ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းက 4G စနစ္ မိတ္ဆက္မႈအား တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းေရွ႕ ႏွင့္ အာခါေစ်းေရွ႕တြင္ ျပဳလုပ္မည္

ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းက 4G စနစ္ မိတ္ဆက္မႈအား တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းေရွ႕ ႏွင့္ အာခါေစ်းေရွ႕တြင္ ျပဳလုပ္မည္
သြဂုတ် 24, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းက 4G မိတ္ဆက္ျခင္းအား ၾသဂုတ္လ (၂၅)ရက္ေန႔မွ (၂၇)ရက္ေန႔အထိ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းသိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ လူစည္ကားရာ အရပ္ျဖစ္သည့္ ရွမ္းရိုးမကြင္းေရွ႕ႏွင့္ အာခါေစ်းေရွ႕ တို႔တြင္ လုပ္ေဆာင္သြားမည္ ျဖစ္ၿပီး MPT ဝန္ေဆာင္မႈမ်ားအား One Stop Service ေဆာင္ရြက္ေပးျခင္း ႏွင့္ ရွင္းလင္းေျပာၾကားျခင္းတို႔ျဖင့္ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

" MPT 4G အသံုးျပဳျခင္းေတြနဲ႔ ပတ္သက္ၿပီး ရွမ္းရိုးမကြင္းေရွ႕မွာ ဒီလ (၂၅)ရက္ေန႔ကေန (၂၇)ရက္ေန႔အထိ လုပ္သြားမယ္။ (၂၅)ရက္ေန႔ တစ္ရက္ပဲ အာခါေစ်းေရွ႕မွာ လုပ္သြားမွာပါ။ ေန႔စဥ္ နံနက္(၉)နာရီကေန ညေန(၅)နာရီအခ်ိန္အထိပါ၊ "ဟု တာခ်ီလိတ္ၿမိဳ႕နယ္တာ၀န္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ထိုင္းႏုိင္ငံႏွင့္နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ ယခင္က ထုိင္းႏုိင္ငံမွ ဆက္သြယ္ေရးလိုင္းမ်ားအား အမ်ားဆံုးအသံုးျပဳၾကၿပီး လက္ရိွတြင္ ျမန္မာႏုိင္ငံအတြင္းမွ ဆက္သြယ္ေရး ေအာ္ပေရတာ (၃)ခုျဖစ္သည့္ MPT၊ ေအာ္ရီဒူးႏွင့္ တယ္လီေနာတို႔ကိုလည္း အသံုးျပဳလာၾကျခင္းျဖစ္သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက 4G မိတ်ဆက်ခြင်းအား သြဂုတ်လ (၂၅)ရက်နေ့မှ (၂၇)ရက်နေ့အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

တာချီလိတ်မြို့တွင် လူစည်ကားရာ အရပ်ဖြစ်သည့် ရှမ်းရိုးမကွင်းရှေ့နှင့် အာခါဈေးရှေ့ တို့တွင် လုပ်ဆောင်သွားမည် ဖြစ်ပြီး MPT ဝန်ဆောင်မှုများအား One Stop Service ဆောင်ရွက်ပေးခြင်း နှင့် ရှင်းလင်းပြောကြားခြင်းတို့ဖြင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

" MPT 4G အသုံးပြုခြင်းတွေနဲ့ ပတ်သက်ပြီး ရှမ်းရိုးမကွင်းရှေ့မှာ ဒီလ (၂၅)ရက်နေ့ကနေ (၂၇)ရက်နေ့အထိ လုပ်သွားမယ်။ (၂၅)ရက်နေ့ တစ်ရက်ပဲ အာခါဈေးရှေ့မှာ လုပ်သွားမှာပါ။ နေ့စဉ် နံနက်(၉)နာရီကနေ ညနေ(၅)နာရီအချိန်အထိပါ၊ "ဟု တာချီလိတ်မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ထိုင်းနိုင်ငံနှင့်နယ်စပ် တာချီလိတ်မြို့တွင် ယခင်က ထိုင်းနိုင်ငံမှ ဆက်သွယ်ရေးလိုင်းများအား အများဆုံးအသုံးပြုကြပြီး လက်ရှိတွင် မြန်မာနိုင်ငံအတွင်းမှ ဆက်သွယ်ရေး အော်ပရေတာ (၃)ခုဖြစ်သည့် MPT၊ အော်ရီဒူးနှင့် တယ်လီနောတို့ကိုလည်း အသုံးပြုလာကြခြင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~