
ဒီဇငျဘာ 10, 2017
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်တွင် ဒီဇင်ဘာလ (၁၀)ရက်နေ့က မော်တော်ယာဉ်အား ကျော်တက်သည့် ဆိုင်ကယ် မော်တော်ယာဉ်ဖြင့်ပွတ်တိုက်လဲကျသွား၍ ဆိုင်ကယ်မောင်းသူအား ကားဖြင့်နင်းမိ၍ သေဆုံးသွားကြောင်း သိရသည်။



သတင်း #စိုင်းဇေယျာ

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် မော်တော်ယာဉ်အား ကျော်တက်သည့်ဆိုင်ကယ် လဲကျပြီး ကားဖြင့်နင်းမိ
**********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်တွင် ဒီဇင်ဘာလ (၁၀)ရက်နေ့က မော်တော်ယာဉ်အား ကျော်တက်သည့် ဆိုင်ကယ်က မော်တော်ယာဉ်ဖြင့်ပွတ်တိုက်လဲကျသွား၍ ဆိုင်ကယ်မောင်းသူအား ကားဖြင့်နင်းမိ၍ သေဆုံးသွားကြောင်း သိရသည်။

ဆန်ဆိုင်း (က)ရပ်ကွက် ပုံလို့ဘုန်းကြီးကျောင်းသွားလမ်းပေါ်တွင် ပုံလို့လမ်းဆုံဘက်သို့ ဒေါ်နန်းသွန် မောင်းနှင်လာသည့် ဆိုင်ကယ်က ရှေ့မှ လားရာတူမောင်းနှင်နေသည့် သဲတင်ယာဉ်အား လမ်းဝဲဘက်မှ ကျော်တက်မောင်းနှင်စဉ် ဆိုင်ကယ်သည် မော်တော်ယာဉ်ဖြင့် ပွတ်တိုက်မိပြီး လဲကျသွားကာ ဆိုင်ကယ်မောင်းနှင်သူအား ကားဖြင့် နင်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုနှင့် ပတ်သက်၍ ဆိုင်ကယ်မောင်းနှင်သူ ဒေါ်နန်းသွန်အား ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် အရေးယူထားကြောင်း သိရသည်။

သတင်း #စိုင်းဇေယာျ

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~