လမ္းသားတိုးခ်ဲ႕ေနသည့္ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမႀကီးတစ္ေလွ်ာက္ မီးတိုင္မ်ား ေရႊ႕ေျပာင္းမည္ျဖစ္၍ သတ္မွတ္ေနရာမ်ားတြင္ လွ်ပ္စစ္မီး ယာယီျဖတ္ေတာက္

လမ္းသားတိုးခ်ဲ႕ေနသည့္ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္းမႀကီးတစ္ေလွ်ာက္ မီးတိုင္မ်ား ေရႊ႕ေျပာင္းမည္ျဖစ္၍ သတ္မွတ္ေနရာမ်ားတြင္ လွ်ပ္စစ္မီး ယာယီျဖတ္ေတာက္
သြဂုတ် 12, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ အားကစားရံု လမ္းဆံုမီးပြိဳင့္မွစ၍ အမွတ္(၂)တံတားအနီးထိ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ လမ္းေဘး ဘယ္ညာ တိုးခ်ဲ႕မႈမ်ား ျပဳလုပ္ရာတြင္ လတ္တေလာ လမ္းခ်ဲ႕ၿပီးသည့္ ေနရာမ်ား၌ က်န္ရွိေနသည့္ လွ်ပ္စစ္ ဓာတ္မီးတိုင္မ်ားအား ေနရာ ေျပာင္းေရႊ႕ရာ၌ လွ်ပ္စစ္အႏၱရာယ္ ကင္းရွင္းေစရန္အတြက္ ၾသဂုတ္လ(၁၂)ရက္ေန႔ ႏွင့္ (၁၃)ရက္ေန႔မ်ားတြင္ နံနက္(၉)နာရီမွ ညေန(၄)နာရီအခ်ိန္အတြင္း သတ္မွတ္ေနရာမ်ား၌ လွ်ပ္စစ္မီးယာယီျဖတ္ေတာက္ကာ လုပ္ငန္းမ်ား လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးရံုးမွ သိရသည္။

လုပ္ငန္းေဆာင္ရြက္ေနစဥ္အတြင္း လွ်ပ္စစ္အႏၱရာယ္ကင္းရွင္းေစရန္အတြက္ ၾသဂုတ္လ(၁၂)ရက္ေန႔ မွ (၁၃)ရက္ေန႔အထိ နံနက္(၉)နာရီမွ ညေန(၄)နာရီအခ်ိန္အတြင္း ဆန္ဆိုင္း(ခ)ရပ္ကြက္၊ အားကစားရံုလမ္းဆံု မီးပြိဳင့္မွစ၍ အမွတ္(၂)တံတား မီးပြိဳင့္လမ္းဆံုအထိ လွ်ပ္စစ္မီးကို ယာယီျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း သိရသည္။

သတ္မွတ္ခ်ိန္အတြင္း တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးရံုးမွ တာ၀န္ရွိသူမ်ား ႏွင့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက ဗိုလ္ခ်ဳပ္လမ္းမတစ္ေလွ်ာက္ လမ္းမီးတိုင္အေဟာင္းမ်ား ႏွဳတ္ျခင္း၊ ေကဘယ္လ္ မီးႀကိဳးမ်ား ေရႊ႕ေျပာင္းတပ္ဆင္ျခင္း၊ SF 6 တစ္စံု ႏွင့္ မိန္းဓားတစ္စံုေျပာင္းေရႊ႕တပ္ဆင္ျခင္း၊ ပါ၀ါလို္င္းႀကိဳးေဟာင္းမ်ား ျဖဳတ္ခ်လဲလွယ္ျခင္းစသည့္ လုပ္ငန္းမ်ားေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အားကစားရုံ လမ်းဆုံမီးပွိုင့်မှစ၍ အမှတ်(၂)တံတားအနီးထိ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ လမ်းဘေး ဘယ်ညာ တိုးချဲ့မှုများ ပြုလုပ်ရာတွင် လတ်တလော လမ်းချဲ့ပြီးသည့် နေရာများ၌ ကျန်ရှိနေသည့် လျှပ်စစ် ဓာတ်မီးတိုင်များအား နေရာ ပြောင်းရွှေ့ရာ၌ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန်အတွက် သြဂုတ်လ(၁၂)ရက်နေ့ နှင့် (၁၃)ရက်နေ့များတွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်အတွင်း သတ်မှတ်နေရာများ၌ လျှပ်စစ်မီးယာယီဖြတ်တောက်ကာ လုပ်ငန်းများ လုပ်ဆောင်နေလျက်ရှိကြောင်း တာချီလိတ်မြို့ မီးလင်းရေးရုံးမှ သိရသည်။

လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်အတွက် သြဂုတ်လ(၁၂)ရက်နေ့ မှ (၁၃)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်အတွင်း ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အားကစားရုံလမ်းဆုံ မီးပွိုင့်မှစ၍ အမှတ်(၂)တံတား မီးပွိုင့်လမ်းဆုံအထိ လျှပ်စစ်မီးကို ယာယီဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ချိန်အတွင်း တာချီလိတ်မြို့မီးလင်းရေးရုံးမှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဗိုလ်ချုပ်လမ်းမတစ်လျှောက် လမ်းမီးတိုင်အဟောင်းများ နှုတ်ခြင်း၊ ကေဘယ်လ် မီးကြိုးများ ရွှေ့ပြောင်းတပ်ဆင်ခြင်း၊ SF 6 တစ်စုံ နှင့် မိန်းဓားတစ်စုံပြောင်းရွှေ့တပ်ဆင်ခြင်း၊ ပါဝါလို်င်းကြိုးဟောင်းများ ဖြုတ်ချလဲလှယ်ခြင်းစသည့် လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~