မူးယစ်ဆေးဖြတ်စခန်းအတွက် ရန်ပုံငွေရှာဖွေရေးအဖြစ် ကချင်ပြည်နယ် ပူတာအိုအထိ သွားရောက်မည့် ရှမ်း(အရှေ့)မှ စက်ဘီးစီး (၇)ဦး လားရှိုးသို့ ဆက်လက်ထွက်ခွာ

မူးယစ်ဆေးဖြတ်စခန်းအတွက် ရန်ပုံငွေရှာဖွေရေးအဖြစ် ကချင်ပြည်နယ် ပူတာအိုအထိ သွားရောက်မည့် ရှမ်း(အရှေ့)မှ စက်ဘီးစီး (၇)ဦး လားရှိုးသို့ ဆက်လက်ထွက်ခွာ
ဇနျနဝါရီ 27, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်နှင့် ပြန်လည် ထူထောင်ရေးစခန်း ရန်ပုံငွေရှာဖွေရေး တာချီလိတ် - ပူတာအို စက်ဘီးစီးခရီးစဉ်၏ (၇)ရက်မြောက်နေ့ ဖြစ်သည့် ဇန်နဝါရီလ (၂၆)ရက်နေ့တွင် လားရှိုးမြို့နယ် နမ့်ပေါင်ရွာတွင် ရောက်ရှိ ရပ်နားပြီးဇန်နဝါရီလ (၂၇)ရက်နေ့ နံနက်(၈)နာရီခွဲတွင် လားရှိုးမြို့သို့ ဆက်လက်ထွက်ခွာပြီဖြစ်ကြောင်း သိရသည်။


တာချီလိတ် - ပူတာအို စက်ဘီးစီးခရီး၏ (၈)ရက်မြောက်နေ့ ဇန်န၀ါရီလ(၂၇)ရက်နေ့ နံနက်ပိုင်း အချိန်အထိ စုစုပေါင်း ရန်ပုံငွေ ( ၅၂ )သိန်းကျော် ရရှိထားပြီဖြစ်ကြောင်း သိရပြီး ဆက်လက် စီးနင်းမည့် ခရီးစဉ်တစ်လျှောက်တွင် စက်ဘီးစီးအဖွဲ့ထံ ရန်ပုံငွေ တိုက်ရိုက်ပေးနိုင်သည့်အပြင် ဒေသအသီးသီးမှ ရန်ပုံငွေထည့်ဝင် လိုသူများ အနေဖြင့် ရန်ပုံငွေဘဏ်စာရင်းများဖြစ်သည့် KBZ Bank Account No: 00630299906101102၊ CB Bank Account No: 2023600500020966 နှင့် AYA Bank Account No: 0017202010038743 များသို့လည်းကောင်း ထည့်ဝင်လှူဒါန်းနိုင်ကြောင်းအပြင် ဖုန်း 09442624461 ကိုလည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်ဖြင့် တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )၊ တာလေမှ ကိုစိုင်းခမ်းရှဲန်၊ Kyaing Tong Mountain Bike Group မှ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးချူးစိန်၊ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့ စုစုပေါင်း (၇)ဦးသည် ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အနေဖြင့် ကချင်ပြည်နယ် ပူတာအိုအထိ ရက်ပေါင်း (၂၀)ကျော်အကြာ  စီးနင်းနေကြခြင်း ဖြစ်သည်။



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ရပ်ရွာအခြပြေု မူးယစ်ဆေးဖြတ်နှင့် ပြန်လည် ထူထောင်ရေးစခန်း ရန်ပုံငွေရှာဖွေရေး တာချီလိတ် - ပူတာအို စက်ဘီးစီးခရီးစဉ်၏ (၇)ရက်မြောက်နေ့ဖြစ်သည့် ဇန်နဝါရီလ (၂၆)ရက်နေ့တွင် လားရှိုးမြို့နယ် နမ့်ပေါင်ရွာတွင် ရောက်ရှိ ရပ်နားပြီးဇန်နဝါရီလ (၂၇)ရက်နေ့ နံနက်(၈)နာရီခွဲတွင် လားရှိုးမြို့သို့ ဆက်လက်ထွက်ခွာပြီဖြစ်ကြောင်း သိရသည်။

စက်ဘီးစီးအဖွဲ့ ဖြတ်သန်းရာ မြို့နှင့်ကျေးရွာများမှ ရန်ပုံငွေထည့်ဝင်လှူဒါန်းလိုသူများက ချိတ်ဆက် လှူဒါန်းမှုများ ရှိခဲ့ပြီး လွိုင်လင်ခရိုင် နှင့် လားရှိုးခရိုင်အတွင်း ဖြတ်သန်းချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်အုပ်ချုပ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာများ၏ ချိတ်ဆက်ကူညီပေးမှုကြောင့် ရန်ပုံငွေထည့်ဝင်လှူဒါန်းသူနှင့် ကြိုဆိုသူများပြားခဲ့ကြောင်း သိရသည်။

တာချီလိတ် - ပူတာအို စက်ဘီးစီးခရီး၏ (၈)ရက်မြောက်နေ့ ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်ပိုင်း အချိန်အထိ စုစုပေါင်း ရန်ပုံငွေ ( ၅၂ )သိန်းကျော် ရရှိထားပြီဖြစ်ကြောင်း သိရပြီး ဆက်လက် စီးနင်းမည့် ခရီးစဉ်တစ်လျှောက်တွင် စက်ဘီးစီးအဖွဲ့ထံ ရန်ပုံငွေ တိုက်ရိုက်ပေးနိုင်သည့်အပြင် ဒေသအသီးသီးမှ ရန်ပုံငွေထည့်ဝင် လိုသူများ အနဖြေင့် ရန်ပုံငွေဘဏ်စာရင်းများဖြစ်သည့် ရဇြ ညြေု ဗခခသကညအ င်္သြ ဝဝ၆၃၀၂၉၉၉၀၆၁၀၁၁၀၂၊ ဃြ ညြေု ဗခခသကညအ င်္သြ ၂၀၂၃၆၀၀၅၀၀၀၂၀၉၆၆ နှင့် ဗဗြ ညြေု ဗခခသကညအ င်္သြ ဝဝ၁၇၂၀၂၀၁၀၀၃၈၇၄၃ များသို့လည်းကောင်း ထည့်ဝင်လှူဒါန်းနိုင်ကြောင်းအပြင် ဖုန်း ဝ၉၄၄၂၆၂၄၄၆၁ ကိုလည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်ဖြင့် တာချီလိတ်မြို့မှ ကိုနေဇာ( ဥညူပ ငြုနမ )၊ တာလေမှ ကိုစိုင်းခမ်းရှဲန်၊ ရပငေညာွသညာ သြကညအငေည ငြုနွမသကစ မှ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးချူးစိန်၊ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့ စုစုပေါင်း (၇)ဦးသည် ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အနဖြေင့် ကချင်ပြည်နယ် ပူတာအိုအထိ ရက်ပေါင်း (၂၀)ကျော်အကြာ စီးနင်းနကြခြေင်း ဖြစ်သည်။

၎င်းတို့၏ ခရီးစဉ်တစ်လျှောက်တွင် ကုန်ကျမှုများအားလုံးကို လုပ်ငန်းရှင်များက ပံ့ပိုးကူညီပေးထားသည့် အတွက် လမ်းတစ်လျှောက်တွင် ပါဝင်လှူဒါန်းလာမည့် အလှူငွေများ အားလုံးကို အဆိုပါ ဆေးဖြတ်စခန်း အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~