တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(က)ရပ္ကြက္မွ အမွတ္(၂)တံတားထိပ္အထိ (၂)ရက္ဆက္တိုက္ ေန႔ပိုင္းတြင္ လွ်ပ္စစ္မီး ျဖတ္ေတာက္မည္

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္း(က)ရပ္ကြက္မွ အမွတ္(၂)တံတားထိပ္အထိ (၂)ရက္ဆက္တိုက္ ေန႔ပိုင္းတြင္ လွ်ပ္စစ္မီး ျဖတ္ေတာက္မည္
သြဂုတ် 25, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕လယ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘး ဆန္ဆိုင္း(က)မွ မယ္ေခါင္ရပ္ကြက္ရွိ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၂)တံတား ထိပ္ထိ  စည္ပင္သာယာေရးဌာနမွ လမ္းသားတိုးခ်ဲ႕ ေနလ်က္ရွိရာ လမ္းႏွင့္ မလြတ္ကင္းသည့္ ဓာတ္တိုင္မ်ားအား တာခ်ီလိတ္ မီးလင္းေရး(ရံုးခြဲ)မွ ဆက္လက္ ဖယ္ရွား ႏိုင္ရန္အတြက္ ဆန္ဆိုင္း(က) မွ မယ္ေခါင္ရပ္ကြက္ရွိ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားထိပ္ မီးပြိဳင့္လမ္းဆံု အထိ ၾသဂုတ္လ(၂၆)မွ (၂၇)ရက္ေန႔အထိ လွ်ပ္စစ္မီး ေန႔ပိုင္း ျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း သိရသည္။

ဆန္ဆိုင္း(က) မွ မယ္ေခါင္ရပ္ကြက္ရွိ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားထိပ္ မီးပြိဳင့္လမ္းဆံုအထိ မလြတ္ကင္းသည့္ လွ်ပ္စစ္ဓာတ္မီးတိုင္မ်ားအား ေရႊ႕ေျပာင္းဖယ္ရွားေရး လုပ္ငန္းမ်ား ဆက္လက္ ေဆာင္ရြက္ရန္ အတြက္ ၾသဂုတ္လ(၂၆)မွ (၂၇)ရက္ေန႔အထိ သတ္မွတ္ေန႔ရက္၏ နံနက္(၉)နာရီမွ ညေန(၃)နာရီအခ်ိန္အတြင္း လွ်ပ္စစ္မီး ျဖတ္ေတာက္ထားမည္ျဖစ္သည္။

"အခုက ဓာတ္တိုင္ေရႊ႕ဖု႔ိ က်န္ရွိေနတဲ့ အပိုင္းကို ဆက္လုပ္သြားမွာျဖစ္ပါတယ္။ မိုးအရမ္းရြာရင္ေတာ့ မလုပ္ျဖစ္ေလာက္ေပမယ့္ မိုးနည္းနည္း ရြာရင္ေတာ့ လုပ္သြားမွာပါ။" ဟု တာခ်ီလိတ္ မီးလင္းေရး(ရံုးခြဲ)( တာေ၀မီးစက္ဝန္းအတြင္းရွိ ရံုး)မွ ျပင္ပဆက္ဆံေရးတာ၀န္ခံ ကိုဟိန္းကိုက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

လမ္းသားတိုးခ်ဲ႕ရာတြင္ မလြတ္ကင္းသည့္ ဓာတ္တိုင္မ်ားႏွင့္ လမ္းေဘးတြင္ က်န္ရစ္ခဲ့ေစမည့္ ဓာတ္မီးတိုင္မ်ားအား ေျပာင္းေရႊ႕မည္ျဖစ္သျဖင့္ လုပ္ငန္းေဆာင္ရြက္ေနစဥ္အတြင္း လွ်ပ္စစ္မီးအႏၱရာယ္ ကင္းေဝးေစေရးအတြက္ လွ်ပ္စစ္မီးအား ေန႔ပိုင္းသတ္မွတ္အခ်ိန္အတြင္း ျဖတ္ေတာက္ထားမည္ျဖစ္ၿပီး၊ လုပ္ငန္းၿပီးဆံုးပါက ပံုမွန္အတိုင္း ျပန္လည္လႊတ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး ဆန်ဆိုင်း(က)မှ မယ်ခေါင်ရပ်ကွက်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတား ထိပ်ထိ စည်ပင်သာယာရေးဌာနမှ လမ်းသားတိုးချဲ့ နေလျက်ရှိရာ လမ်းနှင့် မလွတ်ကင်းသည့် ဓာတ်တိုင်များအား တာချီလိတ် မီးလင်းရေး(ရုံးခွဲ)မှ ဆက်လက် ဖယ်ရှား နိုင်ရန်အတွက် ဆန်ဆိုင်း(က) မှ မယ်ခေါင်ရပ်ကွက်ရှိ အမှတ်(၂)ချစ်ကြည်ရေးတံတားထိပ် မီးပွိုင့်လမ်းဆုံ အထိ သြဂုတ်လ(၂၆)မှ (၂၇)ရက်နေ့အထိ လျှပ်စစ်မီး နေ့ပိုင်း ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

ဆန်ဆိုင်း(က) မှ မယ်ခေါင်ရပ်ကွက်ရှိ အမှတ်(၂)ချစ်ကြည်ရေးတံတားထိပ် မီးပွိုင့်လမ်းဆုံအထိ မလွတ်ကင်းသည့် လျှပ်စစ်ဓာတ်မီးတိုင်များအား ရွှေ့ပြောင်းဖယ်ရှားရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန်အတွက် သြဂုတ်လ(၂၆)မှ (၂၇)ရက်နေ့အထိ သတ်မှတ်နေ့ရက်၏ နံနက်(၉)နာရီမှ ညနေ(၃)နာရီအချိန်အတွင်း လျှပ်စစ်မီး ဖြတ်တောက်ထားမည်ဖြစ်သည်။

"အခုက ဓာတ်တိုင်ရွှေ့ဖို့ ကျန်ရှိနေတဲ့ အပိုင်းကို ဆက်လုပ်သွားမှာဖြစ်ပါတယ်။ မိုးအရမ်းရွာရင်တော့ မလုပ်ဖြစ်လောက်ပေမယ့် မိုးနည်းနည်း ရွာရင်တော့ လုပ်သွားမှာပါ။" ဟု တာချီလိတ် မီးလင်းရေး(ရုံးခွဲ)( တောဝမီးစက်ဝန်းအတွင်းရှိ ရုံး)မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုဟိန်းကိုက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လမ်းသားတိုးချဲ့ရာတွင် မလွတ်ကင်းသည့် ဓာတ်တိုင်များနှင့် လမ်းဘေးတွင် ကျန်ရစ်ခဲ့စေမည့် ဓာတ်မီးတိုင်များအား ပြောင်းရွှေ့မည်ဖြစ်သဖြင့် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လျှပ်စစ်မီးအန္တရာယ် ကင်းဝေးစေရေးအတွက် လျှပ်စစ်မီးအား နေ့ပိုင်းသတ်မှတ်အချိန်အတွင်း ဖြတ်တောက်ထားမည်ဖြစ်ပြီး၊ လုပ်ငန်းပြီးဆုံးပါက ပုံမှန်အတိုင်း ပြန်လည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~