တာခ်ီလိတ္တြင္ မီးေလာင္မႈျဖစ္ပြားရာမွ အမ်ိဳးသမီးတစ္ဦး ေသဆံုး

တာခ်ီလိတ္တြင္ မီးေလာင္မႈျဖစ္ပြားရာမွ အမ်ိဳးသမီးတစ္ဦး ေသဆံုး
စက်တင်ဘာ 29, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္၊ ပါလွ်ံ(၂)ရွိ သံုုးခန္းတြဲလူေနအိိမ္တစ္လံုး စက္တင္ဘာလ (၂၈)ရက္ေန႔ည (၉)နာခြဲ၀န္းက်င္က  မီးေလာင္ကၽြမ္းမႈျဖစ္ပြားရာမွ အသက္(၅၀)၀န္းက်င္ရွိ အမ်ိဳးသမီးတစ္ဦး ေသဆံုးသြားေၾကာင္း သိရသည္။

မီးေလာင္မႈ ျဖစ္ပြားရာ ဦးအားခ်ိဳ၏ ဝါးထရံေနအိမ္တြင္ ဆယ္ေပပတ္လည္ အိ္မ္ခန္းသံုးခန္းရိွသည့္အနက္ အခန္းငွား ေနထိုင္သည့္ ဝဲဘက္အစြန္ဆံုးအခန္းမွ ဇာဂရိဆိိုသူသည္ ဖေယာင္းတိုင္ထြန္းၿပီး အိပ္ေပ်ာ္သြားရာမွ မီးစတင္ေလာင္ကၽြမ္းျခင္းျဖစ္ေၾကာင္း သိရသည္။

အိမ္ခန္းသံုးခုလံုးအား မီးကူးစက္ေလာင္ကၽြမ္းသြားရာ ယာဘက္အစြန္ဆံုးအခန္းတြင္ ေနထိုင္သည့္ အသက္ (၅၀)ခန္႔အရြယ္ ေဒၚဝင္းဆိုသူမွာ မီးေလာင္ကၽြမ္းကာ ေသဆံုးေနသည္ကို ေတြ႕ရျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္ကၽြမ္းမႈအား ပတ္ဝန္းက်င္ ျပည္သူမ်ားႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား ဝိုင္းဝန္းၿငိႇ္မ္းသတ္ရာ မီးေလာင္ကၽြမ္းမႈ (၁၅)မိနစ္ခန္႔ အၾကာတြင္ မီးၿငိမ္းသြားျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္ကၽြမ္းမႈျဖစ္ပြားရာသို႔ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီးထိန္ဝင္း၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏု၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုတိယရဲမွဴးၾကည္စိုးႏွင့္ ရဲတပ္ဖြဲ႔၀င္မ်ား ေရာက္ရွိလာခဲ့ၾကၿပီး တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးမွဴး ဦးထြန္းႏုိင္ဦး၊ ၿမိဳ႕နယ္မီးသတ္ဦးစီးမွဴး ဦးေအာင္ေဇာ္လင္းႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္ (၂၀)ဦး၊ ယာဥ္ထိန္း ရဲတပ္ဖြဲ႕ဝင္မ်ား၊ ရန္ေအာင္ေျမ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးအားေဆာ္ႏွင့္ အဖြဲ႕၀င္မ်ား၊ ရပ္ကြက္ျပည္သူ႔စစ္၊ ရပ္မိရပ္ဖမ်ား ပူးေပါင္း ၿငိႇမ္းသတ္ခဲ့ေၾကာင္း သိရသည္။

မီးေလာင္ဒဏ္ရာျဖင့္ ေသဆံုးေနသည့္ ေဒၚဝင္း၏ ရုပ္အေလာင္းအား တာခ်ီလိတ္ေဆးရံုတြင္ ပို႔ေဆာင္ စစ္ေဆးေနၿပီး မီးေပါ့ဆစြာ အသံုးျပဳသူ ဇာဂရိအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၉၇/၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅/၃၀၄ - ကျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓာတ္ပံု - OLN၊ TPO


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)ရှိ သုံးခန်းတွဲလူနေအိမ်တစ်လုံး စက်တင်ဘာလ (၂၈)ရက်နေ့ည (၉)နာခွဲဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာမှ အသက်(၅၀)ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာ ဦးအားချို၏ ဝါးထရံနေအိမ်တွင် ဆယ်ပေပတ်လည် အိ်မ်ခန်းသုံးခန်းရှိသည့်အနက် အခန်းငှါး နေထိုင်သည့် ဝဲဘက်အစွန်ဆုံးအခန်းမှ ဇာဂရိဆိုသူသည် ဖယောင်းတိုင်ထွန်းပြီး အိပ်ပျော်သွားရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

အိမ်ခန်းသုံးခုလုံးအား မီးကူးစက်လောင်ကျွမ်းသွားရာ ယာဘက်အစွန်ဆုံးအခန်းတွင် နေထိုင်သည့် အသက် (၅၀)ခန့်အရွယ် ဒေါ်ဝင်းဆိုသူမှာ မီးလောင်ကျွမ်းကာ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုအား ပတ်ဝန်းကျင် ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိ်မ်းသတ်ရာ မီးလောင်ကျွမ်းမှု (၁၅)မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးကြည်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ကြပြီး တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ရန်အောင်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအားဆော်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူ့စစ်၊ ရပ်မိရပ်ဖများ ပူးပေါင်း ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်ဒဏ်ရာဖြင့် သေဆုံးနေသည့် ဒေါ်ဝင်း၏ ရုပ်အလောင်းအား တာချီလိတ်ဆေးရုံတွင် ပို့ဆောင် စစ်ဆေးနပြေီး မီးပေါ့ဆစွာ အသုံးပြုသူ ဇာဂရိအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၉၇/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄ - ကဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - OLN၊ TPO

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~