နမ့္စန္ၿမိဳ႕နယ္ေက်ာင္းေပါင္းစံု ေဆးလိပ္ေငြ႕ကင္းစင္လံႈ႕ေဆာ္ေရး မီနီမာရသြန္တြင္ ေက်ာင္းသားေက်ာင္းသူ ၅၀၀ ေက်ာ္ပါဝင္

နမ့္စန္ၿမိဳ႕နယ္ေက်ာင္းေပါင္းစံု ေဆးလိပ္ေငြ႕ကင္းစင္လံႈ႕ေဆာ္ေရး မီနီမာရသြန္တြင္ ေက်ာင္းသားေက်ာင္းသူ ၅၀၀ ေက်ာ္ပါဝင္
စက်တင်ဘာ 10, 2017
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) လိြဳင္လင္ခရိုင္ နမ့္စန္ၿမိဳ႕နယ္အတြင္း ေက်ာင္းေပါင္းစံုမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ေဆးလိပ္ေငြ႕ကင္းစင္အသိေပးလႈံ႕ေဆာ္မႈအျဖစ္ မီနီမာရသြန္ၿပိဳင္ပြဲကို စက္တင္ဘာလ (၁၀)ရက္ေန႔က နမ့္စန္ၿမိဳ႕တြင္ က်င္းပရာ ေက်ာင္းသားေက်ာင္းသူ (၅၀၀)ေက်ာ္ပါဝင္ၾကေၾကာင္း သိရသည္။

“ တစ္ၿမိဳ႕နယ္လံုးမွာရိွတဲ့ ေက်ာင္းအားလံုးက လာၾကပါတယ္။ ဒီကေန႔ နမ့္စန္မွာက ေဆးလိပ္ေငြ႕ကင္းစင္ ေခါင္းစဥ္နဲ႔ပဲ ေက်ာင္းအေျချပဳလႈပ္ရွားမႈ လုပ္တာပါ။ မေန႔က ကြန္ဟိန္းမွာလုပ္တာကေတာ့ လူထုအေျချပဳအေနနဲ႔ လုပ္ေတာ့ ျပည္သူေတြေရာ၊ ဝန္ထမ္းေတြေရာ၊ ေက်ာင္းသားေက်ာင္းသူေတြေရာေပါ့ အကုန္ပါပါတယ္။ ဒါေပမဲ့ မေန႔ကေတာ့ မိုးရြာတာနဲ႔ မူလပါဝင္ဖို႔ မွန္းထားတဲ့လူအားလံုး မပါႏုိင္ၾကဘူး ျဖစ္သြားတယ္။ ၿမိဳ႕နယ္အားလံုးမွာ ဒီလႈပ္ရွားမႈေလးေတြ လုပ္မွာပါ။ ဒါေပမဲ့ မိုးလည္းရြာေနေတာ့ မလုပ္ႏုိင္ေသးတာပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

လိြဳင္လင္ခရိုင္၊ ကြန္ဟိန္းၿမိဳ႕တြင္လည္း မုိးရာသီေဘာလုံးပြဲဖြင့္ပြဲႏွင့္အတူ ေဆးလိပ္ေငြ႕ကင္းစင္ လူထုလႈပ္ရွားမႈ စက္ဘီးစီးပြဲအား စက္တင္ဘာလ (၉)ရက္ေန႔က က်င္းပရာ ျပည္သူလူထု (၁၅၀)ေက်ာ္ ပါဝင္ၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ျပည္နယ္တြင္း ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမမ်ား သတ္မွတ္ေဖၚေဆာင္ျခင္းႏွင့္ ေဆးလိပ္ေငြ႕ကင္းစင္ေရးအသိပညာေပးလႈပ္ရွားမႈကို လုပ္ေဆာင္ေနျခင္းျဖစ္ရာ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားက ေဒသတြင္းၿမိဳ႕နယ္မ်ားအလိုက္ ေဆးလိပ္ေငြ႕ကင္းစင္လႈပ္ရွားမႈမ်ားကို လုိက္လံေဆာင္ရြက္ေပးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ
ဓါတ္ပံု #MT

~~~~~~~~⊰❂ unicode ~~~~~~~~
နမ့်စန်မြို့နယ်ကျောင်းပေါင်းစုံ ဆေးလိပ်ငွေ့ကင်းစင်လှုံ့ဆော်ရေး မီနီမာရသွန်တွင် ကျောင်းသားကျောင်းသူ ၅၀၀ ကျော်ပါဝင်
***********
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်အတွင်း ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ၏ ဆေးလိပ်ငွေ့ကင်းစင်အသိပေးလှုံ့ဆော်မှုအဖြစ် မီနီမာရသွန်ပြိုင်ပွဲကို စက်တင်ဘာလ (၁၀)ရက်နေ့က နမ့်စန်မြို့တွင် ကျင်းပရာ ကျောင်းသားကျောင်းသူ (၅၀၀)ကျော်ပါဝင်ကြကြောင်း သိရသည်။

“ တစ်မြို့နယ်လုံးမှာရှိတဲ့ ကျောင်းအားလုံးက လာကြပါတယ်။ ဒီကနေ့ နမ့်စန်မှာက ဆေးလိပ်ငွေ့ကင်းစင် ခေါင်းစဉ်နဲ့ပဲ ကျောင်းအခြေပြုလှုပ်ရှားမှု လုပ်တာပါ။ မနေ့က ကွန်ဟိန်းမှာလုပ်တာကတော့ လူထုအခြေပြုအနေနဲ့ လုပ်တော့ ပြည်သူတွေရော၊ ဝန်ထမ်းတွေရော၊ ကျောင်းသားကျောင်းသူတွေရောပေါ့ အကုန်ပါပါတယ်။ ဒါပေမဲ့ မနေ့ကတော့ မိုးရွာတာနဲ့ မူလပါဝင်ဖို့ မှန်းထားတဲ့လူအားလုံး မပါနိုင်ကြဘူး ဖြစ်သွားတယ်။ မြို့နယ်အားလုံးမှာ ဒီလှုပ်ရှားမှုလေးတွေ လုပ်မှာပါ။ ဒါပေမဲ့ မိုးလည်းရွာနေတော့ မလုပ်နိုင်သေးတာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့တွင်လည်း မိုးရာသီဘောလုံးပွဲဖွင့်ပွဲနှင့်အတူ ဆေးလိပ်ငွေ့ကင်းစင် လူထုလှုပ်ရှားမှု စက်ဘီးစီးပွဲအား စက်တင်ဘာလ (၉)ရက်နေ့က ကျင်းပရာ ပြည်သူလူထု (၁၅၀)ကျော် ပါဝင်ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်တွင်း ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ သတ်မှတ်ဖေါ်ဆောင်ခြင်းနှင့် ဆေးလိပ်ငွေ့ကင်းစင်ရေးအသိပညာပေးလှုပ်ရှားမှုကို လုပ်ဆောင်နေခြင်းဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဒေသတွင်းမြို့နယ်များအလိုက် ဆေးလိပ်ငွေ့ကင်းစင်လှုပ်ရှားမှုများကို လိုက်လံဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
ဓါတ်ပုံ #MT

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~