ယာဉ်/လမ်းစည်းကမ်း ဖောက်ဖျက်၍ အရေးယူခံရသူများအား ပထမဆုံးအကြိမ်အဖြစ် ဆိုင်ကယ်စီးဦးထုပ်အခမဲ့ ပေးဝေရန် မကွေးမြို့တွင် စီစဉ်

ယာဉ်/လမ်းစည်းကမ်း ဖောက်ဖျက်၍ အရေးယူခံရသူများအား ပထမဆုံးအကြိမ်အဖြစ် ဆိုင်ကယ်စီးဦးထုပ်အခမဲ့ ပေးဝေရန် မကွေးမြို့တွင် စီစဉ်
နိုဝငျဘာ 7, 2017
By Tachileik News Agency

ယာဉ်/လမ်းစည်းကမ်းဖောက်ဖျက်၍ ဖမ်းဆီးအရေးယူခံရသော ဆိုင်ကယ်စီးသူများအား အရည်အသွေး မီသည့် ဆိုင်ကယ်စီးဦးထုပ်များကို အခမဲ့ပေးဝေခြင်း ပထမဆုံးအကြိမ်အဖြစ် မကွေးမြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အခမဲ့ပေးဝေရန်အတွက် ဆိုင်ကယ်စီးဦးထုပ် အလုံး (၁၀၀၀)အား စီစဉ်ထားကြောင်း မကွေးမြို့ယာဉ်ထိန်းရဲတပ်ဖွဲ့ထံက သိရသည်။



မကွေးတိုင်းဒေသကြီး ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ် (၉၅) သိန်းဖြင့် အရည်အသွေးမီ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်စီး ဦးထုပ်များကို ပေးဝေခြင်းဖြစ်ပြီး လက်ရှိအလုံး (၁၀၀၀) ကုန်သွားပါက ထပ်မံပေးဝေနိုင်ရေးအတွက်မူ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မကွေးမြို့တွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုးတပ်၍ စီးနင်းခြင်းမပြုသည့် ဆိုင်ကယ်များကိုသာ အဓိကထား၍ ဖမ်းဆီးနေခြင်းဖြစ်ပြီး ဆိုင်ကယ်စီးဦးထုပ်မဆောင်းပါက ဒဏ်ငွေ ကျပ်(၃)သောင်း တရားရုံးတွင် ပေးဆောင်စေကြောင်းသိရပြီး မကွေးတိုင်းဒေသကြီး၌ အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှု (၁၃၃) မှု၊ သေဆုံးသူ (၃၃) ဦး၊ ဒဏ်ရာရရှိသူ (၂၅၂) ဦး၊ ယာဉ်စည်းကမ်း ဖောက်ဖျက်မှု (၁၁၉၆)မှု ရှိခဲ့ကြောင်း ယာဉ်ထိန်းမှတ်တမ်းအရ သိရှိရသည်။

သတင်း/ဓာတ်ပုံ- ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

ယာဉ်/လမ်းစည်းကမ်းဖောက်ဖျက်၍ ဖမ်းဆီးအရေးယူခံရသော ဆိုင်ကယ်စီးသူများအား အရည်အသွေး မီသည့် ဆိုင်ကယ်စီးဦးထုပ်များကို အခမဲ့ပေးဝခြေင်း ပထမဆုံးအကြိမ်အဖြစ် မကွေးမြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အခမဲ့ပေးေဝရန်အတွက် ဆိုင်ကယ်စီးဦးထုပ် အလုံး (၁၀၀၀)အား စီစဉ်ထားကြောင်း မကွေးမြို့ယာဉ်ထိန်းရဲတပ်ဖွဲ့ထံက သိရသည်။

"ဆိုင်ကယ်စီးဦးထုပ်အလုံး (၁၀၀၀)ကို အခမဲ့ပေးဝေသွားမှာပါ။ ဆိုင်ကယ်စီးသူတိုင်း ဆိုင်ကယ်စီးဦးထုပ် ဆောင်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ ဆိုင်ကယ်မတော်တဆမှု ဖြစ်လိုက်ရင် ဦးခေါင်းကိုထိခိုက်ပြီး အသက်ဆုံးရှုံးရလေ့ရှိပါတယ်။ ဒီ့အတွက် ဦးခေါင်းကိုအကာအကွယ်ပေးနိုင်မယ့် အရည်အသွေးမီ ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးတပ်ပြီး စီးကြစေချင်တာကြောင့် မကွေးမြို့မှာ ပထမဆုံးအကြိမ်အဖြစ် အခမဲ့ပေးဝေဖို့ စီစဉ်ရတာဖြစ်ပါတယ် " ဟု မကွေးတိုင်းယာဉ်ထိန်းတပ်ဖွဲ့မှူး ရဲမှူးသာဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်စည်းကမ်းဖောက်ဖျက်၍ ဖမ်းဆီးတရားစွဲဆိုခံရသော ဆိုင်ကယ်စီးနင်းသူများကို ကျပ် (၁) သောင်းကျော်တန်ဖိုးရှိသည့် အရည်အသွေးမီ ထိုင်းနိုင်ငံလုပ် ဆိုင်ကယ်စီး ဦးထုပ်များအား ယာဉ်ထိန်းတပ်ဖွဲ့မှ အခမဲ့ ပေးဝေသွားမည်ဖြစ်ရာ နိုဝင်ဘာ (၆) ရက်နေ့မှ စတင်၍ ဖမ်းဆီးခံရသော ဆိုင်ကယ်ယာဉ်များကို နိုဝင်ဘာ (၇) ရက်နေ့တွင် တရားရုံး၌ ဒဏ်ငွေဆောင်ပြီးပါက ယာဉ်ထိန်းရုံးတွင် ချလန်ပြ၍ ဆိုင်ကယ်ပြန် ထုတ်ယူသည့်အခါတွင် ဆိုင်ကယ်စီးဦးထုပ်များကို တစ်ပါတည်း ပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ် (၉၅) သိန်းဖြင့် အရည်အသွေးမီ ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်စီး ဦးထုပ်များကို ပေးဝခြေင်းဖြစ်ပြီး လက်ရှိအလုံး (၁၀၀၀) ကုန်သွားပါက ထပ်မံပေးဝေနိုင်ရေးအတွက်မူ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မကွေးမြို့တွင် ဆိုင်ကယ်စီးဦးထုပ်အား မေးသိုင်းကြိုးတပ်၍ စီးနင်းခြင်းမပြုသည့် ဆိုင်ကယ်များကိုသာ အဓိကထား၍ ဖမ်းဆီးနခြေင်းဖြစ်ပြီး ဆိုင်ကယ်စီးဦးထုပ်မဆောင်းပါက ဒဏ်ငွေ ကျပ်(၃)သောင်း တရားရုံးတွင် ပေးဆောင်စေကြောင်းသိရပြီး မကွေးတိုင်းဒေသကြီး၌ အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှု (၁၃၃) မှု၊ သေဆုံးသူ (၃၃) ဦး၊ ဒဏ်ရာရရှိသူ (၂၅၂) ဦး၊ ယာဉ်စည်းကမ်း ဖောက်ဖျက်မှု (၁၁၉၆)မှု ရှိခဲ့ကြောင်း ယာဉ်ထိန်းမှတ်တမ်းအရ သိရှိရသည်။

သတင်း/ဓာတ်ပုံ- ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~