အသက္ေမြး၀မ္းေက်ာင္း ပညာသင္ေက်ာင္းမ်ား ပိုမိုတက္ေရာက္ၾကရန္ လူငယ္မ်ားအား ေဒၚစုတိုက္တြန္း

အသက္ေမြး၀မ္းေက်ာင္း ပညာသင္ေက်ာင္းမ်ား ပိုမိုတက္ေရာက္ၾကရန္ လူငယ္မ်ားအား ေဒၚစုတိုက္တြန္း
ဒီဇင်ဘာ 31, 2017
By Tachileik News Agency

ဘြဲ႕ရအလုပ္လက္မဲ့ အေရအတြက္မ်ားေနသည့္ အတြက္ အသက္ေမြးဝမ္းေက်ာင္း ပညာသင္ ေက်ာင္းမ်ားကို လက္ရိွတြင္ တိုးခ်ဲ႕ ဖြင့္လွစ္ေပးေနၿပီး လူငယ္မ်ားအေနျဖင့္ ပိုမို တက္ေရာက္ၾကေစလ ိုေၾကာင္း ႏုိင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ကယားျပည္နယ္ခရီးစဥ္တြင္ တိုက္တြန္းလုိက္သည္။

"ကြၽန္မႀကံဳတုန္း လူငယ္ေတြအားလုံးကို အားေပးခ်င္ပါတယ္။ အသက္ေမြး၀မ္းေက်ာင္း ပညာသင္ေက်ာင္းေတြကိုသြားၾကပါ။ အားေပးၾကပါ။ တကၠသိုလ္မွာသြားၿပီးေတာ့ ဘြဲ႔ရမွ ပညာတတ္တယ္လို႔ မဟုတ္ပါဘူး။ မိဘေတြရဲ႕ က႑လည္း ပါပါတယ္။ မိဘေတြက သူတို႔ရဲ႕သားသမီးေတြကို တကၠသိုလ္ သြားၿပီးေတာ့ ဝတ္႐ုံႀကီးဝတ္ၿပီးေတာ့ ဘြဲ႔ႏွင္းသဘင္တက္ၿပီး ဘြဲ႔ယူတာ၊ ဓာတ္ပံု႐ုိက္ၿပီးေတာ့ အိမ္မွာခ်ိတ္ ထားတာကို သိပ္ဝါသနာပါတယ္။ အခု ကြၽန္မတို႔စဥ္စားေနတယ္။ အသက္ေမြး၀မ္းေက်ာင္း ပညာေက်ာင္းေတြမွာ ေအာင္တဲ့သူေတြကို ပိုၿပီးေတာ့ လွလွ ဝတ္႐ုံႀကီးေတြ လုပ္ေပးမလို႔။ ဒါမွ အသက္ေမြးဝမ္းေက်ာင္း ပညာကို အားထားမွာ။ အေလးထားေအာင္ တန္ဖိုးထားေအာင္။ အသက္ေမြးဝမ္းေက်ာင္းပညာသင္တဲ့ လူငယ္မ်ားဟာ ေက်ာင္းၿပီးတာနဲ႔ တန္းၿပီးေတာ့အလုပ္ရတယ္ ။ဒါကသိပ္ၿပီးအေရးႀကီးပါတယ္။ စာသင္ၿပီးေတာ့မွ အလုပ္မရဘဲနဲ႔ ပညာတတ္အလုပ္လက္မဲ့ေပါ့။ ဘြဲ႔ရ အလုပ္လက္မဲ့ျဖစ္ေနတဲ့ဟာက လုံးဝ မေကာင္းပါဘူး ။ အဲဒါေၾကာင့္ အသက္ေမြး၀မ္းေက်ာင္း ပညာဖက္ကို မိန္းကေလးေတြေရာ ေယာက်ာ္းေလးေတြေရာ တိုက္တြန္းခ်င္္တယ္ " ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီဇင္ဘာလ (၂၉)ရက္ေန႔က လိြဳင္ေကာ္ၿမိဳ႕တြင္ ေဒသခံလူငယ္မ်ားႏွင့္ ၿငိမ္းခ်မ္းေရးစကားဝိုင္းတြင္ တိုက္တြန္း လိုက္သည္။

