“ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသသို႔ လူကုန္ကူးခံရသည့္ ရန္ကုန္တုိင္းမွ အမ်ိဳးသမီး ၄ ဦးႏွင့္ လူကုန္ကူးသူတို႔အား ပန္ဆန္းရဲတပ္ဖြဲ႕က တန္႔ယန္းရဲတပ္ဖြဲ႔သို႔ လႊဲေျပာင္း

“ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသသို႔ လူကုန္ကူးခံရသည့္ ရန္ကုန္တုိင္းမွ အမ်ိဳးသမီး ၄ ဦးႏွင့္ လူကုန္ကူးသူတို႔အား ပန္ဆန္းရဲတပ္ဖြဲ႕က တန္႔ယန္းရဲတပ္ဖြဲ႔သို႔ လႊဲေျပာင္း
ဇန်နဝါရီ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) "ဝ" ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္း လူကုန္ကူးခံရသူ အမ်ဳိးသမီး(၄)ဦးႏွင့္ ျပစ္မႈက်ဴးလြန္သူတို ့အား ပန္ဆန္းၿမိဳ႕ ရဲတပ္ဖဲြ႕က လားရွိုးၿမိဳ႕ အမွတ္ ၁၆ လူကုန္ကူးမႈ တားဆီးႏိွမ္နင္းေရး ရဲတပ္ဖဲြ႕စုထံသို ့နယ္ျခား "ဝ"ဂိတ္ေနရာ၌ ဇန္နဝါရီလ (၁၃)ရက္ေန႔က လႊဲေျပာင္းေပးလုိက္ေၾကာင္း သိရသည္။

“UWSA "ဝ"ျပည္နယ္ ပန္ဆန္းၿမိဳ႕ ရဲတပ္ဖဲြ႕မွ "ဝ"ျပည္နယ္အတြင္းသို ့ လူကုန္ကူးခံရသူအမ်ဳိးသမီး(၄)ဦးႏွင့္ ျပစ္မႈက်ဴးလြန္သူတို ့အား လားရွိုးၿမိဳ႕ အမွတ္ ၁၆ လူကုန္ကူးမႈ တားဆီးႏိွမ္နင္းေရး ရဲတပ္ဖဲြ႕စုထံသို႔ ့ နယ္ျခား "ဝ"ဂိတ္ေနရာ၌ လဲြေျပာင္းေပးခဲ့သည္”ဟု UWSA ၏ ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းက ေဖၚျပ ထားျခင္းျဖစ္သည္။

လားရိႈးၿမိဳ႕ အမွတ္ (၁၆) လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕စုက လာရိႈးၿမိဳ႕ရိွ “ဝ”အထူးေဒသ(၂) ဆက္ဆံေရးရံုး တာဝန္ခံထံ ၂၀၁၇ ခုနွစ္ ဒီဇင္ဘာလ (၂၉)ရက္ေန႔က အဆိုပါ လူကုန္ကူးခံရသူမ်ားအား ကူညီ စံုစမ္း လႊဲေျပာင္းေပးအပ္ႏုိင္ပါရန္ ညိႇႏိႈင္းအေၾကာင္းၾကားခ်က္ ေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လူကုန္ကူးခံရသည့္ အမ်ိဳးသမီး (၄)ဦးမွာ ရန္ကုန္တုိင္းေဒသႀကီးမွျဖစ္ၿပီး ၎တို႔၏ မိသားစုဝင္မ်ားက ၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလ (၂၅)ရက္ေန႔တြင္ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕ ေနျပည္ေတာ္၏ Hot Line ဖုန္းနံပါတ္မွတစ္ဆင့္ ဆက္သြယ္ေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိိုပါ အမ်ိဳးသမီးေလးဦးအား ရန္ကုန္ၿမိဳ႕တြင္ ေနသူက "ဝ" အထူးေဒသ (၂) မန္မန္းဆုိင္ (သတၳဳတြင္းရိွရာ) မွ ျပည့္တန္ဆာခန္းတြင္ ပို႔ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသျဖင့္ “ဝ” အထူးေဒသ (၂)မွ တာဝန္ရိွသူမ်ားက ဖမ္းဆီးၿပီး တန္႔ယန္းရဲစခန္းသို႔ လႊဲေျပာင္းေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - Nyi Rang


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လူကုန်ကူးခံရသူ အမျိုးသမီး(၄)ဦးနှင့် ပြစ်မှုကျူးလွန်သူတို့အား ပန်ဆန်းမြို့ ရဲတပ်ဖွဲ့က လားရှိုးမြို့ အမှတ် ၁၆ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုထံသို့နယ်ခြား "ဝ"ဂိတ်နေရာ၌ ဇန်နဝါရီလ (၁၃)ရက်နေ့က လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

“UWSA "ဝ"ပြည်နယ် ပန်ဆန်းမြို့ ရဲတပ်ဖွဲ့မှ "ဝ"ပြည်နယ်အတွင်းသို့ လူကုန်ကူးခံရသူအမျိုးသမီး(၄)ဦးနှင့် ပြစ်မှုကျူးလွန်သူတို့အား လားရှိုးမြို့ အမှတ် ၁၆ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုထံသို့ နယ်ခြား "ဝ"ဂိတ်နေရာ၌ လွဲပြောင်းပေးခဲ့သည်”ဟု UWSA၏ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ဖော်ပြ ထားခြင်းဖြစ်သည်။

လားရှိုးမြို့ အမှတ် (၁၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုက လာရှိုးမြို့ရှိ “ဝ”အထူးဒေသ(၂) ဆက်ဆံရေးရုံး တာဝန်ခံထံ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့က အဆိုပါ လူကုန်ကူးခံရသူများအား ကူညီ စုံစမ်း လွှဲပြောင်းပေးအပ်နိုင်ပါရန် ညှိနှိုင်းအကြောင်းကြားချက် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူကုန်ကူးခံရသည့် အမျိုးသမီး (၄)ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ပြီး၎င်းတို့၏ မိသားစုဝင်များက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၂၅)ရက်နေ့တွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ နပြေည်တော်၏ Hot Line ဖုန်းနံပါတ်မှတစ်ဆင့် ဆက်သွယ်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးလေးဦးအား ရန်ကုန်မြို့တွင် နေသူက "ဝ" အထူးဒေသ (၂) မန်မန်းဆိုင် (သတ္ထုတွင်းရှိရာ) မှ ပြည့်တန်ဆာခန်းတွင် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသဖြင့် “ဝ” အထူးဒေသ (၂)မှ တာဝန်ရှိသူများက ဖမ်းဆီးပြီး တန့်ယန်းရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - Nyi Rang

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~