၂၀၁၇ ခုႏွစ္အတြင္း ကယားျပည္နယ္သို႔ ႏိုင္ငံျခားသားခရီးသြား (၁)ေသာင္းေက်ာ္ ဝင္ေရာက္ရန္ ေမွ်ာ္လင့္

၂၀၁၇ ခုႏွစ္အတြင္း ကယားျပည္နယ္သို႔ ႏိုင္ငံျခားသားခရီးသြား (၁)ေသာင္းေက်ာ္ ဝင္ေရာက္ရန္ ေမွ်ာ္လင့္
စက်တင်ဘာ 3, 2017
By Tachileik News Agency

ကယားျပည္နယ္သို႔ ႏိုင္ငံျခားသား ခရီးသြားဝင္ေရာက္မႈ အေရအတြက္ ႏွစ္စဥ္ျမင့္တက္လာေနရာ ၂၀၁၇ ခုႏွစ္အတြင္း ခရီးသြား(၁)ေသာင္းေက်ာ္ ဝင္ေရာက္မည္ဟု ခန္႔မွန္းထားေၾကာင္း ကယားျပည္နယ္ ဟိုတယ္ႏွင့္ခရီးသြားညႊန္ၾကားမွဳ ဦးစီးဌာနမွ သိရသည္။

ထိုင္းႏုိင္ငံႏွင့္ ကယားျပည္နယ္ MoU ထိုးႏုိင္ရန္ ေဆာင္ရြက္ေနသျဖင့္ ကယားျပည္နယ္တြင္း ႏိုင္ငံျခားသား ခရီးသြားဝင္ေရာက္မႈမွာ ပို၍တိုးလာမည္ဟု ခန္႔မွန္းထားျခင္းျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ မယ္ေဟာင္ေဆာင္နဲ႕ MOU ထိုးၿပီးရင္ နယ္စပ္ေပါက္က ဖြင့္ေတာ့မွာပါ။ ထိုးၿပီးရင္ ဟိုဖက္မွာဆို ခရီးသြားေတြ (၃)သန္းေလာက္ဝင္ပါတယ္။ အဲဒီကခရီးသြားေတြ ကြ်န္ေတာ္တို႔ ကယားျပည္နယ္ကို လာခဲ႔ရင္ ပိုၿပီးဝင္ေငြရရွိမယ့္ အေနထားေတြရွိပါတယ္ "ဟု ကယားျပည္နယ္ ဟိုတယ္ႏွင့္ခရီးသြား ညႊန္ၾကားမွဳဦးစီးဌာန ျပည္နယ္ဦးစီးမွဴး ဦးလင္းေဇာ္ထြဋ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကယားျပည္နယ္အတြင္း ႏိုင္ငံျခားသားခရီးသြားဝင္ေရာက္မႈမွာ ၂၀၁၅ ခုႏွစ္တြင္ (၃)ေထာင္ေက်ာ္၊ ၂၀၁၆ ခုႏွစ္တြင္ (၆)ေထာင္ေက်ာ္ ဝင္ေရာက္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္တြင္ လက္ရွိအခ်ိန္ထိ (၄၇၀၀) ေက်ာ္ ဝင္ေရာက္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ျပည္နယ္တြင္း ခရီးသြားမ်ားအား စြဲေဆာင္ႏုိင္မည့္ေနရာမ်ားကိုလည္း စီစဥ္လ်က္ရွိၿပီး ဟိုတယ္လုပ္ငန္းမ်ား ရင္းႏွီးျမဳွပ္ႏွံမႈမ်ားလည္း တိုးလာေနရာ ကယားျပည္နယ္တြင္ ၂၀၁၁ ခုႏွစ္က ဟိုတယ္ (၅) လုံးသာရွိခဲ့ရာမွ ၂၀၁၇ ခုႏွစ္တြင္ လိုင္စင္ရဟိုတယ္ (၁၆) လုံးထိ ရွိလာေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်သို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု အရေအတွက် နှစ်စဉ်မြင့်တက်လာနေရာ ၂၀၁၇ ခုနှစ်အတွင်း ခရီးသွား(၁)သောင်းကျော် ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံနှင့် ကယားပြည်နယ် MoU ထိုးနိုင်ရန် ဆောင်ရွက်နေသဖြင့် ကယားပြည်နယ်တွင်း နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုမှာ ပို၍တိုးလာမည်ဟု ခန့်မှန်းထားခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ မယ်ဟောင်ဆောင်နဲ့ MOU ထိုးပြီးရင် နယ်စပ်ပေါက်က ဖွင့်တော့မှာပါ။ ထိုးပြီးရင် ဟိုဖက်မှာဆို ခရီးသွားတွေ (၃)သန်းလောက်ဝင်ပါတယ်။ အဲဒီကခရီးသွားတွေ ကျွန်တော်တို့ ကယားပြည်နယ်ကို လာခဲ့ရင် ပိုပြီးဝင်ငွေရရှိမယ့် အနေထားတွေရှိပါတယ် "ဟု ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလင်းဇော်ထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကယားပြည်နယ်အတွင်း နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုမှာ ၂၀၁၅ ခုနှစ်တွင် (၃)ထောင်ကျော်၊ ၂၀၁၆ ခုနှစ်တွင် (၆)ထောင်ကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် လက်ရှိအချိန်ထိ (၄၇၀၀) ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြည်နယ်တွင်း ခရီးသွားများအား စွဲဆောင်နိုင်မည့်နေရာများကိုလည်း စီစဉ်လျက်ရှိပြီး ဟိုတယ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများလည်း တိုးလာနေရာ ကယားပြည်နယ်တွင် ၂၀၁၁ ခုနှစ်က ဟိုတယ် (၅) လုံးသာရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် လိုင်စင်ရဟိုတယ် (၁၆) လုံးထိ ရှိလာကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~