တာချီလိတ်တွင် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထုံးနှံမှု စတင်
တာချီလိတ်တွင် ကလေးငယ်များအား ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထုံးနှံမှု စတင်
နိုဝငျဘာ 15, 2017
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများ စတင်ထိုးနှံမှုအဖြစ် ပုန်းထွန်ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ပုန်းထွန်)တွင် ပြုလုပ်နေပြီး စတင်ထိုးနှံမှုဖွင့်ပွဲ အဖြစ် ပြုလုပ်ကာ အဆိုပါ ကျောင်းမှ ကျောင်းသား၊ကျောင်းသူ(၁၀၀၀)ခန့် အား ယနေ့  နိုဝင်ဘာလ (၁၅)ရက် နံနက်ပိုင်းမှစ၍ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးပေးရာတွင် ဆေးမထိုးမီ ဖျားနာမှု ရှိ/မရှိ၊ အခြားသော ဆေးများ သောက်ထားမှု ရှိ/မရှိ မေးမြန်းကာ ထိုးပေးပြီး၊ ကာကွယ်ဆေးထိုးပြီးသည့် နောက်ပိုင်းတွင်လည်း ကလေးများကို မူးဝေမှုများ မဖြစ်ပေါ်စေရန် အတွက် နာရီဝက်ခန့်  တစ်နေရာတည်းတွင် ထိုင်၍ စောင့်ဆိုင်းစေကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်မည့် အသက်(၉)လမှ (၁၅)နှစ်အထိ ကလေးများကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အား နိုဝင်ဘာလ (၁၅)ရက်မှ (၂၃)ရက်နေ့ အထိ ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့်လည်းကောင်း၊ဒီဇင်ဘာလ(၁၁)ရက်မှ (၂၀)ရက်နေ့အထိ ပြည်သူလူထု အခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့်လည်းကောင်း ၊ ဝေးလံခေါင်းပါး ဒေသများတွင် နိုဝင်ဘာလ(၁၅)ရက်နေ့ မှ ဒီဇင်ဘာလ (၂၁)ရက်နေ့ အထိ လည်းကောင်း ကာကွယ်ဆေးများထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်အား ကျောင်းပေါင်း(၁၁၈) ကျောင်းတွင် ပါဝင်ကူညီမည့် ကျောင်း ဆရာ၊ ဆရာမ ဦးရေ (၁၈၄)ဦး၊ ကြီးကြပ်သူ(၂၅)ဦးတို့ ပါဝင်သည့် ဆေးထိုးအဖွဲ့  (၄၆)ဖွဲ့ မှ လည်းကောင်း၊ ပြည်သူလူထု အခြေပြုကာကွယ်ဆေးထိုး အစီအစဉ်အဖြစ် ရပ်ကွက်ပေါင်း (၁၈)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၃၃၀)တို့ တွင် ကြီးကြပ်သူ(၂၅)ဦးနှင့် စေတနာ့ဝန်ထမ်း (၁၃၈)ဦးတို့  ပါဝင်သည့် ဆေးထိုးအဖွဲ့  (၄၆)ဖွဲ့ ဖြင့်လည်းကောင်း၊ သွားလာရန် ခက်ခဲသော ဝေးလံ ခေါင်းပါးသည့် ဒေသရှိ ကျေးရွာပေါင်း (၄၄)ရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲပေါင်း (၁၆)ခု၊ ကျေးလက်ကျန်းမာရေး ဌာန(၆)ဌာနတို့ နှင့် ဆေးထိုးအဖွဲ့  (၁၇)ဖွဲ့ တို့ ဖြင့် လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်းတွင် ပါဝင်သည့် မြို့များဖြစ်သည့် တာချီလိတ်မြို့၊ တာလေမြို့၊ ကျိုင်းလပ်မြို့ စသည့်မြို့များရှိ ရပ်ကွက်များ နှင့် ကျေးရွာအုပ်စုများမှ ရွာများအထိ အပါအ၀င်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးများ စတင်ထိုးနှံမှုအဖြစ် ပုန်းထွန်ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ပုန်းထွန်)တွင် ပြုလုပ်နပြေီး စတင်ထိုးနှံမှုဖွင့်ပွဲ အဖြစ် ပြုလုပ်ကာ အဆိုပါ ကျောင်းမှ ကျောင်းသား၊ကျောင်းသူ(၁၀၀၀)ခန့်အား ယနေ့ နိုဝင်ဘာလ (၁၅)ရက် နံနက်ပိုင်းမှစ၍ ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
