တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းလမ္း ႏွင့္ ရန္ေအာင္ေျမသြားလမ္းတြင္ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ အာခါေစ်းလမ္း ႏွင့္ ရန္ေအာင္ေျမသြားလမ္းတြင္ မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ
အောက်တိုဘာ 10, 2017
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္ ၊ ရန္ေအာင္ေျမသြားလမ္းေဘးရွိ ၿခံကြက္လပ္တြင္ မူးယစ္ေဆး၀ါး ေရာင္းခ်ေနေၾကာင္း သတင္းရရွိ၍ ပူးေပါင္းအဖြဲ႔ျဖင့္ ၀င္ေရာက္ စစ္ေဆးရွာေဖြရာမွ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္ ၊ ရန္ေအာင္ေျမသြားလမ္းေဘးရွိ ၿခံကြက္လပ္တြင္ မူးယစ္ေဆး၀ါးေရာင္းခ်ေနေၾကာင္း သတင္းရရွိ၍ ၂၀၁၇ခုႏွစ္ ေအာက္တိုဘာလ(၁၀)ရက္ေန႔ ညေန(၃)နာရီ ၀န္းက်င္အခ်ိန္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား ႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ သြားေရာက္ စစ္ေဆးရွာေဖြရာ သတင္းရရွိထားသည့္ ေအာင္ေဇာ္အား ဆိုင္ကယ္ေပၚတြင္ ထိုင္လ်က္ျဖင့္ ေတြ႕ရွိရၿပီး ၎ထံ ဆက္လက္ရွာေဖြရာ မူးယစ္ေဆး၀ါးမ်ား ရွာေဖြေတြ႕ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ ရွာေဖြရာတြင္ ၎လြယ္ထားသည့္ လြယ္အိတ္အတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၆၇၀)ျပားႏွင့္ အေလးခ်ိန္ (၅)ဂရမ္ခန္႔ရွိသည့္ အိုက္စ္တို႔ကို ေတြ႕ရွိရျခင္း ျဖစ္သည္။

ဆက္လက္၍ ညေန(၃း၁၅)နာရီ၀န္းက်င္အခ်ိန္တြင္ ၎ေနထိုင္ရာ တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္၊ အာခါေစ်းလမ္းရွိ ေနအိမ္အခန္းသို႔ ၀င္ေရာက္ ရွာေဖြရာတြင္ အိပ္ခန္းအတြင္းမွ အေလးခ်ိန္(၉၀၀)ဂရမ္ခန္႔ရွိသည့္ အိုက္စ္မ်ားႏွင့္ Wy စာတမ္းပါ ပန္းေရာင္ စိတ္ၾကြေဆးျပား စုစုေပါင္း (၄၀၀၀) ကုိ ထပ္မံေတြ႕ရေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေအာင္ေဇာ္ထံမွ ေတြ႕ရသည့္ မူးယစ္ေဆး၀ါးမ်ားႏွင့္ ေနအိမ္တြင္ ေတြ႕ရသည့္ မူးယစ္ေဆး၀ါးမ်ားမွာ စိတ္ၾကြေဆးျပား စုစုေပါင္း (၄၆၇၀)ျပား ႏွင့္ အိုက္စ္(၉၀၅)ဂရမ္တို႔အား သိမ္းဆည္းရမိသည့္အတြက္ ၎အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၅၆/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က) အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ ရန်အောင်မြေသွားလမ်းဘေးရှိ ခြံကွက်လပ်တွင် မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သတင်းရရှိ၍ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက် စစ်ဆေးရှာဖွေရာမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးသိမ်းဆည်းရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ ရန်အောင်မြေသွားလမ်းဘေးရှိ ခြံကွက်လပ်တွင် မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းရရှိ၍ ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့ ညနေ(၃)နာရီ ဝန်းကျင်အချိန်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ နှင့် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် သွားရောက် စစ်ဆေးရှာဖွေရာ သတင်းရရှိထားသည့် အောင်ဇော်အား ဆိုင်ကယ်ပေါ်တွင် ထိုင်လျက်ဖြင့် တွေ့ရှိရပြီး၎င်းထံ ဆက်လက်ရှာဖွေရာ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေရာတွင်၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၆၇၀)ပြားနှင့် အလေးချိန် (၅)ဂရမ်ခန့်ရှိသည့် အိုက်စ်တို့ကို တွေ့ရှိရခြင်း ဖြစ်သည်။

ဆက်လက်၍ ညနေ(၃း၁၅)နာရီဝန်းကျင်အချိန်တွင်၎င်းနေထိုင်ရာ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းရှိ နေအိမ်အခန်းသို့ ဝင်ရောက် ရှာဖွေရာတွင် အိပ်ခန်းအတွင်းမှ အလေးချိန်(၉၀၀)ဂရမ်ခန့်ရှိသည့် အိုက်စ်များနှင့် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၄၀၀၀) ကို ထပ်မံတွေ့ရကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အောင်ဇော်ထံမှ တွေ့ရသည့် မူးယစ်ဆေးဝါးများနှင့် နေအိမ်တွင် တွေ့ရသည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွဆေးပြား စုစုပေါင်း (၄၆၇၀)ပြား နှင့် အိုက်စ်(၉၀၅)ဂရမ်တို့အား သိမ်းဆည်းရမိသည့်အတွက်၎င်းအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၅၆/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~