တာခ်ီလိတ္ၿမိဳ႕မွ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီသို႔ အလွဴေငြမ်ား ဆက္လက္လွဴဒါန္းႏိုင္

တာခ်ီလိတ္ၿမိဳ႕မွ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီသို႔ အလွဴေငြမ်ား ဆက္လက္လွဴဒါန္းႏိုင္
စက်တင်ဘာ 6, 2017
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္းကေဖးေရွ႕တြင္ ဖြင့္လွစ္ထားသည့္ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕) ၏ အလွဴခံဌာနအား စက္တင္ဘာလ( ၇ ) ရက္ေန႔အထိသာ ဖြင့္လွစ္မည္ျဖစ္ေသာ္လည္း ေကာ္မတီသို႔ အလွဴေငြမ်ား ဆက္လက္လွဴဒါန္းႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

ေကာ္မတီအေနျဖင့္ ရခုိင္ျပည္နယ္ ပဋိပကၡျဖစ္ပြားေနသည့္ေဒသမွ ကူညီေထာက္ပံ့ေရးႏွင့္ ရန္ပံုေငြရွာေဖြေရးလုပ္ငန္းမ်ားအား ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ရာ လွဴဒါန္းလိုသူမ်ားအေနျဖင့္ ေကာ္မတီနာယကမ်ားျဖစ္သည့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းဝင္းေအာင္၏ ဖုန္း ၀၉ ၄၅၂၈၀၈၀၄၄၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမႉးသန္းႏု၏ ဖုန္း ၀၉ ၂၀၁၆၉၇၄၊ ေကာ္မတီဥကၠဌ ဦးေအာင္ၿဖိဳးရွိန္၏ ဖုန္း ၀၉ ၄၃၁၃၆၄၃၁၊ ေကာ္မတီအတြင္းေရးမွဴး  ဦးေစာထြန္းဦး၏ ဖုန္း ၀၉ ၅၂၄၂၀၄၉ တို႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕)၏ အလွဴခံဌာန စတင္ဖြင့္လွစ္သည့္ ၾသဂုတ္လ(၂၈)ရက္ေန႔မွစ၍ စက္တင္ဘာလ(၅)ရက္ေန႔အထိ စုေပါင္း မတည္အလွဴေငြႏွင့္ ေစတနာရွင္မ်ား၏ လာေရာက္လွဴဒါန္းေငြ စုစုေပါင္းက်ပ္သိန္း(၃၂၀)၀န္းက်င္ရရွိထားၿပီျဖစ္ကာ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔မွတစ္ဆင့္ ရခိုင္ျပည္သူမ်ားထံသို႔ က်ပ္သိန္း(၁၀၀)ႏွင့္ က်ပ္သိန္း(၁၀၂)သိန္းေက်ာ္တန္ဖိုးရွိသည့္ ဆန္ႏွင့္ဆီတို႔ကို ေပးပို႔လွဴဒါန္းထားၿပီးျဖစ္ေၾကာင္း သိရသည္။

အစြန္းေရာက္ ဘဂၤါလီအၾကမ္းဖက္သမားမ်ားႏွင့္ ARSA တို႔ တုိက္ခုိက္ခံေနရသည့္ ရခုိင္ျပည္နယ္အတြင္းမွ ေဒသခံျပည္သူမ်ား၊ ႏုိင္ငံ့ဝန္ထမ္းမ်ားႏွင့္ တပ္မေတာ္သားမ်ားအား ေထာက္ပံ့ေပးႏိုင္ရန္အတြက္ ရခိုင္ျပည္နယ္ ကူညီေထာက္ပံ့ေရးေကာ္မတီ (တာခ်ီလိတ္ၿမိဳ႕)အား ၾသဂုတ္လ (၂၇)ရက္ေန႔က ဖြဲ႕စည္းလိုက္ျခင္းျဖစ္သည္။

အဆိိုပါေကာ္မတီ၏အလွဴခံဌာနအား တာခ်ီလိတ္ၿမိဳ႕ ဗယ္လင္တိုင္း ကေဖးႏွင့္အေအး စားေသာက္ဆိုင္တြင္ ဖြင့္လွစ္ထားျခင္းျဖစ္ၿပီး အလွဴခံသည့္ကာလအတြင္း ေကာ္မတီဝင္မ်ားႏွင့္ လာေရာက္လွဴဒါန္းသူမ်ားကို အဆိုပါဆိုင္က အခမဲ့ဧည့္ခံေကြ်းေမြးမႈမ်ားျဖင့္ ဒါနျပဳထားေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့မှ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီသို့ အလှူငွေများ ဆက်လက်လှူဒါန်းနိုင်
******

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဗယ်လင်တိုင်းကဖေးရှေ့တွင် ဖွင့်လှစ်ထားသည့် ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့) ၏ အလှူခံဌာနအား စက်တင်ဘာလ( ရ ) ရက်နေ့အထိသာ ဖွင့်လှစ်မည်ဖြစ်သော်လည်း ကော်မတီသို့ အလှူငွေများ ဆက်လက်လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကော်မတီအနေဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်ပွားနေသည့်ဒေသမှ ကူညီထောက်ပံ့ရေးနှင့် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ လှူဒါန်းလိုသူများအနေဖြင့် ကော်မတီနာယကများဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၏ ဖုန်း ၀၉ ၄၅၂၈၀၈၀၄၄၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၏ ဖုန်း ၀၉ ၂၀၁၆၉၇၄၊ ကော်မတီဥက္ကဌ ဦးအောင်ဖြိုးရှိန်၏ ဖုန်း ၀၉ ၄၃၁၃၆၄၃၁၊ ကော်မတီအတွင်းရေးမှူး  ဦးစောထွန်းဦး၏ ဖုန်း ၀၉ ၅၂၄၂၀၄၉ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့)၏ အလှူခံဌာန စတင်ဖွင့်လှစ်သည့် သြဂုတ်လ(၂၈)ရက်နေ့မှစ၍ စက်တင်ဘာလ(၅)ရက်နေ့အထိ စုပေါင်း မတည်အလှူငွေနှင့် စေတနာရှင်များ၏ လာရောက်လှူဒါန်းငွေ စုစုပေါင်းကျပ်သိန်း(၃၂၀)၀န်းကျင်ရရှိထားပြီဖြစ်ကာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ရခိုင်ပြည်သူများထံသို့ ကျပ်သိန်း(၁၀၀)နှင့် ကျပ်သိန်း(၁၀၂)သိန်းကျော်တန်ဖိုးရှိသည့် ဆန်နှင့်ဆီတို့ကို ပေးပို့လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ARSA တို့ တိုက်ခိုက်ခံနေရသည့် ရခိုင်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေးကော်မတီ (တာချီလိတ်မြို့)အား သြဂုတ်လ (၂၇)ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

အဆိိုပါကော်မတီ၏အလှူခံဌာနအား တာချီလိတ်မြို့ ဗယ်လင်တိုင်း ကဖေးနှင့်အအေး စားသောက်ဆိုင်တွင် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အလှူခံသည့်ကာလအတွင်း ကော်မတီဝင်များနှင့် လာရောက်လှူဒါန်းသူများကို အဆိုပါဆိုင်က အခမဲ့ဧည့်ခံကျွေးမွေးမှုများဖြင့် ဒါနပြုထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~