"ကွန်တော်တို့ဒီနေ့ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို တာချီလိတ်မြို့ပေါ်က ကျောင်းတွေထဲမှာ ဒီကျောင်းက ကလေးတွေကို ပထမဆုံး ထိုးပေးတာဖြစ်ပါတယ်။ ဒီနေ့ တစ်နေကုန် တစ်ဖွဲ့မှာ (၄)ယောက်ပါတဲ့ ဆေးထိုးအဖွဲ့ (၅)ဖွဲ့နဲ့ ဒီကျောင်းမှာ ထိုးပေးမှာ ဖြစ်ပါတယ်။ နောက်နေ့တွေမှာတော့ တခြားကျောင်းတွေမှာ ထပ်ပြီး ထိုးပေးသွားမှာပါ။ ပြီးရင် အခု ကျွန်တော်နဲ့ အတူ ကလေးအထူးကု ဆရာဝန်နဲ့ သမားတော်ကလည်း လိုက်ပါပြီးတော့ ကလေးတွေ ဆေးထိုးသင့် မထိုးသင့် မေးမြန်းတာတွေ ကိုလည်း ဖြကြေားပေးနေပါတယ်။"ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင် ကုတင်(၁၀၀)ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကာကွယ်ဆေးထိုးပေးရာတွင် ဆေးမထိုးမီ ဖျားနာမှု ရှိ/မရှိ၊ အခြားသော ဆေးများ သောက်ထားမှု ရှိ/မရှိ မေးမြန်းကာ ထိုးပေးပြီး၊ ကာကွယ်ဆေးထိုးပြီးသည့် နောက်ပိုင်းတွင်လည်း ကလေးများကို မူးေဝမှုများ မဖြစ်ပေါ်စေရန် အတွက် နာရီဝက်ခန့် တစ်နေရာတည်းတွင် ထိုင်၍ စောင့်ဆိုင်းစေကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်မည့် အသက်(၉)လမှ (၁၅)နှစ်အထိ ကလေးများကို ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်အား နိုဝင်ဘာလ (၁၅)ရက်မှ (၂၃)ရက်နေ့ အထိ ကျောင်းအခြပြေု ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့်လည်းကောင်း၊ဒီဇင်ဘာလ(၁၁)ရက်မှ (၂၀)ရက်နေ့အထိ ပြည်သူလူထု အခြပြေု ကာကွယ်ဆေးထိုး အစီအစဉ်ဖြင့်လည်းကောင်း၊ေဝးလံခေါင်းပါး ဒေသများတွင် နို်ဝင်ဘာလ(၁၅)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ လည်းကောင်း ကာကွယ်ဆေးများထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ကျောင်းအခြပြေု ကာကွယ်ဆေးထိုး အစီအစဉ်အား ကျောင်းပေါင်း(၁၁၈) ကျောင်းတွင် ပါဝင်ကူညီမည့် ကျောင်း ဆရာ၊ ဆရာမ ဦးရေ (၁၈၄)ဦး၊ ကြီးကြပ်သူ(၂၅)ဦးတို့ပါဝင်သည့် ဆေးထိုးအဖွဲ့ (၄၆)ဖွဲ့မှ လည်းကောင်း၊ ပြည်သူလူထု အခြပြေုကာကွယ်ဆေးထိုး အစီအစဉ်အဖြစ် ရပ်ကွက်ပေါင်း (၁၈)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၃၃၀)တို့တွင် ကြီးကြပ်သူ(၂၅)ဦးနှင့် စေတနာ့ဝန်ထမ်း (၁၃၈)ဦးတို့ ပါဝင်သည့် ဆေးထိုးအဖွဲ့ (၄၆)ဖွဲ့ဖြင့်လည်းကောင်း၊ သွားလာရန် ခက်ခဲသောေဝးလံ ခေါင်းပါးသည့် ဒေသရှိ ကျေးရွာပေါင်း (၄၄)ရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲပေါင်း (၁၆)ခု၊ ကျေးလက်ကျန်းမာရေး ဌာန(၆)ဌာနတို့နှင့် ဆေးထိုးအဖွဲ့ (၁၇)ဖွဲ့တို့ဖြင့် လည်းကောင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်းတွင် ပါဝင်သည့် မြို့များဖြစ်သည့် တာချီလိတ်မြို့၊ တာလမြေို့၊ ကျိုင်းလပ်မြို့ စသည့်မြို့များရှိ ရပ်ကွက်များ နှင့် ကျေးရွာအုပ်စုများမှ ရွာများအထိ အပါအဝင်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~