တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အတြင္းရွိ ပါလွ်ံ(၃)မွ ေနအိမ္အငွားတြင္ မီးေလာင္မႈ ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလ(၂၉)ရက္ေန႔ နံနက္ပိုင္းက ျဖစ္ပြားရာ လွ်ပ္စစ္မီး ၀ါယာေရွာ့ေၾကာင့္ မီးေလာင္မႈ ျဖစ္ပြားရျခင္း ျဖစ္ေၾကာင္း မီးသတ္ဦးစီးဌာနမွ သိရသည္။
တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ ပါလွ်ံ(၃)အတြင္းရွိ ေနအိမ္အငွားတြင္ နံနက္(၁၀း၄၇)နာရီ၀န္းက်င္ အခ်ိန္က မီးေလာင္မႈ ျဖစ္ပြားရာ (၁၀း၅၂)နာရီ၀န္းက်င္တြင္ မီးလံုး၀ၿငိမ္းသြားခဲ့ေၾကာင္း ႏွင့္ မီးေလာင္မႈေၾကာင့္ တစ္စံုတစ္ရာ ထိခိုက္ဒဏ္ရာ ရရွိမႈ မရွိေသာ္လည္း ပလပ္စတစ္ပစၥည္းမ်ား ႏွင့္ ပန္ကာတစ္လံုး မီးေလာင္ ဆံုးရႈံးသြားေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈႏွင့္ ပတ္သက္၍ ေနအိမ္ငွားတြင္ ေနထိုင္သူ ျမျမေထြးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၃၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅ ျဖင့္ ဥပေဒအေရ အေရးယူေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။
မီးေလာင္မႈ ျဖစ္ပြားရျခင္းႏွင့္ ပတ္သက္၍ အဆိုပါ ေနအိမ္ရွိ လွ်ပ္စစ္၀ါယာႀကိဳးအဆက္မွ ၀ါယာ(၂)ပင္ ပူးၿပီးေရွာ့ျဖစ္ကာ အနီးရွိ ပလစ္တစ္ပစၥည္းမ်ားသို႔ မီးကူးစက္ကာ ေလာင္ကြ်မ္းသြားျခင္း ျဖစ္ေၾကာင္းကို စစ္ေဆးေတြ႕ရွိရေၾကာင္း သိရသည္။
မီးေလာင္ကြ်မ္းသည့္ ေနရာသို႔ တာခ်ီလိတ္ခရိုင္မီးသတ္ဦးစီးဌာနမွ ဦးစီးမွဴး ဦးထြန္းႏုိင္ဦး၊ ၿမိဳ႕နယ္ မီးသတ္ဦးစီးဌာနမွ ဦးစီးအရာရွိ ဦးေအာင္ေဇာ္လင္း ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္အရန္မီးသတ္တပ္ရင္းမွ ဒုတပ္ရင္းမွဴး ရဲနႏၵာလင္း အပါအ၀င္ သေႏၶႏွင့္အရန္မီးသတ္တပ္ဖြဲ႔၀င္မ်ား၊ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ တာ၀န္သိ ျပည္သူမ်ားေရာက္ရွိကာ အခ်ိန္မီ စုေပါင္း၍ ၿငိမ္းသတ္ခဲ့ၾကေၾကာင္း သိရသည္။
ဓါတ္ပံု - ယာေဆး
တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ပါလျှံ(၃)အတွင်းရှိ နေအိမ်အငှါးတွင် နံနက်(၁၀း၄၇)နာရီဝန်းကျင် အချိန်က မီးလောင်မှု ဖြစ်ပွားရာ (၁၀း၅၂)နာရီဝန်းကျင်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း နှင့် မီးလောင်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း ပလပ်စတစ်ပစ္စည်းများ နှင့် ပန်ကာတစ်လုံး မီးလောင် ဆုံးရှုံးသွားကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ နေအိမ်ငှါးတွင် နေထိုင်သူ မြမြထွေးအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် ဥပဒေအရေ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
မီးလောင်မှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ အဆိုပါ နေအိမ်ရှိ လျှပ်စစ်ဝါယာကြိုးအဆက်မှ ဝါယာ(၂)ပင် ပူးပြီးရှော့ဖြစ်ကာ အနီးရှိ ပလစ်တစ်ပစ္စည်းများသို့ မီးကူးစက်ကာ လောင်ကျွမ်းသွားခြင်း ဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
မီးလောင်ကျွမ်းသည့် နေရာသို့ တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းနိုင်ဦး၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်း နှင့် တာချီလိတ်မြို့နယ်အရန်မီးသတ်တပ်ရင်းမှ ဒုတပ်ရင်းမှူး ရဲနန္ဒါလင်း အပါအဝင် သန္ဓနှေင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်သိ ပြည်သူများရောက်ရှိကာ အချိန်မီ စုပေါင်း၍ ငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ - ယာဆေး