစ်ပွားရာနေရာသို့ ကျောက်မဲယာဉ်ထိန်းရဲတပ်ဖွဲ့စု မှ ယာဉ်ထိန်းရဲအုပ် သန်းမင်းအောင်ဦးစီးသည့်အဖွဲ့နှင့် ကျောက်မဲမြို့ မှ ဇီဝိတလူမှုကူညီရေးအသင်းတို့ သွားရောက်ရာ အခင်းဖြစ်နေရာတွင် သေဆုံးနေသည့် လူငယ်နှစ်ဦးအား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်အား တိုက်သွားသည့်ကားမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်ရာ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာရှိ ကားဝပ်ရှော့တစ်ခုတွင် အဆိုပါကားအား ရှာဖွေတွေ့ရှိရပြီး ယာဉ်မောင်းနှင်သူမှာ နမ့်ဟန်ဖိတ်ရွာမှ အသက် (၁၄) နှစ်အရွယ်လူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။

“အဲဒီနားမှာက ပြောင်းခင်းတွေပဲရှိတယ်။ ခိုမုန်းကျေးရွာနဲ့ စခန်းသာကျေးရွာအကြား ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ဖြစ်တာပါ။ ကြားရတာကတော့ ကားတစ်စီးကတိုက်မိပြီး ထွက်ပြေးသွားတယ်လို့ သိရတယ်။ လူငယ်တွေက အသက်(၁၈)နှစ် (၁၉)နှစ်လောက် အရွယ်တွေ နောင်ပိန်ကျေးရွာကလို့ သိရတယ်။ သူတို့အလောင်းတွေကိုတော့ ကျောက်မဲပြည်သူ့ဆေးရုံကြီးကို ပို့ပေးထားပါတယ် “ဟု ကျောက်မဲမြို့ရှိ ဇီဝိတ လူမှုကူညီရေးအသင်းမှ ကိုစောမင်းကြူက တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း #နဖြေိုးမြင့်
ဓာတ်ပုံ #စောမင်းကြူ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~