လက္႐ွိပညာသင္ၾကားေရးတြင္ တကၠသိုလ္ပညာသင္ၾကားရာ၌ ေယာက်္ားေလးဦးေရမွာ သိသိသာသာ က်ဆင္းလာျခင္းႏွင့္ ဘြဲ႔ရအလုပ္မဲ့မ်ား မ်ားေနသျဖင့္ သက္ေမြး၀မ္းေက်ာင္း ပညာသင္ေက်ာင္းမ်ားကို ယခုအစိုးရလက္ထက္တြင္ ပိုမိုဖြင့္လွစ္ေပးထားေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - Myanmar State Counsellor Office




~~~~~~~~⊰❂ unicode ~~~~~~~~

ဘွဲ့ရအလုပ်လက်မဲ့ အရေအတွက်များနေသည့် အတွက် အသက်မွေးဝမ်းကျောင်း ပညာသင် ကျောင်းများကို လက်ရှိတွင် တိုးချဲ့ ဖွင့်လှစ်ပေးနပြေီး လူငယ်များအနဖြေင့် ပိုမို တက်ရောက်ကြစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ်ခရီးစဉ်တွင် တိုက်တွန်းလိုက်သည်။

"ကျွန်မကြုံတုန်း လူငယ်တွေအားလုံးကို အားပေးချင်ပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေကိုသွားကြပါ။ အားပေးကြပါ။ တက္ကသိုလ်မှာသွားပြီးတော့ ဘွဲ့ရမှ ပညာတတ်တယ်လို့ မဟုတ်ပါဘူး။ မိဘတွေရဲ့ ကဏ္ဍလည်း ပါပါတယ်။ မိဘတွေက သူတို့ရဲ့သားသမီးတွေကို တက္ကသိုလ် သွားပြီးတော့ ဝတ်ရုံကြီးဝတ်ပြီးတော့ ဘွဲ့နှင်းသဘင်တက်ပြီး ဘွဲ့ယူတာ၊ ဓာတ်ပုံရိုက်ပြီးတော့ အိမ်မှာချိတ် ထားတာကို သိပ်ဝါသနာပါတယ်။ အခု ကျွန်မတို့စဉ်စားနေတယ်။ အသက်မွေးဝမ်းကျောင်း ပညာကျောင်းတွေမှာ အောင်တဲ့သူတွေကို ပိုပြီးတော့ လှလှ ဝတ်ရုံကြီးတွေ လုပ်ပေးမလို့။ ဒါမှ အသက်မွေးဝမ်းကျောင်း ပညာကို အားထားမှာ။ အလေးထားအောင် တန်ဖိုးထားအောင်။ အသက်မွေးဝမ်းကျောင်းပညာသင်တဲ့ လူငယ်များဟာ ကျောင်းပြီးတာနဲ့ တန်းပြီးတော့အလုပ်ရတယ်။ဒါကသိပ်ပြီးအရေးကြီးပါတယ်။ စာသင်ပြီးတော့မှ အလုပ်မရဘဲနဲ့ ပညာတတ်အလုပ်လက်မဲ့ပေါ့။ ဘွဲ့ရ အလုပ်လက်မဲ့ဖြစ်နေတဲ့ဟာက လုံးဝ မကောင်းပါဘူး။ အဲဒါကြောင့် အသက်မွေးဝမ်းကျောင်း ပညာဖက်ကို မိန်းကလေးတွေရော ယောကျာ်းလေးတွေရော တိုက်တွန်းချင်တယ် " ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ (၂၉)ရက်နေ့က လွိုင်ကော်မြို့တွင် ဒေသခံလူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် တိုက်တွန်း လိုက်သည်။

လက်ရှိပညာသင်ကြားရေးတွင် တက္ကသိုလ်ပညာသင်ကြားရာ၌ ယောကျာ်းလေးဦးရေမှာ သိသိသာသာ ကျဆင်းလာခြင်းနှင့် ဘွဲ့ရအလုပ်မဲ့များ များနေသဖြင့် သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများကို ယခုအစိုးရလက်ထက်တွင် ပိုမိုဖွင့်လှစ်ပေးထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဆန်းဖြိုးထွန်း
ဓာတ်ပုံ - Myanmar State Counsellor Office

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~